feature-image

‘ကက်ပါ’ ရဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးကျဆင်းမှာကို စိုးရိမ်နေတဲ့ ချယ်လ်ဆီးအသင်း

ယခုဆောင်းရာသီ နားရက်မတိုင်မီ လက်စ်တာအသင်းနှင့် ယှဉ်ပြိုင်ခဲ့သော ပရီးမီးယားလိဂ် ပွဲစဉ်တွင် နည်းပြ ဖရန့် လမ်းပတ် မှာ ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ အား ပွဲထွက်လူစာရင်းမှ ချန်လှပ်ခဲ့သည်..။ သို့သော်ဂိုးသမား ကက်ပါ အနေဖြင့် ယခုကဲ့သို့ အရေးကြီးသည့် ပွဲစဉ်များတွင် ပါဝင်ခွင့် မရရှိတော့မည်ဆိုပါက သူ၏ပြောင်းရွှေ့ကြေးတန်ဖိုး ကျဆင်းသွားမည်ကို ချယ်လ်ဆီးအသင်း ဘုတ်အဖွဲ့က စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့သည်ဟု Daily Mail သတင်းဌာနက ဖော်ပြခဲ့သည်..။ ထို့ကြောင့် နည်းပြ ဖရန့် လမ်းပတ် အနေဖြင့် သူ၏မူလဆုံးဖြတ်ချက်အတိုင်း ရှေ့ဆက်မည်ဆိုပါက အသင်းဘုတ်အဖွဲ့နှင့် ထိပ်တိုက်တွေ့နိုင်ဖွယ်ရှိနေကြောင်း အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်..။

စပိန်လက်ရွေးစင် ဂိုးသမားတစ်ဦးလည်းဖြစ်သူ ကက်ပါ အရီဇာဘာလာဂါ မှာ ၂၀၁၈ ခုနှစ်တွင် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၇၂) သန်းဖြင့် ရောက်ရှိလာခဲ့ပြီး အကယ်၍ ကက်ပါ မှာ အသင်းတွင် ပထမဂိုးသမားနေရာကို ဆုံးရှုံးခဲ့ပါက အသင်း၏ဘဏ္ဍာရေးပိုင်းအပေါ် ဆိုးဆိုးရွားရွား ထိခိုက်ဖွယ်ရာ ရှိနေသည်ဟု ဖရန့် လမ်းပတ် အား ပြောကြားခဲ့ကြောင်း သိရသည်..။ ထို့အပြင် ဖရန့် လမ်းပတ် ကလည်း လာမည့်နွေရာသီတွင် ဂိုးသမားအသစ် တစ်ဦးရှာဖွေပေးရန် တောင်းဆိုမှု ပြုလုပ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်..။

သို့သော်ချယ်လ်ဆီးအသင်း ဘုတ်အဖွဲ့အနေဖြင့် ကက်ပါ ၏ ပြောင်းရွှေ့ကြေးတန်ဖိုး ဆိုးဆိုးရွားရွား ကျဆင်းသွားမည်ဆိုပါက ဂိုးသမား ကက်ပါ အား ရောင်းချနိုင်ဖွယ်မရှိကြောင်း ဘောလုံးကျွမ်းကျင်သူများက သုံးသပ်နေကြသည်..။