feature-image

အပြောင်းအရွှေ့မှာ အမြတ်အစွန်းအများဆုံးထွက်ခဲ့တဲ့ ‘ချယ်လ်ဆီး’

ပြီးခဲ့သည့်အပြောင်းအရွှေ့ရာသီနှစ်ခုအတွင်း ကမ္ဘာ့ဘောလုံးရှိ အသင်းများ၏ ကစားသမားများ၏ အပြောင်းအရွှေ့ လှုပ်ရှားမှုများအပေါ် တွက်ချက်မှုများအရ ချယ်လ်ဆီးအသင်းမှာ အမြတ်အစွန်းအများဆုံးရရှိခဲ့သည့် အသင်းဖြစ်ခဲ့ကြောင်း သိရသည်..။

လူငယ်ကစားသမား အပြောင်းအရွှေ့များနှင့် ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ပြစ်ဒဏ်ကြောင့် ချယ်လ်ဆီးအသင်းမှာ ၂၀၁၉/ ၂၀၂၀ ဘောလုံးရာသီ နွေရာသီအပြောင်းအရွှေ့ ဈေးကွက်အတွင်း ကစားသမားသစ် ခေါ်ယူခွင့်မရရှိခဲ့ပေ..။ ထို့ကြောင့် အီဒင် ဟာဇက် အား ရောင်းချခဲ့ခြင်း အပါအဝင် ကစားသမားများ ရောင်းချခြင်းမှ ယူရို (၂၀၅) သန်း ရရှိခဲ့သော်လည်း မတ်တီယို ကိုဗာဆစ် အား ရီးရဲလ် မက်ဒရစ်အသင်းမှ ခေါ်ယူခဲ့ရာတွင် ယူရို (၄၅) သန်းသာ ကုန်ကျခဲ့သည်..။

CIES ဘောလုံးလေ့လာရေးအဖွဲ့၏ ယနေ့ထုတ်ပြန်သည့် အချက်အလက်များအရ ရီးရဲလ် မက်ဒရစ်အသင်းမှာ ချယ်လ်ဆီးအသင်းမှ ဘယ်လ်ဂျီယမ် ကွင်းလယ်ဖန်တီးရှင် အီဒင် ဟာဇက် အား ယူရိုသန်း (၁၀၀) ဖြင့် ဝယ်ယူခဲ့မှု အပါအဝင် ကစားသမား အပြောင်းအရွှေ့များမှ စုစုပေါင်း ယူရို (၁၈၁) သန်း အနှုတ်ပြခဲ့ပြီး ကမ္ဘာ့ဘောလုံးလောက၏ အပြောင်းအရွှေ့ ဈေးကွက်တွင် အရှုံးအပြဆုံးအသင်း ဖြစ်ခဲ့သည်..။



ယခုနှစ်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရခဲ့သည့် အက်စ်တွန် ဗီလာအသင်းမှာ ကစားသမားများ ဝယ်ယူခြင်းအတွက် ယူရို (၁၇၂) သန်း ကုန်ကျခဲ့သော်လည်း ကစားသမား ရောင်းချခြင်းမှ ယူရို (၃) သန်းသာ ပြန်လည်ရရှိခဲ့သောကြောင့် ယူရို (၁၆၉) သန်း အရှုံးပေါ်ခဲ့ပြီး ရီးရဲလ် မက်ဒရစ်အသင်းနောက် ဒုတိယနေရာ ရရှိခဲ့သည်..။

ပရီးမီးယားလိဂ် အသင်းများမှာ ယခုနှစ်ဘောလုံးရာသီ၏ အပြောင်းအရွှေ့ ဘောလုံးရာသီနှစ်ခုအတွင်း ယူရို (၈၄၄) သန်း အရှုံးပြခဲ့ပြီး ပြင်သစ်လီဂူး (၁) ပြိုင်ပွဲဝင် အသင်းများမှာ ယူရို (၁၀၆) သန်း အမြတ်အစွန်း ရရှိခဲ့သည်..။

ချယ်လ်ဆီးအသင်းမှာ ၂၀၁၉ ခုနှစ်၊ ဇွန်လကုန်အထိ တရားဝင်ထုတ်ပြန်ခဲ့သော ဘဏ္ဍာရေး ရှင်းတမ်းအရ စတာလင်ပေါင် (၉၆) သန်း အရှုံးပေါ်ခဲ့သော်လည်း ယခုထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများကြောင့် လာမည့်နှစ် ဘဏ္ဍာရေး ရှင်းတမ်းတွင် အကျိုးအမြတ်ရရှိဖွယ်ရှိနေသည်ဟု အဆိုပါသုံးသပ်ချက်စာတမ်းတွင် ဖော်ပြခဲ့သည်..။

လူငယ်ကစားသမား ဂျာအို ဖဲလစ်စ် အား အက်တလက်တီကို မက်ဒရစ်အသင်းသို့ ယူရို (၁၁၅) သန်းဖြင့် ရောင်းချခဲ့သော ဘင်ဖီကာအသင်းမှာ ကစားသမား အပြောင်းအရွှေ့မှ အမြတ်ငွေ ယူရို (၁၆၆) သန်း ရရှိခဲ့ပြီး ဒုတိယမြောက် အမြတ်အစွန်းအများဆုံး ရရှိသည့်အသင်း ဖြစ်ခဲ့သည်..။ မက်သီးယက်စ် ဒီလစ် နှင့် ဖရန်ကီ ဒီဂျောင် တို့အား ရောင်းချမှုများကြောင့် အိုင်းယက်စ်အသင်းမှာ အမြတ်ငွေ ယူရို (၁၃၇) သန်းဖြင့် တတိယ ရရှိခဲ့သည်..။

CIES ဘောလုံးလေ့လာရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သော ကစားသမားများ အပြောင်းအရွှေ့မှ အမြတ်အစွန်းအများဆုံး ရရှိသည့်အသင်းများနှင့် အရှုံးအများဆုံး အသင်းများ၏ စာရင်းကို တင်ဆက်ပေးလိုက်ရပါသည်..။

CIES ဘောလုံးလေ့လာရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သော ကစားသမားများ အပြောင်းအရွှေ့မှ အမြတ်အစွန်းအများဆုံး ရရှိသည့်အသင်းများ

CIES ဘောလုံးလေ့လာရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သော ကစားသမားများ အပြောင်းအရွှေ့မှ အရှုံးအများဆုံး အသင်းများ