တနင်္ဂနွေနေ့က စတန်းဖို့ဒ် ဘရစ်ချ် ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် အဲဗာတန်အသင်းတို့ ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်အပေါ် အင်္ဂလန်အသင်း ဂန္တဝင်တိုက်စစ်မှူးဟောင်း အလန် ရှီးယားရား နှင့် တော့တင်ဟမ် ကွင်းလယ်ကစားသမားဟောင်း ဂျာမိန်း ဂျီးနပ်စ် တို့က BBC ရုပ်သံဌာနမှ တင်ဆက်သော ‘Match of the Day’ အစီအစဉ်မှတဆင့် ယခုလို သုံးသပ်သွားခဲ့ကြသည်..။
မာ့ခ် ချပ်မန်း - ဒီနေ့ပွဲအပြီးမှာအားလုံးက အသက် (၁၈) နှစ်သားလေး ဘီလီ ဂေးလ်မား ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက်ခြေစွမ်းအပေါ် အားလုံးကဝိုင်းပြီး ချီးကျူးနေခဲ့ကြပါတယ်..။ တကယ်တော့ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်က မေဆန် မောင့်၊ ရော့စ် ဘာကလေ နဲ့ ဘီလီ ဂေးလ်မား တို့ သုံးယောက်စလုံးဟာ တွဲဖက်ညီညီနဲ့ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်..၊ မဟုတ်ဘူးလားဗျ.. ဂျာမိန်း ရေ..
ဂျာမိန်း ဂျီးနပ်စ် - ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းက မောင့်၊ ဘာကလေ၊ ဂေးလ်မား တို့ သုံးယောက်စလုံးရဲ့ ခြေစွမ်းဟာ အရမ်းကိုကောင်းမွန်ခဲ့ပါတယ်..။ ခင်ဗျားတို့က ဂေးလ်မော ကို ဦးစားပေး ချီးကျူးနေကြပေမယ့် မောင့်၊ ဘာကလေ တို့ကလည်း အခုအပေါ်က ပုံ (ပုံ - ၁) မှာ ပြထားတဲ့အတိုင်း ကွင်းလယ်မှာ သူနဲ့တွဲဖက်ပြီး တြိဂံပုံနေရာယူ ရွှေ့လျား (triangle movement) ကစားခဲ့ပါတယ်..။ ဒီလိုတြိဂံပုံ နေရာယူခြင်းအားဖြင့် တြိဂံရဲ့ ထိပ်မှာရှိနေတဲ့ မောင့်၊ ဘာကလေ တို့ဟာ အဲဗာတန်အသင်းရဲ့ ကွင်းလယ်နဲ့နောက်တန်းကြားက နေရာလွတ်တွေကို အသုံးချသွားနိုင်ခဲ့တာကို တွေ့ရမှာပါ.(ပုံ - ၂)။ အဲဒီပုံမှာဆိုရင် တြိဂံရဲ့အခြေမှာရှိနေတဲ့ ဂေးလ်မား က လွတ်နေတဲ့ မေဆန် ကို ပေးတယ်..၊ မေဆန် မောင့်က ပီဒရို နဲ့ တွဲကစားပြီး ဂိုးဧရိယာထိပ်မှာ အသင့်နေရာယူ စောင့်နေခဲ့ပါတယ်..။ ဒါ့အပြင် အနီးမှာရှိတဲ့ နောက်ခံလူကိုကာပြီး တစ်ချက်လှည့်ကန်သွင်းလိုက်တာ သိပ်ကိုကောင်းမွန်သေသပ်ပါတယ်..။
ပီဒရို သွင်းယူခဲ့တဲ့ ဒုတိယဂိုးမှာဆိုရင် တြိဂံရဲ့အခြေမှာရှိနေတဲ့ ဂေးလ်မား ကနေ အဲဗာတန်ကစားသမားနှစ်ယောက်ရဲ့ ကြားကနေ ဘောလုံးကို လက်ခံယူတယ် (ပုံ - ၃)..။ ဘီလီ ရဲ့အားသာချက်ကို ပြောရမယ်ဆိုရင် သူဟာနောက်ပြန်ပေး၊ ဘေးတိုက်ပေးတာကို အားမသန်ပဲ ရှေ့ကိုထိရောက်တဲ့ ပေးပို့မှုတွေ ဘယ်လိုပြုလုပ်နိုင်မလဲ အမြဲတမ်းတွေးနေတယ်..၊ အကွက်မြင်ပြီး ဆုံးဖြတ်ချက် မြန်ဆန်ပါတယ်..။
အဲဒီအချိန်မှာ ဂျီရူးဒ် က အောက်ကပုံ (ပုံ - ၄) ပြထားတဲ့အတိုင်း မေဆန် နဲ့ ရော့စ် တို့ triangle ကြားကို ဝင်လာပြီး ဘောလုံးလက်ခံယူတယ်.၊ ရော့စ် နဲ့ ချက်ချင်းပြန်တွဲခဲ့ပါတယ်..။ တကယ်တော့ အထောင်တိုက်စစ်မှူးစစ်စစ် တစ်ယောက်ဖြစ်တဲ့ ဂျီရူးဒ် ဟာ အဲဒီလိုသူ့ဆီကို ဘောလုံးပေးပို့မှုတွေ များများပြုလုပ်နိုင်တဲ့ ကစားသမားမျိုး လိုအပ်နေတာပါ..။ ရော့စ် ကနေတဆင့် အသင့်နေရာယူထားတဲ့ ပီဒရို ရဲ့ ပြေးလမ်းကြောင်းထဲကို လှလှပပ ဖန်တီးပေးနိုင်ခဲ့ပါတယ်..။
ဒါ့အပြင်ကွင်းလယ်ခံစစ်မှာ နေရာယူရာမှာလည်း သူတို့ဟာ triangle ပုံစံပဲ နေရာယူတယ်.၊ ဘောလုံးလမ်းကြောင်း ဖျက်တောက်ပါတယ်..။ ပြီးတာနြ့ ကိုယ့်ရဲ့ခြေထဲပြန်ရလာတဲ့ ဘောလုံးတွေကို တစ်ချက်ထိ ပေးပို့မှုတွေနဲ့ တန်ပြန်တိုက်စစ်ကို ချက်ချင်းစတင်နိုင်ခဲ့ပါတယ်..(ပုံ - ၅).။ အဲဒီလို ခံစစ်ကနေ တိုက်စစ်ကို ပြောင်းလဲတဲ့ (transition) တွေ အရမ်းမြန်ဆန်တာကြောင့် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ပီဒရို၊ ဝီလီယံ တို့ဟာ လွတ်လွတ်လပ်လပ် ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေ..၊ ဂိုးဖန်တီးမှုတွေ အများကြီးပြုလုပ်နိုင်ခဲ့ပါတယ်..။ တကယ်ဆိုရင် ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းဟာ ငါးဂိုး၊ ခြောက်ဂိုးလောက်တောင် ရခဲ့သင့်ပါတယ်..။
နောက်ပြီးဒီနေ့ပွဲမှာ အထူးအလေးပေး ချီးကျူးလိုတဲ့ ကစားသမားတစ်ယောက်က ‘ရော့စ် ဘာကလေ’ ပါပဲ..။ အရင်လတွေအထိ သူဟာအရမ်းကို အဝေဖန်ခံနေရတဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ FA ဖလားပွဲစဉ်ကနေ ပြန်လည်ပြီး ရတဲ့အခွင့်အရေးကို အကောင်းဆုံး အသုံးချ၊ ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။ အခုဒီနေ့ပွဲစဉ်မှာလည်း အဲဒီခြေစွမ်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်..။ မန်နေဂျာက သူ့ရဲ့နောက်ကနေ အမြဲတမ်း ထောက်ခံပေးခဲ့ပါတယ်..။ ဒီနေ့ပွဲမှာဆိုရင် သူဘောလုံးထိတိုင်း ‘Boo..!!’ ဆိုပြီး ဝိုင်းဝန်းလှောင်ပြောင်နေကြပေမယ့် ဝါရင့်ကစားသမားတစ်ယောက်လို တည်တည်ငြိမ်ငြိမ်နဲ့ ကစားသွားနိုင်ခဲ့ပါတယ်..။
မာ့ခ် ချပ်မန်း - အင်းဗျ.. ကစားသမားတစ်ယောက်ဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီဆိုရင် မန်နေဂျာရဲ့ ထောက်ခံမှုနဲ့ ယုံကြည်မှုရဖို့ အင်မတန်မှ အရေးကြီးပါတယ်..။ ဒီနေ့မှာဆိုရင် ဘီလီ ဂေးလ်မား ကလည်း မန်နေဂျာရဲ့ ယုံကြည်မှု၊ ထောက်ခံအားပေးမှုတွေဟာ သူတို့တွေအတွက် ကိုယ့်ကိုယ်ကိုယုံကြည်မှု ရရှိဖို့ အများကြီးအထောက်အကူ ဖြစ်စေတဲ့အကြောင်း ပြောခဲ့ပါသေးတယ်..။ အထူးသဖြင့်အသင်းရဲ့ အဓိကကစားသမား အတော်များများ ဒဏ်ရာပြသနာ ကြုံတွေ့နေခဲ့ရတာကြောင့် သူတို့တွေအတွက် အခွင့်အရေး ရလာခဲ့တယ်..၊ အဲဒီရရှိလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ရမယ်ဆိုတာ သူတို့တွေ အပြည့်အ၀ နားလည်ထားကြပါတယ်..။
ဂျာမိန်း ဂျီးနပ်စ် - လူငယ်ကစားသမားတွေ..၊ အပယ်ခံကစားသမားတွေဟာ အခွင့်အရေးရလာတိုင်း အဲဒီအခွင့်အရေးကို အပြည့်အ၀ အသုံးချနိုင်ပြီး အသင်းအတွက် အကောင်းဆုံးပေးဆပ်နိုင်ခဲ့ကြတာဟာ ဖရန့် လမ်းပတ် ရဲ့ အားသာချက်တစ်ခုပါပဲ..။ အထူးသဖြင့် ဒီနှစ်မှာ လူငယ်အကယ်ဒမီ ကစားသမားအများအပြား နေရာရလာတယ်..၊ ထိုက်တန်တဲ့ခြေစွမ်း ပြသနိုင်နေကြတယ် ဆိုတဲ့ နောက်ကွယ်မှာရှိနေတဲ့ လက်ထောက်နည်းပြ ဂျိုဒီ မောရစ်စ် ရဲ့ အခန်းကဏ္ဍကလည်း သိပ်ကိုအရေးပါခဲ့ပါတယ်..။ သူဟာချယ်လ်ဆီးလူငယ် အကယ်ဒမီ ပြုစုပျိုးထောင်ရေး စီမံကိန်းတစ်ခုလုံးမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့သလို လူငယ်သက်တမ်းအလိုက် ပြိုင်ပွဲတွေမှာ အောင်မြင်မှု၊ ဆုဖလားများစွာ ဆွတ်ခူးနိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်..။
ဒ့ါကြောင့်ဘယ်သူတွေက အနာဂတ်မှာ အလားအလာကောင်းတွေရှိတယ်ဆိုတာကို သူတို့နည်းပြအဖွဲ့က ကောင်းကောင်းသိထားတာပေါ့ဗျာ..။ ဘီလီ ဂေးလ်မား ဆိုရင် သူတို့လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာတဲ့ တကယ့်အဖိုးတန် ရတနာတစ်ပါးလို့တောင် ပြောလို့ရပါပြီ..။ တကယ်လို့ အခုလိုလူငယ်တွေသာ အသင့်ဝင် နေရာမယူနိုင်ဘူးဆိုရင် သူတို့အသင်းရဲ့အနေအထားဟာ ဘယ်လိုတောင် ဖြစ်နေမလဲ… စဉ်းစားကြည့်ပါလား..
အလန် ရှီးယားရား - သူတို့အသင်းဟာ မကြုံစဖူးတဲ့ ဒဏ်ရာပြသနာရရှိနေပေမယ့် အဲဒီအခက်အခဲအပေါ် ငြီးတွားနေမှာ မဟုတ်ဘူးလို့ ဒီနေ့ပွဲမတိုင်ခင် ဖရန့် က ပြောခဲ့ပါတယ်..။ လောလောဆယ်သူတို့အသင်းမှာ ဒဏ်ရာရနေတဲ့ ကစားသမားစာရင်းကို ကြည့်လိုက်မယ်ဆိုရင် ပူလီဆစ်၊ အေဘရာဟမ်၊ လော့ဖပ်တပ်စ် ချိခ်၊ ဟတ်ဒ်ဆန်၊ အိုဒွိုင်း၊ ကန်တေး..၊ ကိုဗာဆစ်… ခရစ်စ်တီယန်ဆန်… အများကြီးပဲဗျ..။ ကောင်းတဲ့အချက်က အဲဒီအလို အခက်အခဲတွေ့ချိန်မှာ ဖရန့် ဟာ လူငယ်တွေကို ရဲရဲဝံ့ဝံ့ထည့်ပြီး ကစားဖို့ နောက်တွန့်မနေခဲ့ဘူးဗျ..။ လူငယ်တွေကလည်း ထိုက်တန်တဲ့တုံ့ပြန်မှု ပြန်လည်ပြသနိုင်ခဲ့တဲ့အတွက် သူ့ရဲ့ဆုံးဖြတ်ချက် မှန်ကန်ခဲ့တယ်လို့ ပြောရမှာပါ..။ မေဆန် မောင့် ဆိုရင် ဒီနေ့မှာတကယ့်ကို အကောင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့ပါတယ်..။
မာ့ခ် ချပ်မန်း - ခင်ဗျားတို့ pundits တွေက လူငယ်တွေကိုပဲ ချီးမွမ်းနေကြတော့တာပဲ..။ အခုလိုလူငယ်လေးတွေ အကောင်းဆုံးခြေစွမ်းပြနိုင်အောင် ဦးဆောင်၊ ဝန်းရံပေးခဲ့တဲ့ ဝါရင့်ကစားသမားကြီးတွေ အကြောင်းလည်း ပြောပါဦးဗျ..။ ဒီနေ့မှာဆိုရင် အိုလီဗီယာ ဂျီရူးဒ် ဟာ အသင်းရဲ့တိုက်စစ်ပိုင်းကို အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့တယ် မဟုတ်ဘူးလားဗျ… အလန် ရေ..
အလန် ရှီးယားရား - ဟုတ်ပါတယ်..။ ဒီနေ့ပွဲမှာ သူဟာအထောင်တိုက်စစ်မှူးတစ်ယောက်အဖြစ် အသင်းကိုအကောင်းဆုံး ဦးဆောင်သွားနိုင်ခဲ့ပါတယ်..။ ဒါ့အပြင်အဲဗာတန်အသင်း ဗဟိုခံစစ်မှူးတွေဖြစ်တဲ့ ဟိုးလ်ဂိတ် နဲ့ မိုက်ကယ် ကိန်း တို့ဟာ သူ့ရဲ့လှုပ်ရှားမှုတွေကို ထိထိရောက်ရောက် မတားဆီးနိုင်ခဲ့ပါဘူး..။ အထူးသဖြင့် တစ်ပွဲလုံးလိုလို သူ့ရဲ့နောက်က လေးကိုက်၊ ငါးကိုက်အကွာလောက်မှာပဲ အမြဲရှိနေခဲ့တာဆိုတော့ (ပုံ - ၆) ဂျီရူးဒ် ဟာ စိတ်ကြိုက်လှုပ်ရှားနိုင်ခဲ့သလို တောင်ပံကစားသမားတွေဖြစ်တဲ့ ဝီလီယံ၊ ပီဒရို...၊ ကွင်းလယ်က မေဆန် မောင့်၊ ဘာကလေ တို့နဲ့ တွဲလုံးတွေ အကောင်းဆုံးဖန်တီးနိုင်ခဲ့ပါတယ်..။
ဒါ့အပြင်ဂျီရူးဒ် ဟာ နောက်တန်းနဲ့ဂိုးသမားဆီက ပေးပို့တဲ့အမြင့်ဘောတွေကို ထိန်းသိမ်း၊ ဖြန့်ဝေရာမှာလည်း အဲဗာတန် နောက်ခံလူနှစ်ယောက်စလုံးထက် အများကြီးကျွမ်းကျင်ပိုင်နိုင်တယ်..၊ ပိုပြီးသန်မာခဲ့ပါတယ်..။ ဒါပေမယ့် အဲဗာတန်အသင်းဟာ ဒုတိယပိုင်းမှာလည်း နည်းစနစ်အပြောင်းအလဲ မလုပ်ခဲ့ပဲ ဂျီရူးဒ် တစ်ယောက် သူတို့ရဲ့ခံစစ်မှူးတွေကို မနားတမ်းဒုက္ခပေးနေတာကို ဒီအတိုင်းထိုင်ကြည့်နေခဲ့ပါတယ်..။ ဒါ့ကြောင့်ပွဲချိန် (၅၄) မိနစ်မှာတော့ ပြင်သစ်တိုက်စစ်မှူးဟာ သူနဲ့ထိုက်တန်တဲ့ သွင်းဂိုးကို ရရှိတော့တာပေါ့ဗျာ..။ ဝီလီယံ ရဲ့ ဖြတ်တင်ဘော ဂိုးရှေ့ကို ကျလာချိန်မှာ ဟိုးလ်ဂိတ် က သူ့ကိုဆွဲထား၊ တားဆီးနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဂျီရူးဒ် ဟာ အရမ်းကိုသန်မာလွန်းနေခဲ့ပါတယ်..။ အဲဒီဂိုးနောက်ပိုင်းကျမှ အဲဗာတန်အသင်း နောက်တန်းလူတွေဟာ သူ့ကိုဘောလုံးကိုင်ခွင့်မရအောင် ခပ်ကြမ်းကြမ်းဖျက်ထုတ်ရမယ်ဆိုတာ သတိရကြတော့တယ်ဗျ..
မာ့ခ် ချပ်မန်း - အင်းဗျ..။ ခင်ဗျားပြောမှပဲ.. ဒီနေ့ပွဲမှာ အဲဗာတန်အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ကြိုးစားအားထုတ်မှုဟာ လွန်ခဲ့တဲ့အပါတ်တွေမှာ ခြေစွမ်းကောင်း၊ ရလဒ်ကောင်းတွေ ရရှိခဲ့တဲ့ အဲဗာတန်အသင်းနဲ့ လုံးဝကို ကွဲပြား၊ ခြားနားနေသလိုပဲဗျ..။ ဥပမာ- ဒီနေ့မှာ ဂျီရူးဒ် ကြောင့် တစ်ချိန်လုံးပျားတုတ်နေတဲ့ မေဆန် ဟိုးလ်ဂိတ် ဆိုရင် အရင်ပွဲတွေမှာ တောက်လျှောက်ခြေစွမ်းပြနေခဲ့တာပဲ…
အလန် ရှီးယားရား - ဒီနေ့ပွဲမှာ သူတင်မကပါဘူး..၊ အဲဗာတန်တစ်သင်းလုံးရဲ့ ကစားပုံဟာ အားသွန်ခွန်စိုက်မရှိဘူး..၊ ကြိုးစားအားထုတ်မှု လုံးဝမရှိခဲ့ပါဘူး..။ အဲဒီအတွက် အံ့သြမိပါတယ်..။ ဒါ့အပြင်အသင်းလိုက် စုစည်းမှုမရှိပဲ ကစဉ့်ကလျား ဖြစ်နေခဲ့ပါတယ်..။ ဒါ့အပြင် ချယ်လ်ဆီးအသင်းက ကွင်းလယ်ကို စီးမိုးထားလိုက်တာကို လုံးဝပြန်မလှန်နိုင်ခဲ့ပါဘူး..။
ဒီနေ့ပွဲမှာ နည်းပြကြီး အန်စလော့တီ ဟာ ၄- ၄- ၂ ကစားကွက်နဲ့ ပွဲထွက်ခဲ့ပါတယ်..။ ဒါ့ကြောင့်သူ့ရဲ့ကွင်းလယ် ကစားသမားနှစ်ယောက်ဖြစ်တဲ့ တွမ် ဒေးဗစ်စ် နဲ့ အင်ဒရေ ဂိုးမက်စ် တို့နှစ်ယောက်ဟာ ချယ်လ်ဆီးရဲ့ ကွင်းလယ်တြိဂံထဲမှာ နှစ်မြုပ်နေခဲ့ပြီး လုံးဝကိုယှဉ်မကစားနိုင်ခဲ့ပါဘူး..။ ဒါ့အပြင်ဂျီရူးဒ် ကလည်း နောက်ကိုဆင်းပြီး ဘောလုံးယူခဲ့တာကြောင့် ကွင်းလယ်အားချင်း တခြားစီ ဖြစ်နေခဲ့ပါတယ်..။ ဒါ့ကြောင့်ဒီနေ့ပွဲမှာ အဲဗာတန်အသင်းမှာ ခြေစွမ်းမပြနိုင်ခဲ့တာဟာ နှစ်ယောက်၊ သုံးယောက်လောက်တင် မဟုတ်ဘူးဗျ..၊ တစ်သင်းလုံးလိုလို ပုံမှန်ခြေစွမ်းထက် ကျဆင်းခဲ့ပါတယ်..။
မာ့ခ် ချပ်မန်း - ဟုတ်ကဲ့ပါ..။ အန်စလော့တီ ဟာ ဒီနေ့ပွဲက သူ့အသင်းရဲ့စွမ်းဆောင်ရည်အပေါ် အရမ်းစိတ်ပျက်မိမှာပါ..။ သူ့အနေနဲ့ ကွင်းလယ်မှာ နှစ်ယောက်တည်းနဲ့အထိုင်ထားတဲ့ ကစားကွက်ကို ပြင်ဆင်သင့်တယ်လို့ ခင်ဗျားယူဆလား..? ဂျမိန်း ရေ..
ဂျာမိန်း ဂျီးနပ်စ် - ကျွန်တော်ကတော့ နည်းစနစ်ပိုင်းထက်စာရင် တစ်ဦးချင်းကြိုးစားအားထုတ်မှုနဲ့ ခြေစွမ်းပိုင်းက ပိုပြီးအဓိကကျလိမ့်မယ်လို့ ထင်ပါတယ်..။ ကွင်းလယ်မှာ 3 vs 2 ဖြစ်နေခဲ့တယ်ဆိုရင်လည်းဗျာ.. တိုက်စစ်မှူးနှစ်ယောက်ဖြစ်တဲ့ ရစ်ချာလီဆန် နဲ့ ကဲလ်ဗတ် လီဗင် တို့ထဲက တစ်ယောက်ယောက်က နောက်ဆင်းပြီး ဂေးလ်မား ကို အနှောက်အယှက်ပေးမယ်..၊ လူကပ်ကစားမယ်ဆိုရင်လည်း ရတာပဲလေ..။ ဒါ့ပေမယ့် သူတို့အဲဒီလို မလုပ်ခဲ့ပါဘူး..။ သူတို့အနေနဲ့ ဒီနေ့ပွဲစဉ်ကို ပြန်လည်သုံးသပ်ပြီး လိုအပ်တဲ့ ပြောင်းလဲမှု၊ ပြင်ဆင်မှုတွေ ပြုလုပ်ရမယ်ထင်ပါတယ်..။ ကျွန်တော်တွေ့ရသလောက် ဒီနေ့ပွဲက သူတို့အသင်းရဲ့ စွမ်းဆောင်ရည်ဟာ ကာလို အန်စလော့တီ လက်ထက် အဆိုးရွားဆုံး စွမ်းဆောင်ရည်လို့ ပြောနိုင်ပါတယ်..။
#FRANK