ချယ်လ်ဆီးအသင်းနည်းပြ ဖရန့် လမ်းပတ် မှာ Covid-19 ရောဂါကြောင့် ပြင်းပြင်းထန် ဝေဒနာခံစားခဲ့ရသော်လည်း ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ခဲ့ရသည့် အမေရိကန် ပြည်ထောင်စုမှ ချယ်လ်ဆီးပရိသတ်တစ်ဦးအား ရောဂါမှသက်သာ ပျောက်ကင်းလာသည့်အတွက် ဝမ်းသားမိကြောင်း အားပေးစကား ပြောကြားခဲ့သည်..။
အမေရိကန် ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ် မာနက်စ်ဆက်စ်မြို့တွင် နေထိုင်သော အသက် (၄၄) နှစ်အရွယ်ရှိ တီတူ ဖိုမာချန် အမည်ရှိအမျိုးသားတစ်ဦးမှာ Covid-19 ရောဂါဖြင့် ဆေးရုံတွင် သုံးပါတ်ကြာ တက်ရောက်၊ ကုသခဲ့ရပြီး ဝေဒနာခံစားနေရစဉ်ကာလအတွင်း သေတွင်းနှင့် အလွန်နီးစပ်ခဲ့သောကြောင့် ဒေသခံ မီဒီယာများက 'သေမင်း နှုတ်ခမ်းမှလူတစ်ဥိး' အဖြစ် ပြန်လည်ကောင်းမွန်လာရန် ရုန်းကန်ကြိုးစား၊ ကုသခဲ့ရသည့်အကြောင်းများကို ဝေေ၀ဆာဆာ ဖော်ပြခဲ့ကြသည်..။ တီတူ မှာ ရက်ပေါင်းများစွာ မေ့မျောခဲ့ရသလို အသက်ရှူစက် အကူအညီဖြင့် ရှင်သန်ခဲ့ရသည်..။
"ကျွန်တော်ပြန်လည်နှိုးထလာတဲ့အချိန်မှာ ဝမ်းနည်းစရာ သတင်းတွေပဲ ကြားနေခဲ့ရပါတယ်..။ ဒီရောဂါကြောင့် လူပေါင်း ငါးထောင်လောက် အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်..။ ဒါပေမယ့် ကျွန်တော်ဟာ ဝေဒနာခံစားနေရတဲ့ အခြားသူတွေအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်လာတဲ့အတွက် ကိုယ့်ကိုယ်ကို ကျေနပ်မိပါတယ်.။"
တီတူး မှာ ဝေဒနာပျောက်ကင်းပြီး ဆေးရုံမှ ပြန်လည်ဆင်းလာချိန်တွင် ချယ်လ်ဆီးအသင်း အင်္ကျီကို ဝတ်ဆင်ပြီး အိမ်သို့ပြန်လာခဲ့သည်..။ ထို့သို့သူ၏အိမ်အပြန်ခရီးအား ဒေသခံ မီဒီယာများက ထုတ်လွှင့်ပေးခဲ့သည်..။
သူတို့မိသားစု အိမ်ပြန်ရောက်ချိန်တွင် ချယ်လ်ဆီးပရီသတ် တီတူး မှာ နည်းပြကြီး ဖရန့် လမ်းတ် ထံမှ ယခုလိုဝေဒနာဆိုးကြီးကို ကြံ့ကြံ့ခံ ကျော်လွှားနိုင်ခဲ့သည့်အတွက် ချီးကျူးမိကြောင်း၊ ထို့အပြင်ချယ်လ်ဆီးအသင်းကို (၃၅) နှစ်တိုင် အားပေးခဲ့မှုကိုလည်း ကျေးဇူးတင်ရှိကြောင်း ပေးပို့လာခဲ့သည့် ဗွီဒီယို မက်ဆေ့ချ် ကို လက်ခံရရှိခဲ့သည်..။ တီတူး နှင့် သမီးသုံးယောက်မှာ အံ့သားသင့်မှု၊ ဝမ်းသာပီတီအပြည့်ဖြင့် မိသားစုတစ်စုလုံး ချယ်လ်ဆီးအင်္ကျီကိုယ်စီ ဝတ်ဆင်ပြီးမှ နားထောင်ခဲ့သည်ဟု ပြန်ပြောပြခဲ့ပါသည်..။
ထို့အပြင် ဖရန့် လမ်းပတ် က တီတူ အား သူ၏မိသားစုနှင့်အတူ စတန်းဖို့ဒ် ဘရစ်ချ်မှ ပွဲစဉ်တစ်ပွဲကို လာရောက်ကြည့်ရှုပါရန် ထပ်မံဖိတ်ကြားခဲ့ရာ တီတူး အနေဖြင့် ချယ်လ်ဆီးအသင်း ဂန္တဝင်ကစားသမားကြီးထံမှ အားပေးစကားကြောင့် ဝမ်းသာပီတီအပြည့်ဖြင့် ဆွံ့အမိနေမိကြောင်း ပြောကြားခဲ့ပါသည်..။
"ကျွန်တော်နဲ့ကျွန်တော်တို့မိသားစုအတွက် ကမ္ဘာတစ်ဝန်းက ပေးပို့လာတဲ့ အခုလိုဝမ်းသာပီတိ အားပေးးစကားတွေအတွက် အထူးကျေးဇူးတင်ရှိပါတယ်..။ ကျွန်တော်ဟာ ကလေးဘဝတည်းက ချယ်လ်ဆီးအသင်းကို တစိုက်မတ်မတ် အားပေးခဲ့တာပါ..၊ ဒါ့ကြောင့်အခုလို ကိုယ်အရမ်းနှစ်ခြိုက်ခဲ့ရတဲ့ ဂန္တဝင်ကစားသမားဟောင်း၊ နည်းပြကြီးဆီက ရရှိလာတဲ့ အားပေးစကားဟာ ကျွန်တော့်အတွက် အရမ်းကိုအဖိုးထိုက်တန်ခဲ့ပါတယ်..။"