feature-image

အခန်း (၂) - ဘောလုံးသမားဖြစ်ပြီ (၂)

နာရီတစ်ချက်ချက်လည်နေပါတယ်. ငါးမိနစ်၊ ဆယ်မိနစ်.. မိနစ်နှစ်ဆယ်.. ဘယ်သူ့မှ ပေါ်မလာသေးပါလား၊ ဘာတွေဖြစ်ကုန်ပြီလဲ? ဘယ်ကိုရောက်ကုန်ကြပြီလဲ? သူတို့စိတ်ပြောင်း သွားပြီ ထင်ပါတယ်.။ တစ်ခုခုဆိုးဆိုးဝါးဝါး ဖြစ်တော့မယ်လို့ခံစားလိုက်ရပါတယ်.၊ ခြေဖျား၊ လက်ဖျားတွေ အေးစက်လာပါပြီ..။ “ကဲ.. တစ်ခုခုတော့လုပ်မှဖြစ်မယ်..၊ ဒီကနေစလို့ နောက်ထပ် ငါးမိနစ်အတွင်း ဘယ်သူမှပေါ်မလာဘူးဆိုရင် ငါစာချုပ်လက်မှတ်မထိုးတော့ဘူး..။” ဆုံးဖြတ်ချက် ချလိုက်ပါတယ်..။ နောက်ထပ်နာရီဝက်… “အိုကေ.. နောက်ထပ် ငါးမိနစ်..” သုံးဆယ့်ငါးမိနစ်..၊ မိနစ်လေးဆယ်.. “တော်ပြီ.. ဒီလောက်ဆိုရင်တော်ပါပြီ..။” ကျွန်တော်စားပွဲကနေထပြီးထွက်လာ ခဲ့ပါတယ်..။


အိမ်ပြန်ရောက်တော့ အဖေက

“မင်းစာချုပ်သွားချုပ်တာ အဆင်ပြေရဲ့လား..?”
“မပြေပါဘူး အဖေရာ.. ဟူး..” ကျွန်တော်စိတ်ပျက်လက်ပျက်နဲ့ပဲ ပြန်ဖြေလိုက်ပါတယ်..။
“ဘာလို့လဲကွာ.. ဘာတွေဖြစ်ကုန်လို့လဲ??”
“ကျွန်တော်မထိုးခဲ့ဘူး အဖေ.. သူတို့ကျွန်တော့်ကို အခန်းတစ်ခန်းထဲမှာနှစ်နာရီလောက် ဒီအ တိုင်းပစ်ထားတာ..၊ ကြည့်ရတာ ဘယ်သူကမှစိတ်ဝင်တစားရှိပုံလည်း မရပါဘူး..။ အဲဒါနဲ့ထပြန် လာခဲ့တာ..”
“ဘယ်လို..?? မင်းဒီလိုထပြီး ပြန်ခဲ့မယ့်အစား ဆက်စောင့်ပြီး အကျိုးသိရအောာင် လုပ်ရမှာပေါ့…။”
“အဖေရာ… ကျွန်တော့်စိတ်ထဲမှာမသိုးမသန့်နဲ့ အမှားအယွင်းတစ်ခုခုဖြစ်တော့မယ်လို့ ထင်နေ သလိုပဲ..၊ အဲဒါကြောင့်ပါ…။” ကျွန်တော့်စိတ်ထဲကခံစားချက်အတိုင်း ပြောတာဖြစ်ပေမယ့် အဖေ နားလည်မှာ မဟုတ်ပါဘူး..။


ဒီလိုနဲ့ ပီအက်စ်ဂျီအသင်းနဲ့ ရေစက်မဆုံနိုင်တော့မှာကို စိတ်ပျက်နေတုန်း နောက်သုံး ရက်လောက်ကြာတဲ့အခါ မာ့စ် ဝက်စ်တာလော့ပ်ဆိုတဲ့သူကမမျှော်လင့်ပဲ ဖုန်းဆက်လာပါတယ်။ လီမန်းစ်အသင်းကပါတဲ့..။ သူဘယ်သူလဲမသိသလို လီမန်းစ်ဆိုတာလည်း တစ်ခါမှမကြားဖူးပါ ဘူး..။ သူက
“ငါတို့အသင်းမှာ မင်းလိုကစားသမားတစ်ယောက်ရှိတယ်။ ဒါပေမယ့်သူက အသက် ကြီးသွားပြီ..၊ သူ့နေရာအစားထိုးဖို့ ငါ့တို့မင်းကိုသဘောကျနေတယ်..။ မင်းကိုအသင်းကြီးမှာ တိုက်ရိုက်ကစားခွင့်ပေးမယ်..။ တစ်ကယ်တော့ မင်းရဲ့ကစားပုံကိုတစ်ခါမှမကြည့်ဖူးပါဘူး..။ ဒါပေ မယ့်မင်းနဲ့ပတ်သက်ပြီး သတင်းကောင်းတွေပဲ ကြားနေရတယ်..။ အဲဒါကြောင့် မင်းနဲ့ ငါတို့စာချုပ် ချုပ်ချင်တယ်..။”
“လောလောဆယ် ခြေထောက်ဒဏ်ရာ အရှင်းမပျောက်သေးလို့ ကျွန်တော် မကစားနိုင်သေးဘူး.။”

“အဲဒါတွေကို ခေါင်းထဲမထည့်ပါနဲ့ဦး..။ စိတ်မပူပါနဲ့.. ငါတို့နဲ့တစ်ခါလောက် လာတွေ့ကြည့်ပါ..။”

ကျွန်တော်အရမ်းပျော်သွားပါတယ်…။ သူ့ရဲ့အားပေးစကားကြောင့် ပြန်လည်အား တက်သွားပါတယ်..။ ကျွန်တော်ကြားချင်နေတာ ဒီလိုစကားမျိုးပါ..။ ဒါဆိုအဆင်ပြေပြီထင်ပါရဲ့..။
“အိုကေ…ကျွန်တော်လာခဲ့ပါမယ်..။ မနက်ဖြန်ရထားနဲ့ ရောက်အောင်လာခဲ့ပါမယ်..။”


လီမန်းစ်ကို ရောက်သွားပြီး အသင်းရဲ့အနေအထားတစ်ခုလုံးကို လိုက်ကြည့်ပါတယ်..။ မာ့စ်ကိုယ်တိုင် ကျွန်တော့်ကို နေရာအနှံ့ အသေးစိတ် လိုက်ပြတဲ့အပြင် လီမန်းစ်မြို့ထဲကိုပါ ပို့ပေး ပါတယ်..။ အသင်းတင်မကပါဘူး.. မြို့လေးကလည်းအေးချမ်းလှတဲ့ပုံ ရှိတာကြောင့် အသင်းနဲ့ ပတ်သက်သမျှအားလုံးကို သဘောကျမိပါပြီ..။ ပြီးတော့ပါရီကနေ ရထားစီးလာရင် တစ်နာရီ လောက်ပဲ ကြာတာမို့ ကျွန်တော့်မိသားစုအတွက်လည်း အဆင်ပြေပါတယ်..။ သူတို့ကမ်းလှမ်းတဲ့ လခနဲ့ တခြားအသုံးအဆောင်တွေက ပီအက်စ်ဂျီရဲ့စာချုပ်နဲ့ ဘာမှသိပ်မကွာပါဘူး.။ ဘောလုံးကန် ဖိနပ်မှာတော့ နိုက်ကီအစား အဲဒီးဒက်စ်ဖြစ်သွားပါတယ်..။ စာချုပ်သက်တမ်းတစ်နှစ်ချင်း အတူတူ ဆိုပေမယ့် အရင်စာချုပ်မှာလို မရေမရာအချက်တွေ ဘာမှမပါတာကြောင့် အဆင်ပြေပါတယ်..။ အထူးသဖြင့် မာ့စ်ကိုစတွေ့တွေ့ချင်းကတည်းက သဘောကျသွားတာဟာ စာချုပ်ချုပ်ဖြစ်ခြင်းရဲ့ အဓိကအကြောင်းရင်းပါပဲ.။ မာ့စ် ဟာစကားပြောရင် သိမ်သိမ်မွေ့မွေ့နဲ့ ခပ်တိုးတိုးပဲ ပြောပါတယ်..။ တစ်ခါတစ်လေ အရမ်းတိုးလွန်းလို့ ဘာပြောနေသလဲဆိုတာ အနားကပ်ပြီး နားထောင်ယူရတယ်..။ ဒါပေမယ့်သူဟာပညာရှင်ဆန်ပြီး စကားပြောလည်း ပြတ်သားတာကြောင့် သဘောကျပြီးရင်း ကျနေမိတော့တာပါပဲ..။


အသက် (၁၉) နှစ်ပြည့်ပြီးတဲ့ ၁၉၉၇ ခုနှစ်၊ ဆောင်းရာသီမှာ ကျွန်တော်ဟာ လီမန်းစ် အသင်း အကယ်ဒမီကစားသမားအဆောင်မှာ ရောက်နေပါပြီ.။ အခုနေရတဲ့အဆောင်ဟာ လေ့ကျင့်ကွင်းနဲ့လည်းနီးတဲ့အတွက် အဆင်ပြေပါတယ်..။ ဒါပေမယ့်စာရင်းကိုင်သင်တန်းအ တွက် ကျွန်တော့်မှာညနေပိုင်းဆိုရင် ကောလိပ်ကို  အပြေးအလွှားသွားနေရသေးတယ်.။ စာရင်းကိုင် သင်တန်းကိုပြီးဆုံးအောင်တက်ချင်တာဟာ အဖေ့ကိုစိတ်ကျေနပ်ဖို့တစ်ခုတည်းမကပါဘူး..။ ဘောလုံးကစားခြင်းအပြင် အခြားတိုးတက်ရာတိုးတက်ကြောင်း အထောက်အကူရှာဖွေတဲ့ သဘော လည်း ပါပါတယ်..။ အဆောင်ရောက်ပြီး ပထမသုံးလခန်းမကြီးတဲမှာပဲ အားလုံးနဲ့အတူတူ စုနေရပြီး ELF ကားမောင်းပြိုင်ပွဲက အမောင်းသင်ကျောင်းသားတွေလည်းပါတာမို့ လူစုံ၊ တက်စုံလို့ ဆိုရမှာ ပါ..။ ပျော်စရာလည်းအတော်ကောင်းပါတယ်..။ သူငယ်ချင်းအသစ်တွေ အများကြီးရခဲ့ပါတယ်..။


လီမန်းစ်အသင်းကိုရောက်ပြီး ကြုံရတဲ့အခက်အခဲကတော့ ကြံ့ခိုင်မှုပါ..။ ခြေချောင်းရိုး ကျိုးဒဏ်ရာနဲ့ မလှုပ်မရှားနေခဲ့ရတာ အတော်ကြာခဲ့တာမို့ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို ကျွန်တာ့်ရဲ့ခန္ခာကိုယ်က လက်မခံနိုင်ဖြစ်နေပါတယ်..။ နေ့စဉ်ရက်ဆက် ပြင်းပြင်းထန်ထန် လေ့ကျင့်ကစားဖို့ အသင့်ဖြစ်မနေတာ သတိပြုမိပါတယ်။ အသင်းရောက်ပြီး ပထမဆုံး ပုံမှန်အပြေး လေ့ကျင့်ခန်းမှာပဲပြေးနေရင်း ချွေးသီး ချွေးပေါက်တွေ ဒလဟောစီးကျလာသလို နှလုံးတွေ တဒိန်းဒိန်းခုန်လာ၊ မျက်စိတွေပြာလာပြီး ဆက်မပြေးနိုင်တော့တာကြောင့် သူများတွေထက် အရင် နားလိုက်ရပါတယ်..။ အသင်းမှာကြံ့ခိုင်မှုအားအနည်းဆုံးဖြစ်နေပေမယ့် မာ့စ် ဝက်စ်တာလော့ပ်က ကျွန်တော့်ကိုဆက်ပြီး ယုံကြည်နေပါသေးတယ်..။



ကာယကြံ့ခိုင်ရေနည်းပြ အလိန်း ပါစကွယ်လူးကတော့ အဲဒီလို မဟုတ်ပါ ဘူး..။ သူက ကျွန်တော့်ကိုကြမ်းကြမ်းတမ်းတမ်း မောင်းနှင်ပါတယ်..။ လူတင်မကပါဘူး..၊ ပါးစပ်ကလည်း ကြမ်းကြမ်းတမ်းတမ်းဆဲဆို၊ မောင်းနှင်ပါသေးတယ်..။ အဲဒီလိုနေ့တိုင်း အဆူခံ၊ အဆဲခံ နေရ တာကြောင့် ကျွန်တော်စိတ်ပျက်လာပါတယ်.။ သူ့ဘာကြောင့်ဒီလိုမုန်းတီးနေတာလဲ? သူ့ကို ဘာများလုပ်မိလို့လဲ? စသဖြင့် တွေးမိနေပါတယ်..။ နောက်ဆုံးတော့ သူဟာကျွန်တော့် အပေါ်တင် မကပဲ လူတိုင်းကိုဒီလိုဆက်ဆံနေမှန်း သိလိုက်ပါတယ်..။ တစ်ကယ်တမ်း ဒီလိုသာကြမ်းကြမ်း တမ်းတမ်း မောင်းနှင်နေပေယ့် တစ်ဖက်ကလည်းတက္ကသိုလ်တစ်ခုမှာ အားကစားသိပ္ပံ ကျောင်း ဆရာလုပ်နေတာမို့ လက်တွေ့ကာယလေ့ကျင့်ခန်းအပြင် ကြံ့ခိုင်းရေး၊ အာဟာရ၊ ခန္ခာကိုယ်ကြီး ထွားအောင် ပြုစုစောင့်ရှောက်နည်းစတဲ့ စာတွေ့ဘာသာရပ်တွေမှာလည်း ကျွမ်းကျင်ပိုင်နိုင် တာကို တဖြည်းဖြည်းနဲ့ သိလာပါတယ်..။


မာ့စ် ဝက်စ်တာလော့ပ်က ညင်ညင်သာသာသင်ကြားပေးတယ်..၊ ပါစကွယ်လူးက ခပ်ကြမ်းကြမ်း မောင်းနှင်ပေးတယ်.. ဒီလိုအပျော့၊ အမာနှစ်မျိုးနဲ့ သင်ကြား၊ မောင်းနှင်ခံခဲ့ရတဲ့ အတွက်ရေရှည်မှာ ကျွန်တော်တို့အကျိုးဖြစ်ထွန်းရပါတယ်.။ အထူးသဖြင့် ကိုယ်ဘယ်လောက် လုပ်ပြနိုင်သလဲဆိုတာ ပြသချင်စိတ်အလွန်တက်ကြွနေခဲ့ပါတယ်..။ ကိုယ့်အပေါ်ထားရှိတဲ့သူတို့ရဲ့ ယုံကြည်မှုတွေကို အစွမ်းကုန်ပြန်လည်ပေးချင်စိတ်တွေ ဖြစ်နေခဲ့ပါတယ်..။ ပါစကွယ်လူးကိုကျ တော့ ကျွန်တော်တို့အပေါ် အထင်သေးတာမှားမှန်းသက်သေပြလိုတာလည်း ပါတာပေါ့ဗျာ…။


ဒါပေမယ့်စိတ်ထဲက ဘယ်လိုပဲ ထက်သန်၊ ထက်သန်၊ ခန္ခာကိုယ်က ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေအတွက် အသင့်ဖြစ်မနေတာမို့ မကြာခဏဒဏ်ရာရပါတယ်..။ သာမာန် အသေး စားဒဏ်ရာတွေ၊ အကြောမျက်တာတွေဟာ ဘာမှမပြောပလောက်ပေမယ့် တစ်ခါနားရင် သုံးလ၊ ခြောက်လလောက်ကြာတတ်တဲ့ ဒဏ်ရာအကြီးစားတွေရခဲ့တာ ရှိပါတယ်..။ အသင်းကိုရောက်စ တုန်းက ဘယ်ဘက်ခြေချောင်းရိုးကျိုးဒဏ်ရာကြောင့် နွေရာသီကုန်ခါနီးကျမှပဲ လေ့ကျင့်ခန်း ဆင်းနိုင်ခဲ့တယ်..။ အောက်တိုဘာလရောက်ရော ဒီဒဏ်ရာဟောင်းပဲထပ်ကျိုးပြန်ပါတယ်..။ ဒဏ်ရာ အရှင်းမပျောက်ခင်မှာ ညာခြေချောင်းရိုးတစ်ခု ထပ်ကျိုးပြန်ပါတယ်။ ဒီတစ်ခါမှာတော့ ဆရာဝန် တွေက ဒဏ်ရာသက်သာတာ ပိုမြန်အောင်လို့ခွဲစိတ်ပြီး သံမှိုနဲ့ပြန်ဆက်ဖို့ ဆုံးဖြတ်ပါတယ်..။ ဒါတောင်နှစ်လလောက်တော့ နားလိုက်ရပါသေးတယ်..။


အဆိုးဆုံးဒဏ်ရာက နှစ်ကုန်ခါနီးမှာရခဲ့တဲ့ ညာဘက်ခြေသလုံးရိုးကျိုးနဲ့ ခြေကျင်းဝတ် ဒဏ်ရာတွေပါ..။ ဒီဒဏ်ရာတွေဟာ ကျွန်တော့်ရဲ့အနာဂတ်ကိုပါ ထိခိုက်နိုင်ပါတယ်..။ ဘာလို့လဲ ဆိုတော့နှစ်စဉ်နှစ်တိုင်း မေလဆိုရင်အသင်းမှာရှိတဲ့ကစားသမားတိုင်းကို နောက်နှစ်အတွက် ဆက်ပြီးစာချုပ်ချုပ်မယ်၊ မချုပ်ဖူးဆိုတဲ့ အကြောင်းကြာစာပို့လေ့ရှိပါတယ်..။ ကျွန်တော်ဟာ အခု အချိန်ထိ ပညာသင်၊ သင်တန်းသားအဖြစ်သာ ရှိနေသေးတာကြောင့် မေလရောက်တဲ့အထိ ပြန်မ ကောင်းသေးခြင်းဟာစိုးရိမ်စရာပါ…။ ဒါ့အပြင်သူများတွေအကြောင်းကြားစာ အသီးသီးရပြီး ဖြစ်ပေ မယ့် ကျွန်တော့်မှာဘာမှမသိရသေးလို့ ပိုပြီးစိတ်ပူရပြန်ပါတယ်.။ ဒဏ်ရာရခဲ့တဲ့နေ့တုန်းက ဆိုရင် ကွင်းထဲက ထမ်းထုတ်သွားတဲ့အချိန် မျက်ရည်တွေ တသွင်သွင် ကျနေခဲ့တာ မှတ်မိပါသေးတယ်.။ ဒဏ်ရာကြောင့်နာကျင်တာအပြင် အသင်းကနေ ထွက်သွားရမှာပါကြောက်ရွံမိတဲ့အတွက်ပါ..။ အခုထိ အကြောင်းကြားစာမရသေးပေမယ့် ဘယ်သူ့ကိုမှလည်းမေးမကြည့်ရဲပါဘူး..။ အခုအချိန်မှာ ပထမအသင်းကြီးနည်းပြဖြစ်နေတဲ့ ဝက်စ်တာလော့ပ်ကိုယ်တိုင် ကျွန်တော့်ကိုယုံကြည်မှန်း သိနေ ပေမယ့် တစ်ကယ်လို့အသင်းကအကြောင်းစာသာမရတော့ရင် ကျွန်တော့်ရဲ့ဘောလုံးသမားဘ၀ ဆုံးသွားမှာကို တွေးကြောက်မိနေတာပါ..။ စိတ်ကူးထဲမှာတော့ ကျွန်တော်နဲ့ပတ်သက်ပြီး နည်းပြ အဖွဲ့တွေ အသည်းအသန်ဆွေးနွေးနေတာကြောင့် အခုထိဘာမှအကြောင်း မကြားသေးတာလား လို့ တွေးတောနေမိရင်း ရင်မောနေမိပါတယ်..။



ဒဏ်ရာရပြီး မြို့ထဲမှာ အခန်းသီးသန့်ဌားနေနေတဲ့ ကျွန်တော့်ဆီကို အဖေနဲ့အမေတို့ ပါလိုက်ပြီး ကူညီပေးကြပါတယ်..။ အထူးသဖြင့်အမေဟာ အတော့်ကိုစိုးရမ်နေတယ်ဆိုတာ သိသာ ပါတယ်..။ ကျွန်တော်ကတော့ မသေချာတဲ့အနာဂတ်ကိုတွေးရင်း ကုတင်ပေါ်မှာ စိတ်ပျက်၊ လက်ပျက်နဲ့ပေါ့..။ အရင်တုန်းကအခြေအနေမျိုးကို ကျွန်တော်ပြန်မရောက်ချင်တော့ပါဘူး.။ အဖေ ဖြစ်စေချင်တဲ့လမ်းကြောင်းကိုဆန့်ကျင်ခဲ့ပြီး ကိုယ့်အစွမ်းအစနဲ့အောင်မြင်မှုရနိုင်ကြောင်း အဖေ့ကို သက်သေပြတာလည်း ပါပါတယ်..။ ဒီလိုနဲ့ မနက်တိုင်း၊ မနက်တိုင်း အခန်းရှေ့စာတိုက်ပုံးလေးထဲ တစ်ခုခုများရောက်လာမလားလို့ မျှော်နေရပါတယ်..။ တစ်နေ့မှာတော့ အသင်းကပို့လိုက်တဲ့ စာတစ်စောင် ရောက်လာပါတယ်။ ကမန်းကတန်းဖြဲ..၊ မဝံ့မရဲနဲ့ပဲ ဖတ်လိုက်ပါတယ်.။ ကျွန်တော့်ကို အသင်းမှာဆက်ထားမယ်..၊ “စာချုပ်သက်တမ်း ဆက်တိုးပါမယ်တဲ့..!!!” အရမ်းကိုစိတ်သက်သာရာ ရသွားပါတယ်..။ ခေါင်းပေါ်ကအထုတ်ကြီးတစ်ထုပ်ကို ပစ်ချလိုက်ရသလိုပါပဲ..။ နောက်ကြောင်းကို ပြန်တွေးဖို့ မလိုတော့တာကြောင့် ဒဏ်ရာကပြန်ကောင်းရင် အတိုးချပြီးအကောင်းဆုံး ပြန်လည် ပေးဆပ်ရပါတော့မယ်..။


၁၉၉၈ ခုနှစ်၊ နွေရာသီမှာတော့ သီယာရီ အွန်နရီတို့ပါဝင်တဲ့ ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အနိုင်ရလိုက်ပါတယ်..။ တစ်နိုင်ငံလုံးမကြုံစဖူးလောက်အောင် ဘောလုံးရောဂါတက်နေပြီး ဘယ်နားသွားသွား ပြင်သစ်နဲ့ဘောလုံးအကြောင်းပါပဲ.။ ဗိုလ်လုပွဲအပြီး စတေး ဒီ ဖရန့်စ်အားကစားကွင်းသစ်ကြီးမှာ အွန်နရီတို့တစ်တွေ ဆုဖလားကြီးနဲ့အောင်ပွဲခံ နေတာ ကို တီဗွီကနေကျွန်တော်ကြည့်နေပါတယ်..။ အွန်နရီတစ်ယောက် နိုင်ငံတကာဘောလုံး ကြယ်ပွင့် အဖြစ် ရောက်ရှိနေတဲ့အချိန်ကျွန်တော့်မှာတော့အခန်းကျဉ်းလေးထဲမှာ ကျောက်ပတ်တီးအဖွေး သား ခြေထောက်တစ်ဘက်နဲ့ဖန်သားပြင်ကို ညိုးညိုးငယ်ငယ်နဲ့ရှုစားနေရတုန်းပါ..။ အဲဒီအချိန်က ကျွန်တော့်စိတ်ထဲမှာ သူတို့ကိုမနာလိုမဖြစ်မိပါဘူး..။ တစ်နေ့ကျဒီလိုနေရာမျိုးမှာ ရောက်ကိုရောက် ရမယ်ဆိုတဲ့ စိတ်ဓါတ်၊ ယုံကြည်မှုပဲရှိပါတယ်..။ အနာဂတ်အတွက်ဘာမှရေရေရာရာ မရှိသေးပေ မယ့် ဒီလိုမျက်ကန်းယုံကြည်မှုတွေဟာ ကျွန်တော်ရရှိခဲ့တဲ့အောင်မြင်မှုတွေရဲ့နောက်ကွယ်က တွန်းအားတစ်ခုလို့ ဆိုနိုင်ပါတယ်..။