feature-image

၂၀၂၀/၂၁ ဘောလုံးရာသီအတွက် ချယ်လ်ဆီးအသင်းရဲ့ အိမ်ကွင်းဝတ်စုံသစ်အကြောင်း…

ချယ်လ်ဆီးအသင်းမှာ လာမည့် ၂၀၂၀/ ၂၁ ဘောလုံးရာသီတွင် ဝတ်ဆင်မည့် အမ်ကွင်းဝတ်စုံသစ်ကို လန်ဒန်မြို့တော်ရှိ နာမည်ကျော် Savile Row အမျိုးသားဝတ် ဒီဇိုင်းကုမ္ပဏီ၏ ဖန်တီးမှုနှင့် ပေါင်းစပ်ပြီး Nike ကုမ္ပဏီမှ ဖန်တီး၊ တင်ဆက်ခဲ့သည်..။



အကျီဝတ်စုံသားကို လန်ဒန်မြို့ပြ အငွေ့အသက်နှင့် လန်ဒန်မြို့တော်တွင် ခေတ်စားနေသော ဒီဇိုင်းများ ပါဝင်အောင် ပေါင်းစပ်၊ ရက်လုပ်ခဲ့ပြီး ချယ်လ်ဆီးအသင်း၏ ရိုးရာအငွေ့သက်များ ပါဝင်အောင် herringbone pattern လှိုင်းတွန့်ကွက်များဖြင့် ဖန်တီးခဲ့သည်..။



ယခုအိမ်ကွင်းဝတ်စုံသစ်၏ ထူးခြားချက်မှာ အကျီစပွန်ဆာသစ်ဖြစ်သည့် Three UK မိုဘိုင်းလ် ကွန်ယက်ကုမ္ပဏီ နှင့် စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်..။ Three UK မိုဘိုင်းလ် ကွန်ယက် ကုမ္ပဏီမှာ ယခုနှစ်ဘောလုံးရာသီမှစတင်ပြီး ချယ်လ်ဆီးအသင်းအင်္ကျီ၏ အဓိကစပွန်ဆာအဖြစ် အကျီရင်ဘတ်တွင် အမှတ်အသားတံဆိပ် ပါရှိပါမည်..။

ချယ်လ်ဆီးအသင်း၏ အိမ်ကွင်းဝတ်စုံတွင် အပြာရောင်အကျီ၊ အပြာရောင်ဘောင်းဘီတိုနှင့် အဖြူရောင်ခြေအိပ်တို့ ပါဝင်ပြီး အကျီနှင့်ဘောင်းဘီသားများကို herringbone pattern လှိုင်းတွန့်ကွက်ပုံစံ ဒီဇိုင်းဆင်ထားပါသည်..။ အကျီကို မဲပြာရောင် အကျီကော်လာနှင့် လက်မောင်းသားများဖြင့် အနားသတ်ထားပြီး ဘောင်းဘီတွင် မဲပြာရောင်အနားသတ် ပါရှိပါသည်..။ အဆိုပါမဲပြာရောင် အနားသတ်တွင် ‘CFC’ ရောင်ပြန်တံဆိပ်များ ရိုက်နှိပ်ထားပါသည်..။



အကျီနှင့်ဘောင်းဘီတို့၏ဘေး တစ်ဘက်တစ်ချက်ဆီတွင် မဲပြာရောင်အစင်းကျားတစ်ကြောင်းစီ ပါရှိပြီး ‘The Pride of London’ စာတန်းကို ဖောင်းကြွပုံစံ ရိုက်နှိပ်ထားပါသည်.။ အဆိုပါ ‘The Pride of London’ စာတန်းကို မဲနယ်ရောင် (indigo color) အသုံးပြုထားပြီး font ဒီဇိုင်းကို လန်ဒန်မြို့မှ Savile Row ကုမ္ပဏီ၏ font အတိုင်း ရိုက်နှိပ်ထားသည်ဟု သိရသည်..။ အဖြူရောင်ခြေအိပ်တွင် Nike ကုမ္ပဏီအမှတ်တံဆိပ်နှင့် ချယ်လ်ဆီးအသင်း၏ ခြင်္သေ့ logo ရိုက်နှိပ်ထားပါသည်..။

အဆိုပါ ၂၀၂၀/ ၂၁ ဘောလုံးရာသီ အိမ်ကွင်းဝတ်စုံသစ်ကို ဝက်စ်ဟမ်းအသင်းနှင့် မနက်ဖြန်မနက်ပိုင်းတွင် ယှဉ်ပြိုင်မည့် ပွဲစဉ်မှ စတင်ဝတ်ဆင်မည်ဖြစ်ပြီး ချယ်လ်ဆီးအသင်း၏ Official online store နှင့် စတန်းဖို့ဒ် ဘရစ်ချ် မီဂါစတိုးတို့တွင် ဖူလိုင်လ (၉) ရက်နေ့မှ စတင်ရောင်းချသွားပါမည်..။



ချယ်လ်ဆီးအသင်း ကစားသမားများ ဝတ်ဆင်သော ဝတ်စုံများနှင့် ပရိသတ်များအတွက် ရောင်းချသော အကျီများအား ၁၀၀% ပိုလီယက်စ်တာ အစဖြင့် ချုပ်လုပ်ထားပြီး အဆိုပါ ပိုလီယက်စ်တာ အစများကို ပလပ်စတစ်ပုလင်း စွန့်ပစ်ပစ္စည်းများအား ပြန်လည်အသုံးပြုထားခြင်းဖြစ်သည်..။ Nike ကုမ္ပဏီအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်စေရန် ရည်ရွယ်ပြီး ကမ္ဘာတစ်ဝန်းမှ စွန့်ပစ် ပလပ်စတစ် ပုလင်းများကို ပြန်လည်သိမ်းဆည်းခါ ပိုလီယက်စ်တာစများကို ဖန်တီးထုတ်လုပ်ခဲ့ခြင်းဖြစ်သည်..။

Nike ကုမ္ပဏီမှာ ဘောလုံးအကျီနှင့် ဝတ်စုံများကို ထုတ်လုပ်ရာတွင် recycled ပိုလီယက်စ်တာ စများကို ၂၀၁၀ ခုနှစ်မှစတင် အသုံးပြုခဲ့ပြီး ယခုအချိန်ထိ စွန့်ပစ် ပလပ်စတစ်ပုလင်းပေါင်း (၇.၅) ဘီလီယံအား ပြန်လည်အသုံးပြုခဲ့ပြီးဖြစ်သည်ဟု သိရပါသည်..။