feature-image

VAR နဲ့ ပတ်သက်ပြီး ဖရန့် လမ်းပတ် ကို ဝေဖန်လိုက်တဲ့ ‘ဟိုဆေး မော်ရင်ဟို’

ချယ်လ်ဆီးအသင်းနည်းပြ ဖရန့် လမ်းပတ် မှာ တော့တင်ဟမ်အသင်းက ရှက်ဖီးလ် ယူနိုက်တက်အသင်းကို ၃ဂိုး- ၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် တော့တင်ဟမ် တိုက်စစ်မှူး ဟာရီ ကိန်း သွင်းယူပေးခဲ့သည့် ချေပဂိုးအား လက်ထိဘောအဖြစ် VAR ဖြင့် ပယ်ချခဲ့သည့်အပေါ် ယခုလိုဝေဖန်ပြောကြားခဲ့သည်..။

“VAR ဟာ ဘောလုံးလောကကို တိုးတက်စေပါတယ်..၊ ဒါပေမယ့် သူကိုယ်တိုင်ကိုယ်က ပြုပြင်စရာတွေအများကြီး ကျန်နေပါသေးတယ်..။ ဒါ့ကြောင့်ရာသီကုန်ချိန်ကျရင် ဘောလုံးကစားနည်းနဲံ့ ပါဝင်ပတ်သက်နေတဲ့သူတွေအားလုံး - ဒိုင်လူကြီးတွေ၊ မန်နေဂျာတွေ၊ ကစားသမားတွေ အပါအဝင် ဘောလုံးကစားနည်းကို ချစ်မြတ်နိုးတဲ့သူတွေအားလုံး ပူးပေါင်းပြီး ကျွန်တော်တို့အားလုံး ဖြစ်စေချင်တဲ့ဆန္ဒနဲံ အနီးစပ်ဆုံး ရရှိအောင် ဝိုင်းဝန်းအကြံဉာဏ်ပေးကြရရင် ကောင်းမယ်ထင်ပါတယ်..။ ဒီလိုအားလုံး ပူးပေါင်းဆောင်ရွက်ပြီး လူတိုင်းရဲ့အသံကို နားထောင်မှသာ မှန်ကန်တဲ့တိုးတက်မှုကို ရရှိနိုင်ပါလိမ့်မယ်”

သို့သော် ဟိုဆေး မော်ရင်ဟို ကမူ အဆိုပါ တွေ့ဆုံ၊ ဆွေးနွေးပွဲများမှာ သိသာထင်ရှားသည့် ပြောင်းလဲခြင်းများကို ယူဆောင်လာမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်..။ ထို့အပြင် ဖရန့် လမ်းပတ် မှာ မန်နေဂျာဘဝတွင် အတွေ့အကြုံပိုများလာပါက ဘောလုံးလောက၏ ခါးသီးဖွယ် အမှန်တရားများကို နားလည်လာလိမ့်မည်ဖြစ်ကြောင်း Football Daily သတင်းဌာနနှင့် တွေ့ဆုံခန်းတွင် ယခုလိုပြောကြားခဲ့သည်..။

“ဖရန့် လမ်းပတ် ဟာ အခုအချိန်မှာ ကျွန်တော်တို့တွေ ထုတ်ပြောတဲ့အသံတွေဟာ အရေးပါတဲ့ကဏ္ဍမှာ ရှိနေတယ်လို့ ထင်နေပါတယ်..။ ဘောလုံးလောကထဲက လူတွေကပဲ ဘောလုံးလောကကို မောင်းနှင်နေတယ်လို့ သူယုံကြည်နေပါတယ်..။ ဒါပေမယ့် အချိန်တစ်ခုကြာပြီးတဲ့အခါကျရင် ကျွန်တော်တို့အားလုံးဟာ စားပွဲပေါ်မှာ ချထားပေးတဲ့ စာမျက်နှာတွေကိုပဲ ဖတ်နေရတယ်..၊ ချထားပေးတဲ့ ဇာတ်ညွန်းအတိုင်းပဲ အသုံးတော်ခံနေရတယ်ဆိုတာ သူသိလာမှာပါ..။

ပြီးခဲ့တဲ့နှစ်နှစ်ဆယ်အတွင်းမှာ ကျွန်တော်ဟာ ဆွေးနွေးပွဲတွေအများကြီး တက်ရောက်ခဲ့ပါတယ်..။ အဲဒီအတွေ့အကြုံအရ ပြောရမယ်ဆိုရင် ဖရန့် ပြောတဲ့အတိုင်း အလွှာစုံပါဝင်တဲ့ အစည်းအဝေးဟာ သူတို့တွေရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ဘာမှသက်ရောက်စေမှာ မဟုတ်ပါဘူး..။”

ယခုနှစ်ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဗွီဒီယို နည်းပညာဖြင့် ဒိုင်လူကြီးများအား အထောက်အကူပြသည့်စနစ် (Video Assistant Refereeing) ကို ထည့်သွင်းအသုံးပြုခဲ့သည်..။ သိူ့သော် VAR ကြောင့် အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်များ ပိုမိုများပြားလာနေသည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်လျှက်ရှိသည်..။