feature-image

အပြာရောင်ခြင်္သေ့ပျို (Young Lions) များကို ဂုဏ်ပြုထားတဲ့ အဝေးကွင်းဝတ်စုံသစ်

ချယ်လ်ဆီးအသင်းမှာ ၂၀၂၀/၂၁ ဘောလုံးရာသီတွင် ဝတ်စုံမည့် အဝေးကွင်းဝတ်စုံသစ်ကို ယနေ့တွင်ထုတ်ပြန် ကြေငြာလိုက်သည်..။ အဆိုပါဝတ်စုံသစ်ကို ဖန်တီးရာတွင် စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတည်ရှိရာ အနောက်လန်ဒန်ရှိ ဖူးလ်ဟမ်းအရပ်မှ ရိုးရာအငွေ့အသက်များ ပါဝင်အောင် ဖန်တီးခဲ့သည်ဟု ဖော်ပြခဲ့သည်..။ ထို့အပြင်ဝတ်စုံအရောင်ကိုလည်း လန်ဒန်မြို့မှ နာမည်ကျော် ဝတ်စုံဒီဇိုင်းရှင်များ၏ တည်ထွင်ဖန်တီးမှုများနှင့် ပေါင်းစပ်ထုတ်လုပ်ခဲ့သည်..။

အထူးသဖြင့် ယခုထုတ်ပြန် ကြေငြာခဲ့သော အဝေးကွင်းဝတ်စုံသစ်မှာ နည်းပြဖရန့် လမ်းပတ် လက်ထက်တွင် တောက်ပလာခဲ့သော လူငယ်အကယ်ဒမီ မျိုးဆက်သစ်များကို ရည်ရွယ်ပြီး ‘ထောင်စုနှစ်လွန် တောက်ပကြယ်ပွင့်များ (millennial swagger)’ ဟု ကိုယ်စားပြု၊ အမည်ပေးဂုဏ်ပြုခဲ့သည်..။



ဝတ်စုံ၏အဓိကအရောင်အဖြစ် အပြာရောင်ဖျော့ (Arctic Blue) အရောင်ကို အခြေခံထားပြီး အပြာရင့်ရောင် herringbone pattern အုတ်ခဲကွက်ကို မျဉ်းပြတ်များအဖြစ် ထည့်သွင်းထားပါသည်..။ အကျီ၏အရှေ့ပိုင်းတွင် ချယ်လ်ဆီးအသင်း အမှတ်တံဆိပ်ကို NIKE ကုမ္ပဏီ၏ သင်္ကေတနှင့်အတူ အသားတံဆိပ် ရိုက်နှိပ်ထားပါသည်..။


အပြာရင့်ရောင် V Shape အကျီကော်လံနှင့် လက်မောင်းပတ်များ ထည့်သွင်းထားပြီး အကျီနှင့်ဘောင်းဘီ ဘေးတစ်ဖက်တစ်ချက်စီတွင် အပြာရင့်ရောင် အစင်းကြောင်းတစ်ခုစီ ပါရှိသည်..။ အဆိုပါအစင်းကြောင်းပေါ်တွင် ‘The Pride of London’ စာသားကို အရောင်ဖျော့ ဖောင်းကြွရိုက်နှိပ်ထားပြီး နက်ပြာရောင်ခြေအိပ်ဖြင့် အဆုံးသတ်ထားပါသည်..။ ခြေအိပ်တွင် NIKE အမှန်ဖြစ်တံဆိပ်နှင့် ချယ်လ်ဆီးအသင်း၏ ခြင်္သေ့သင်္ကေတကို ထည့်သွင်းရိုက်နှိပ်ထားပါသည်..။


၂၀၂၀/၂၁ အဝေးကွင်းဝတ်စုံသစ်ကို ယနေ့ည ခရစ်စ်တယ် ပဲလေ့စ်အသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် စတင်ဝတ်ဆင်မည်ဖြစ်ပြီး ချယ်လ်ဆီးအသင်း မီဂါစတိုးနှင့် Online ရောင်းချမှုများကို ဇူလိုင်လ (၃၀) ရက်နေ့တွင် စတင်ပြုလုပ်မည်ဟု သိရသည်..။