အိုင်ယာလန် တောင်ပံကစားသမား ဒေမီယန် ဒပ်ဖ် မှာ ချယ်လ်ဆီးအသင်းတွင် ၂၀၀၃ ခုနှစ်မှ ၂၀၀၆ ခုနှစ်ထိ ကစားခဲ့ပြီး ဟိုဆေး မော်ရင်ဟို ၏ နှစ်ကြိမ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံအသင်းတွင် အဓိကကစားသမားအဖြစ် ပါဝင်ခဲ့သည်..။
ထိုသို့ချယ်လ်ဆီးအသင်းတွင် ရှိနေစဉ်ကာလအတွင်း အောင်မြင်မှုများ ရရှိခဲ့သော်လည်း ကွင်းပြင်ပရောက်ရှိချိန်တွင် အင်္ဂလိပ်ကစားသမားများ၏ အရက်သောက်သုံးလေ့ရှိသည့် အလေ့အထ နှင့် အသင်းလိုက်စည်းလုံးမှုကို အရက်ဝိုင်းတွင် တည်ဆောက်ခဲ့သည့် ယဉ်ကျေးမှုအကြောင်းကို ဒေမီ ယန် က Open Goal Podcast အစီအစဉ် တွေ့ဆုံခန်းတွင် ယခုလိုပြောပြခဲ့သည်..။
“ကျွန်တော်တို့ဟာ ဘောလုံးတစ်ရာသီကို ပွဲပေါင်း (၆၀)၊ (၇၀) လောက် ကစားခဲ့ရပေမယ့် အချိန်ကျရတာနဲ့ မြို့ထဲထွက်ပြီး သောက်တြတာပဲဗျ..။ ကျွန်တော်တို့ဆိုရင် ညတိုင်းလိုလို သောက်ဖြစ်နေကြတာပါ..။ နိုင်ငံခြားသား ကစားသမားတွေကတော့ ရံဖန်ရံခါ ပါကြတယ်..၊ အမြဲတမ်းတော့ မဟုတ်ဘူးဗျ..။
သူတို့တွေကတော့ ကျွန်တော်တို့နဲ့ အတူတူလိုက်ခဲ့ရင်တောင် အမြဲတမ်းမသောက်ကြပါဘူး..။ ဒ့ါကြောင့်နောက်ရက်ကျရင် လန်းလန်းဆန်းဆန်းပါပဲ..။ ဒါပေမယ့် အင်္ဂလိပ်တွေ၊ အိုင်းရစ်တွေနဲ့ အိုက်စ်လန် ကစားသမားတွေကတော့ အပြင်ထွက်တိုင်း အလွန်အကျွံ သောက်ကြပြီး နောက်ရက်မှာ အရက်နာကျကုန်ကြပါတယ်..။ ဒါဟာအပါတ်စဉ်လိုလိုပါပဲ..။ ပုံမှန်လိုတောင် ဖြစ်နေပါတယ်..။
အဲဒီအလေ့အထဟာ ကျွန်တော်တို့ကြားထဲမှာ ရင်းနှီးမှုပိုပြီး ခိုင်မြဲစေခဲ့တယ်လို့ ထင်ပါတယ်..။”
ဟိုဆေး မော်ရင်ဟို လက်ထက်က ချယ်လ်ဆီးအသင်းတွင် ဂျွန် တယ်ရီ၊ ဖရန့် လမ်းပတ်၊ ဝိန်း ဘရစ်ချ် စသည့် အင်္ဂလိပ်ကစားသမားများမှာ အသင်း၏အမာခံကျောရိုး ကစားသမားအဖြစ် ပါဝင်ခဲ့သည်..။ ဒေမီယန် ဒပ်ဖ် က သူအပါအဝင် အင်္ဂလိပ်ကစားသမားများကို ရည်ညွန်းထားသည့် နာမည်ပြောင် တစ်ခုကိုလည်း ပြောပြခဲ့ပါသည်..။
“ကျွန်တော်က အဲဒီနာမည်ကျော် အင်္ဂလိပ်ကစားသမား အုပ်စု (The English Lads) ထဲမှာ မပါချင်ပါဘူး..။ သူတို့တွေကတော့ သူတို့ဖာသာသူတို့ “ခွေးဘီလူးတွေ (The Bull Dogs)” လို့ ခေါ်ကြပါတယ်..။ အဲဒီအမူးသမား အုပ်စုထဲမှာ ဝိန်း ဘရစ်ချ် (Bridgy)၊ ဖရန့် လမ်းပတ် (Lamps)..၊ ဂျွန် တယ်ရီ (JT) ၊အိုင်ဒါ ဂတ်ဂျွန်ဆင် (Eidur) နဲ့ အသင်းက အင်္ဂလိပ် ကြံ့ခိုင်ရေးနည်းပြတစ်ချို့ ပါဝင်ကြပါတယ်..။
ကျွန်တော်လည်း အိုင်းရစ်သွေး ပါတယ်ဆိုတော့ ‘ဇ’ ပြင်းပါတယ်..။ သူတို့နဲ့အတူတူ တွဲပြီးအကွဲအပြဲသောက်ဖို့ ဝန်မလေးပေမယ့် ခွေးဘီလူး (The Bull Dog) အဖွဲ့ဝင်အဖြစ် မခံယူချင်ခဲ့ပါဘူး…။”