ပီအက်စ်ဂျီအသင်းမှ စာချုပ်သက်တမ်းကုန်ဆုံးပြီး ထွက်ခွာခဲ့သော သီယာဂို ဆေးလ်ဗား မှာ ချယ်လ်ဆီးအသင်းကို ရွေးချယ်ခဲ့ရာတွင် အသင်းဖော် တိုက်စစ်မှူး နေမာ ၏ တိုက်တွန်းမှု အဓိကကျခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်..။
အသက် (၃၅) နှစ်အရွယ်ရှိ ဘရာဇီးလ်အသင်းခေါင်းဆောင် ချယ်လ်ဆီးအသင်းအပါအဝင် အသင်းဟောင်း အေစီ မီလန်နှင့် ပီအက်စ်ဂျီအသင်းတို့ကလည်း ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြသည်..။ ထို့ကြောင့်ဆေးလ်ဗား မှာ သူ၏အနာဂတ်အတွက် အသင်းဖော် နေမာ၊ ဝီလီယံ တို့နှင့် တိုင်ပင်ခဲ့ကြောင်း The Telegraph သတင်းဌာနက ဖော်ပြခဲ့သည်..။
အထူးသဖြင့် ကြယ်ပွင့်တိုက်စစ်မှူး နေမာ မှာ ဆေးလ်ဗား အား ချယ်လ်ဆီးအသင်းကို ရွေးချယ်ရန် တိုက်တွန်းခဲ့ကြောင်း၊ ယခုအခွင့်အရေးကို အရယူပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ စိန်ခေါ်မှုကို လက်မခံပါက နောင်တစ်ချိန်တွင် နောင်တရလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်..။
ထို့အပြင် ဝီလီယံ က ‘ခင်ဗျားသာ ချယ်လ်ဆီးကို ပြောင်းမယ်မှန်း ကြိုတင်သိခဲ့မယ်ဆိုရင် ကျွန်တော်ဆက်ပြီး နေမှာပေါ့..’ ဟူ၍ အရွှန်းဖောက် ပြောကြားခဲ့သည်ဟု ဘရာဇီးလ်ကွင်းလယ်ဖန်တီးရှင်နှင့် နီးစပ်သူတစ်ဦးက The Telegraph သတင်းဌာနအား ပြောပြခဲ့သည်..။
ပီအက်စ်ဂျီအသင်းနည်းပြ သောမတ်စ် တူချယ်လ် က သီယာဂို ဆေးလ်ဗား အား အသင်းတွင်ဆက်လက် စာချုပ်သက်တမ်းတိုးရန် ဆန္ဒရှိခဲ့သော်လည်း ဘရာဇီးလ်ဝါရင့်နောက်ခံလူမှာ နောက်ထပ်လိဂ်ပြိုင်ပွဲအသစ်တစ်ခုတွင် စိန်ခေါ်မှုသစ်များကို ရင်ဆိုင်လိုနေကြောင်း တုံ့ပြန်ခဲ့ပြီး ချယ်လ်ဆီးအအသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့သည်..။