ကစားသမားအသစ်တွေ အသင်းကိုရောက်လာတိုင်း ပရိတ်သတ်တွေအားလုံးက ပျော်ကြတယ်။ မျှော်လင့်ချက်အကြီးကြီးတွေ ထားကြတယ်။ ကိုယ်သဘောကျတဲ့သူများ ကိုယ့်အသင်းကိုရောက်လာရင် ပိုပြီး Hype ဖြစ်တတ်ကြတယ်။ ကျနော်တို့ကလည်း အသစ်ရောက်တဲ့ကစားသမားတွေကို ကိုယ့်စိတ်ကြိုက်တွေ့ရင် စာတွေဘာတွေရေး မ ရတာပေါ့ဗျာ။
ဒီတခါကတော့ မ တယ်ဆိုတာထက် စိတ်လှုပ်ရှားနေတယ်ဆို ပိုမှန်မယ်။ ဒီနှစ်ဟာ ချယ်လ်ဆီးအသင်း ချယ်လ်ဆီးပရိတ်သတ်တွေအတွက် Revolution တခု စတင်ခြင်းပါပဲ။ မနှစ်ကရာသီကို Foundation လို့ အကြမ်းဖျင်းသုံးသပ်လိုက်မယ်။ ဒီနှစ် အသစ်ရောက်လာတဲ့သူတွေက ဟာကင်ဇီယက်ချ် တီမိုဝါနာ ကိုင်ဟားဗက်ဇ် သီယာဂိုဆေးလ်ဗား ဘန်ချီဝဲလ် အစသဖြင့်ပေါ့။
အခု EPL အဖွင့် တစ်ပွဲလည်း ကစားပြီးပြီဆိုတော့ ချယ်လ်ဆီးနဲ့လမ်းပတ်ရဲ့ ဒုတိယရာသီက တရားဝင် စတင်ပါပြီ။ ထားတော့။ ကျနော်ပြောချင်တာက တီမိုဝါနာအကြောင်း။ လိုက်ပ်ဇ်ချ်မှာကတည်းက သူ့ကိုသတိထားပြီး ကြည့်ဖူးပါတယ်။ ချယ်လ်ဆီးက တီမိုဝါနာကို သန်း၄၀ ကျော်နဲ့ ရလိုက်တာကြီးကတော့ တန်တယ်လို့ပဲ ပြောရမယ်။ ဂျာမနီမြေမှာ နာမည်တခုရပြီးသား သွင်းဂိုးတွေအတွက် အာမခံချက်ပေးနိုင်တဲ့ ၂၄နှစ်တိုက်စစ်မှူး။ လမ်းပတ်ကလည်း တီမိုဝါနာဟာ သူ့အစီအစဥ်တွေရဲ့ အရေးကြီးတဲ့နေရာမှာ ပါရမယ်လို့ ကိုယ်တိုင်ပြောပြီး ဆွယ်ခဲ့တာတွေ့ရတယ်။
တီမိုဝါနာ နဲ့ ချယ်လ်ဆီး ဘယ်လိုရှေ့ဆက်မလဲ ဘာတွေဖြစ်နိုင်လဲ ခန့်မှန်းကြည့်ရအောင်။
ပြီးခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာတော့ လမ်းပတ်က ဝါနာကို တိုက်စစ်မြှားဦးမှာ တင်ခဲ့တယ်။ Lone Striker ဆန်ဆန်ပေါ့။ ရလဒ်ကတော့ သွင်းဂိုးမရပေမယ့် ပင်နယ်တီတစ်လုံး ထိုက်ထိုက်တန်တန်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်။
သူ့ကစားပုံကို ကြည့်ရရင် တိုက်စစ်မှူးစစ်စစ်ဆိုတာထက် False Nine လို့ပဲ မြင်မိတယ်။ ဝါနာက ဂျီရူးတို့လို အမြင့်ဘောတွေထိန်း Hold up ကစားတာမျိုး ကွင်းလယ်ကိုတွဲပြီး ခံစစ်နှစ်ယောက်ကြား နေရာယူရတာမျိုး လုပ်မယ့်သူမဟုတ်ဘူး။ သူက Offside trap တွေဖောက်မယ်။ ခံစစ်တစ်တန်းလုံးကို ကျော်ပြီးပြေးမယ့်သူမျိုး တခါတလေ Wing ကနေ ကိုယ်တိုင်ဝင်လာမယ့်ကောင်မျိုး။ ကြားဖြတ်ပြောရရင် ဝါနာသာ လီဗာပူးရောက်သွားခဲ့ရင် မတွေးရဲစရာပါပဲ။ ဖာမီနိုနေရာဝင်ပြီး ဝါနာ ဆာလက်ရှ် မာနေး ဆိုတဲ့ အတွဲက တန်းပိုမြင့်သွားနိုင်ပါတယ်။
ဆိုတော့ နောက်လာမယ့်ပွဲတွေမှာ ဝါနာတစ်ယောက်တည်း Lone Striker ထွက်မယ့်ပွဲတွေရှိနိုင်သလို၊ အေဗရာဟမ် ဂျီရူးတို့နဲ့အတူ Shadow Striker ထွက်လာမယ့်ပွဲတွေလည်း ရှိလာလိမ့်မယ်။ ဒါကတော့ လမ်းပတ်ရဲ့ Pre Match Plan Tactics တွေနဲ့ဆိုင်ပါလိမ့်မယ်။ ကျနော်တယောက်တည်းအမြင်အရတော့ Werner ကို Shadow Striker အနေနဲ့ ပိုသဘောကျပါတယ်။ တစ်ယောက်တည်းထွက်လာတဲ့အခါကျရင်တော့ ကိုင်ဟားဗက်ဇ် သို့မဟုတ် ပူလီဆစ် ရှိကိုရှိနေသင့်တယ်လို့ မြင်မိတယ်။ ဒါမှ သူနဲ့တွဲဖို့ ဧရိယာထဲ လူရှိမှာပါ။
ဝါနာရဲ့ကစားပုံက Speed ကို အားကိုးတယ်။ ခံစစ်တစ်တန်းလုံးကို ကျော်ပြေးရတာမျိုး သူကြိုက်တယ်။ လူကျွံတာကတော့ ရှယ်ကျွံလိမ့်မယ်။ အဲ့ဒါတော့ စိတ်ချ။ ဘရိုက်တန်နဲ့ပွဲ ၁၅မိနစ်မပြည့်ဘူး ၂ခါကျွံပြီးသွားပြီ။ xD ဘာကြောင့်လဲဆိုတော့ ဝါနာက ပြေးလမ်းကြောင်းတွေ အမြဲရှာနေတဲ့သူ။ ဘယ်အချိန် အငိုက်ဖမ်းမယ် ဘယ်အချိန်ပြေးမယ် ကိုယ့်အသင်းဘောလုံးရသွားရင် သူ့ကိုပေးမယ့်လမ်းကြောင်းကိုတွက်နေမယ် ဒါက သူ့အရည်အချင်းပဲ။ လာမယ့်ပွဲတွေ သူဂိုးရလာခဲ့ရင် ဂိုးသမားနဲဲ့ By One တွေ့ရင်း သွင်းတဲ့ဂိုးမျိုးတွေကို အတွေ့များမှာ သေချာတယ်။ ဒါ သူ့ ပုံစံပဲ။ ကန်ချက်ကောင်းတယ်။ အဆုံးသတ်သေချာတယ်။ ဘယ် ညာ မရွေးဘူး။
နောက် အားသာချက်တစ်ခုထုတ်ပြောပါဆို သူ့ Physical ပိုင်းပဲ။ ကြံ့ခိုင်မှု ကောင်းတယ်။ Stamina ပြည့်တယ်။ ဘရိုက်တန်နဲ့ပွဲမှာဆို တစ်ကွင်းလုံးကို လိုက်ဆော့နေတာ။ ပင်နယ်တီရတဲ့အလုံးဆိုရင်လည်း ထိမိတဲ့ Contact က ပြင်းတယ်။ ဒဏ်ရာရသွားနိူင်တဲ့ ပုံစံ။ ဒါပေမယ့် Werner ကတော့ မိနစ်၉၀ပြည့်ကစားသွားပြီး ပွဲပြီးရေခဲကပ်ထားလိုက်ရုံနဲ့ ပြီးသွားခဲ့တယ်။ အဂ်လန်နောက်ခံလူတွေက ဂျာမန်လိုမဟုတ်မှန်းတော့ သူ ဝန်ခံတယ်။ မနှစ်ကအသက်မဲ့ခဲ့တဲ့ တိုက်စစ်အတွက် ဝါနာဟာ အဖြေတစ်ခု ဖြစ်လာလိမ့်မယ်လို့တော့ ယုံကြည်နေပြီ။
- သူ့ကို ဂျာမနီမှာတော့ Turbo Timo လို့ခေါ်ကြတယ်။
- သူက ဒီနှစ်ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်အင်ဂျင်။
- သူပြေးလိုက်တိုင်း ကျနော်တို့ ရင်ခုန်စိတ်လှုပ်ရှားနေရဦးမယ်။
- သူ့ရဲ့သွင်းဂိုးတွေကို ကျနော်တို့ အာခေါင်ခြစ် အော်ပြီး အောင်ပွဲခံရဦးမယ်။
- ပြိုင်ဖက်အသင်းတွေရဲ့ မနာလိုသံတွေကို ကျနော်တို့ စားသုံးမယ်။
- သူတို့ရဲ့အကြောက်တရားတွေနဲ့ ပွဲတော်တည်မယ်။
မင်းတို့ မျက်လုံးတွေကိုဖွင့်လိုက်...
နားတွေကို စွင့်လိုက်...
" တာဘိုတီမို ရောက်နေပြီ " ဆိုတဲ့အသိစိတ်တစ်ခုတည်းနဲ့ ရိုးတွင်းချဥ်ဆီထဲထိ စိမ့်နေလိုက်။"