ပြင်သစ်လီဂူး (၁) ပြိုင်ပွဲဝင် ရန်းန် အသင်းမှ ပြောင်းရွှေ့လာခဲ့သည့် ဆီနီဂေါဂိုးသမား အက်ဒ်ဒိုးရပ် မန်ဒီ မှာ ချယ်လ်ဆီးအသင်း Official website နှင့် တွေ့ဆုံပြီး ငယ်စဉ်ကတည်းက အားပေးလာခဲ့သည့် ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့သည့်အပြင် ချယ်လ်ဆီးအသင်းတွင် ခမ်းနားသည့် သမိုင်းကြောင်းများ ရေးထိုးနိုင်ခဲ့သည့် အာဖရိကဖွား ကြယ်ပွင့်များ၏ ခြေရာဆက်ခံခွင့်ရခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ သူ၏အနာဂတ် မျှော်လင့်ချက်များအကြောင်းကို ယခုလိုပြောပြခဲ့ပါသည်..။
မေး - မန်ဒီ ရေ.. ချယ်လ်ဆီးအသင်းက ကြိုဆိုပါတယ်နော်…၊ ခင်ဗျားဟာ ချယ်လ်ဆီးအသင်းကို အားပေးတဲ့သူ တစ်ယောက်လို့ သိထားပါတယ်..။ ဟုတ်တယ်မလား..?
“Yes… ကျွန်တော်ဟာ ကလေးဘဝတည်းက ချယ်လ်ဆီးအသင်းကို စွဲစွဲမြဲမြဲ အားပေးခဲ့တာပါ..။ ချယ်လ်ဆီးအသင်းကို ကျွန်တော်ချစ်မြတ်နိုးပါတယ်..။ အသက် (၁၂) နှစ်အရွယ်တုန်းက ကျွန်တော့်ရဲ့ အရင်အသင်းနဲ့အတူ ဘရိုက်တန်အသင်းနဲ့ ကစားမယ့်ပွဲကို လိုက်ပါခဲ့ဖူးပါတယ်..။ အင်္ဂလန်က ပွဲတွေဟာ တကယ့်ကို အံ့သြစရာပါပဲ..။ ပွဲအပြီးအပြန်မှာ အားကစားပစ္စည်းဆိုင်တစ်ဆိုင် ဝင်ပါတယ်..။ အဲဒီမှာ ချယ်လ်ဆီးအသင်းအကျီကို စပြီးသတိထားမိပါတယ်.။ အဲဒီတုန်းက ကလော်ဒီယို ရေနာရီ ကိုင်တွယ်နေတဲ့ ၂၀၀၃ ခုနှစ်တုန်းက ဖြစ်ပါတယ်..။ အဲဒီအကျီဝယ်ဖြစ်ခဲ့ပါတယ်.။ ချယ်လ်ဆီးအသင်းကို ငယ်စဉ်ကတည်းက အစဉ်တစိုက် အားပေးနှစ်သက်ခဲ့တာပါ..။”
မေး - ဟုတ်ကဲ့ပါ.. အဲဒီအချိန်ကစပြီး ချယ်လ်ဆီးအသင်းမှာ အာဖရိကဖွားတွေရဲ့ အစဉ်အလာကောင်းတွေ ရှိခဲ့တယ်နော..
“သေချာတာပေါ့ဗျာ..။ အာဖရိကတိုက်ကထွက်ရှိခဲ့တဲ့ အအောင်မြင်ဆုံး ကစားသမားတွေဟာ ဒီအသင်းမှာ ကစားခဲ့ပါတယ်..။ ဒီဒီယာ ဒရော့ဘာ၊ အက်ဆီယန်၊ အီတိုး၊ မီခေးလ်..။ သူတို့တွေကိုကြည့်ပြီး အဲဒီလိုကြီးကျယ် ခမ်းနားခဲ့တဲ့ ကစားသမားတွေရဲ့ ခြေရာကို ဆက်ခံချင်တဲ့ဆန္ဒတွေ ဖြစ်ပေါ်လာပါတယ်.။ ဒါပေမယ့် ဂိုးသမားထဲမှာတော့ ကျွန်တော်ဟာ ပထမဆုံး ဖြစ်ပါလိမ့်မယ်..။ အဲဒီအတွက် အရမ်းကိုဂုဏ်ယူမိသလို အစဉ်အလာကောင်းတွေ ဆက်လက်ထိန်းသိမ်းရမယ်ဆိုတာ ကြီးမားတဲ့ တာဝန်ကြီးတစ်ခုလို့ ခံယူမိပါတယ်..။”
မေး - ပရီးမီးယားလိဂ်ပွဲတွေကနေ ဘာတွေမျှော်လင့်ထားလဲဗျ..?
“ပရီးမီးယားလိဂ် ပွဲစဉ်တွေကို အပါတ်စဉ် ကြည့်ဖြစ်ပါတယ်..။ ပွဲတွေအများကြီး ကန်ရသလို သွင်းဂိုးတွေလည်းများတယ်..၊ ပွဲအရှိန်ကလည်း အရမ်းကိုမြန်ပါတယ်.။ ဖျော်ဖြေမှုအပြည့် ပေးနိုင်တဲ့ လိဂ်ပြိုင်ပွဲ ဖြစ်သလို ကစားကွင်းတွေကလည်း သိပ်ကိုကောင်းမွန်ပါတယ်..။ တကယ်လို့ ပရိသတ်တွေသာ တက်ရောက်ခွင့်ရမယ်ဆိုရင် သူတို့တွေရဲ့ တခဲနက်အားပေးမှုဟာ သိပ်ကိုကျေနပ်ဖို့ကောင်းလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။”
မေး- ခင်ဗျားဟာ ပွဲကစားခွင့်မရတာ တစ်လလောက် ကြာခဲ့ပါပြီ..၊ ဒါ့ကြောင့်ခင်ဗျားရဲ့ ကြံ့ခိုင်မှုအခြေအနေ ဘယ်လိုရှိလဲဗျ..
“Yes.. ကျွန်တော့်ရဲ့ ကြံ့ခိုင်မှုအခြေအနေ ကောင်းမွန်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ ပွဲသာမကစားရပေမယ့် ရန်းန်အသင်းနဲ့ ပုံမှန်လေ့ကျင့်ခန်း ဆင်းနေဆဲပါပဲ..။ ဒါ့အပြင် လေ့ကျင့်ခန်းမှာ မကြာသေးခင်ကတောင် ကွင်းပိတ်ပွဲတစ်ပွဲလည်း ကစားခဲ့ပါသေးတယ်.။”
မေး - လွန်ခဲ့တဲ့ခြောက်နှစ်တုန်းက ခင်ဗျားဟာ တတိယတန်းက ချားဘိုးဂ် အသင်းမှာပဲ ရှိပါသေးတယ်..။ အဲဒီကနေ အခုလိုအနေအထားကို လျှင်လျှင်မြန်မြန်ကြီး ရောက်လာခဲ့တဲ့အပေါ်ကိုရော…
“အဲဒီအကြောင်းပြောမယ်ဆိုရင် ကျွန်တော့်ရဲ့ဘဝ၊ ခရီးလမ်းအကြောင်းကို ပြန်ပြီးသတိရ စဉ်းစားမိပါတယ်.။ တကယ့်ကို အံ့သြဖို့ကောင်းတာ အမှန်ပါပဲ..။ ကြိုးစားရင် အရာရာအောင်မြင်နိုင်တယ်.. လို့ ပြောကြတဲ့ ဆိုရိုးစကားဟာ မှန်ပါတယ်..။ ကျွန်တော်ဟာ အမြဲတမ်းကြိုးစားလေ့ကျင့်နေသလို ဘယ်အခြေအနေကမှ တည်မြဲမှုမရှိဘူးဆိုတာ သိထားပါတယ်..။ မာဆေးလ်အသင်း၊ Reims…၊ အဲဒီကနေ ရန်းန်.. အခုနောက်ဆုံး ချယ်လ်ဆီး.. ပေါ့ဗျာ..။ အဲဒီခရီးလမ်းဟာ တိုးတက်မှုကို ပြနေပါတယ်..။ အခုအနေအထားကနေ ဆက်ပြီးတိုးတက်အောင် အစွမ်းကုန် ကြိုးစားသွားမှာပါ..။”
မေး - ပြင်သစ်မှာတုန်းက သီယာဂို ဆေးလ်ဗား နဲ့ ရင်ဆိုင်ခဲ့ဖူးလား..?
“သူနဲ့နှစ်ကြိမ် ရင်ဆိုင်ခဲ့ဖူးပါတယ်.။ သူတို့အသင်းက တစ်ကြိမ်အနိုင်ရခဲ့သလို ကျွန်တော်တို့က တစ်ကြိမ်နိုင်ပါတယ်..။ ဒါ့ကြောင့်သရေပဲပေါ့ဗျာ..။ အခုဆိုရင် ကျွန်တော်တို့ တစ်သင်းတည်းမှာ ရောက်နေကြသလို သူ့ရဲ့ပြင်သစ်စကားပြောက အရမ်းကိုကောင်းပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ အင်္ဂလိပ်လိုပဲ ပြောဆိုကြမှာပါ..။ သူ့လိုကစားသမားမျိုးကို တစ်သင်းတည်းအတူ ရှိနေခဲ့တာ သိပ်ကိုကောင်းပါတယ်..။”
မေး - ပီတာ ချက် နဲ့ရော ဆွေးနွေးခဲ့သေးလားဗျ..?
“Yes.. အပြောင်းအရွှေ့ ဆွေးနွေးနေဆဲကာလအတွင်း သူဟာကျွန်တော့်ဆီကို ဆက်သွယ်လာပါတယ်..။ ပြီးတော့ အပြောင်းအရွှေ့ ဖြစ်မြောက်မှာ သေချာတဲ့အကြောင်း ကြိုပြောပါတယ်..။ အသင်းက သူ့လိုပုဂ္ဂိုလ်မျိုးက စပြီးဆက်သွယ်လာတဲ့အပေါ် အထူးကျေနပ်မိပါတယ်..။ ဒါဟာအသင်းဘက်က ကျွန်တော့်ကို အရမ်းလိုချင်နေတာဆိုတာ ပြသလိုက်ခြင်း ဖြစ်ပါတယ်..၊ အဲဒီအတွက် အထူးကျေနပ် ဂုဏ်ယူမိပါတယ်..။”
မေး - နောက်ဆုံးအနေနဲ့ ချယ်လ်ဆီးအသင်းမှာ ဘယ်လိုအောင်မြင်မှုတွေ ရရှိလိမ့်မယ်လို့ မျှော်လင့်ထားလဲဗျ..
“အရင်ဆုံး ပရီးမီးယားလိဂ် ပြိုင်ပွဲနဲ့ အထိုင်ကျဖို့လိုအပ်ပါတယ်..။ အဲဒီကနေတဆင့် အောင်မြင်မှုတွေရရှိဖို့ နောက်ထပ်နှစ်ပေါင်းများစွာ လက်တွဲခွင့်ရချင်ပါတယ်..။ ချယ်လ်ဆီးလို အသင်းအနေနဲ့ အောင်မြင်မှုတွေ ရရှိဖို့ လိုအပ်ပါတယ်..။”