feature-image

၀က်စ်ဘရွန်း အသင်းနဲ့ပွဲအပြီး မားကို့စ် အလွန်ဆို နဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ‘ဖရန့် လမ်းပတ်’

ယခင်အပါတ် စနေနေ့က ဝက်စ်ဘရွန်းအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ရင်ဆိုင်တွေ့ခဲ့သော ပွဲစဉ်တွင် မားကို့စ် အလွန်ဆို မှာ သူ၏အမှားကြောင့် နှစ်ဂိုးခွင့်ပြုခဲ့ရသည်..။ ထို့နောက်နည်းပြဖရန့် လမ်းပတ် က ပထမပိုင်းအပြီးတွင် ကစားကွက်အပြောင်းအလဲ ပြုလုပ်ရန်အတွက် စပိန်ဘယ်နောက်ခံလူနှင့် ခရိုအေးရှား ကွင်းလယ်ကစားသမား မက်တီယို ကိုဗာဆစ် တို့နှစ်ဦးအား လူစားလဲခဲ့သည်.။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင် ခရိုအေးရှား ကွင်းလယ်ကစားသမားမှာ အသင်းသားများနှင့်အတူ ပြန်လည်ပူးပေါင်းပြီး ပွဲကြည့်စင်ထက်သို့ လာရောက်ခဲ့သော်လည်း မားကို့စ် အလွန်ဆို မှာ ဒုတိယပိုင်းကို အသင်းဘတ်စ်ကားပေါ်မှသာ ကြည့်ရှုခဲ့သည်ဟု သိရသည်..။

ထို့ကြောင့်ပွဲပြီးချိန်တွင် ဖရန့် လမ်းပတ် မှာ မားကို့စ် အလွန်ဆို အား အသင်းဖော်ကစားသမားများ၏ ရှေ့တွင်ဒေါသတကြီး ဆူပူကြိမ်းမောင်းခဲ့ကြောင်း The Athletic သတင်းဌာနမှ David Ornstein က ဖော်ပြခဲ့သည်…။ အသင်းမှ ထွက်ပေါ်လာသော သတင်းများအရ ဖရန့် လမ်းပတ် မှာ စပိန်နောက်ခံလူ၏ အပြုအမူကို အလွန်အမင်း ဒေါသထွက်နေခဲ့သည်ဟု သိရသည်..။ ဖရန့် လမ်းပတ် မှာ သူ၏အသင်းသားများ၏ စုစည်းမှု၊ စည်းလုံးညီညွတ်မှုကို အမြဲတစေ ပြသလိုနေပြီး စပိန်နောက်ခံလူ၏ အပြုအမူမှာ မည်သူ့ကိုမှ ဂရုမစိုက်ပဲ ပြသနာများကို မိမိဘာသာ ဖြေရှင်းလိုသည့်သဘောကို ပြသနေခြင်းဖြစ်သည်ဟု မန်နေဂျာက ယူဆခဲ့သည်…။

အဆိုပါဖြစ်ရပ်ကြောင့် စပိန်ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆို မှာ ချယ်လ်ဆီးအသင်းအတွက် ထပ်မံပွဲထွက်ခွင့် ခက်ခဲနိုင်ဖွယ်ရှိနေကြောင်း အသင်းနှင့်နီးစပ်သူများက ခန့်မှန်းခဲ့ကြသည်..။