နည်းပြဖရန့် လမ်းပတ် မှာ ဂျာမနီလက်ရွေးစင် နောက်ခံလူ အန်တိုနီယို နှင့် နွေးထွေးသော ဆွေးနွေးမှုများ ပြုလုပ်ခဲ့အပြီး သူ၏အသင်းတွင် ပြန်လည်အသုံးပြုသွားတော့မည်ဖြစ်သည်ဟု Daily Mail သတင်းဌာနက ဖော်ပြခဲ့သည်...။
ဂျာမနီလက်ရွေးစင် နောက်ခံလူမှာ ဖရန့် လမ်းပတ် ယခုနှစ်ရာသီတွင် ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်များတွင် ချန်လှပ်ခံရအပြီး အသင်းတွင်သူ၏အနာဂတ် ကုန်ဆုံးသလို ဖြစ်ခဲ့ရသည်..။ ထို့အပြင်အပြောင်းအရွှေ့ရာသီ ပြီးဆုံးခါနီးတွင် ပီအက်စ်ဂျီ၊ တော့တင်ဟမ်အသင်းများကို အဌားစာချုပ်ဖြင့် ထွက်ခွာရန် နီးစပ်ခဲ့သေးသည်..။ သို့သော်အသက် (၂၇) နှစ်အရွယ် နောက်ခံလူမှာ ဖရန့် လမ်းပတ် နှင့် ဆွေးနွေးမှုအောင်မြင်ခဲ့ပြီးနောက် အသင်းလူစာရင်းတွင် ပြန်လည်ပါဝင်နိုင်လိမ့်မည်ဖြစ်ကြောင်း သိရှိခဲ့ရသည်..။ ထို့ကြောင့်ဖရန့် လမ်းပတ် မှာ မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် စနေနေ့က ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်တွင် အန်တိုနီယို ရူဒီဂါ အား အသင်း၏ လူစာရင်းတွင် ပြန်လည်ထည့်သွင်းခဲ့သည်..။
ထို့အပြင်အခုလာမည့် ဗုဒ္ဓဟူးနေ့၊ ခရက်စ်နိုဒါ အသင်းနှင့်ပွဲစဉ်တွင် အသင်း၏လူစာရင်းတွင် ပြန်လည်ပါဝင်နိုင်ဖွယ် ရှိနေကြောင်း သိရသည်..။