feature-image

ယခုတစ်ပါတ်အတွင်း နိုင်ငံတကာ ပွဲစဉ်များ ယှဉ်ပြိုင်မည့် ချယ်လ်ဆီးကစားသမားများ

ယခုတစ်ပါတ်အတွင်း ယှဉ်ပြိုင်ရန်ရှိသော ၂၀၂၀/၂၁ UEFA Nations League ပြိုင်ပွဲ၊ အုပ်စုအဆင့်ပွဲစဉ်များ၊ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များနှင့် နိုင်ငံတကာ ချစ်ကြည်ရေးပွဲစဉ်များတွင် ပါဝင်ယှဉ်ပြိုင်ကစားရန် ရှိနေသည့် ချယ်လ်ဆီးကစားသမားများကို စုစည်းတင်ဆက် ပေးလိုက်ပါသည်..။

⚽️ တန်မီ အေဘရာဟမ်၊ ဘင် ချီးဝဲလ်ရိစ် ဂျိမ်းစ် နှင့် မေဆန် မောင့် တို့မှာ ကြာသာပတေးနေ့တွင် အိုင်ယာလန်အသင်းနှင့် ခြေစမ်းပွဲစဉ်၊ တနင်္ဂနွေနေ့တွင် ဘယ်လ်ဂျီယမ်အသင်း၊ ဗုဒ္ဓဟူးနေ့တွင် အိုက်စ်လန်အသင်းတို့နှင့် UEFA Nations League အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံထားရသည်..။ ရိစ် ဂျိမ်းစ် မှာ ဒိန်းမတ်အသင်းနှင့် ပွဲစဉ်တွင် ပြသခံခဲ့ရသည့် အနီကတ်ဒ်ကြောင့် ပွဲပယ်ပြစ်ဒဏ်ဖြင့် ယခုတစ်ပါတ် UEFA Nations League ပွဲစဉ်များတွင် ပါဝင်နိုင်မည်မဟုတ်ပေ..။

⚽️ နောက်ခံလူ အင်းဒရီးယက်စ် ခရစ်စ်တီယန်ဆန် မှာ ဗုဒ္ဓဟူးနေ့တွင် ဆွီဒင်အသင်းနှင့် ခြေစမ်းပွဲစဉ်၊ တနင်္ဂနွေနေ့တွင် အိုက်စ်လန်အသင်း၊ ဗုဒ္ဓဟူးနေ့တွင် ဘယ်လ်ဂျီယမ်အသင်းတို့နှင့် UEFA Nations League အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည့် ဒိန်းမတ် လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံထားရသည်..။ (သို့သော်ဒိန်းမတ်နိုင်ငံမှာ ဗြိတိန်နိုင်ငံ၏ ခရီးသွားလာမှု ကန့်သတ်ထားသော နိုင်ငံများစာရင်းတွင် ပါဝင်နေသောကြောင့် ခရစ်စ်တီယန်ဆန် မှာ ဒိန်းမတ်အသင်းတွင် ပါဝင်နိုင်ရန် မသေချာနေကြောင်း သိရသည်..။)


⚽️ ခရစ်စ်တယ် ပဲလေ့စ်အသင်းသို့ အဌားရောက်ရှိနေသည့် ဘယ်လ်ဂျီယမ် တိုက်စစ်မှူး မစ်ချီ ဘတ်ရှူအားယီ မှာ ဗုဒ္ဓဟူးနေ့တွင် ဆွစ်ဇာလန်အသင်းနှင့် ခြေစမ်းပွဲစဉ်၊ တနင်္ဂနွေနေ့တွင် အင်္ဂလန်အသင်း၊ ဗုဒ္ဓဟူးနေ့တွင် ဒိန်းမတ်အသင်းတို့နှင့် ယှဉ်ပြိုင်မည့် ဘယ်လ်ဂျီယမ် လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံထားရသည်..။

⚽️ လူငယ်ကစားသမား အီသန် အမ်ပါဒူး မှာ ကြာသာပတေးနေ့တွင်အမေရိကန် ပြည်ထောင်စုအသင်းနှင့် ခြေစမ်းပွဲစဉ်၊ တနင်္ဂနွေနေ့တွင် အိုင်ယာလန်အသင်း၊ ဗုဒ္ဓဟူးနေ့တွင် ဖင်လန်အသင်းတို့နှင့် UEFA Nations League အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်မည့် ဝေလအသင်းအတွက် ရွေးချယ်ခံထားခဲ့သည်..။

⚽️ ရှေ့တန်းတိုက်စစ်မှူး တီမို ဗာနာ နှင့် နောက်တန်းလူ အန်တိုနီယို ရူဒီဂါ တို့မှာ ဗုဒ္ဓဟူးနေ့တွင် ချက် ပြည်ထောင်စုအသင်းနှင့် ခြေစမ်းပွဲစဉ်၊ စနေနေ့တွင် ယူကရိန်းအသင်း၊ အင်္ဂါနေ့တွင် စပိန်အသင်းတို့နှင့် UEFA Nations League အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်မည့် ဂျာမနီ လက်ရွေးစင် အသင်းအတွက် ရွေးချယ်ခံထားရသည်..။

⚽️ ကွင်းလယ်ကစားသမား အန်ဂိုလို ကန်တေး၊ နောက်ခံလူ ကတ် ဇူးမား နှင့် တိုက်စစ်မှူး အိုလီဗာ ဂျီရူးဒ် တို့မှာ ဗုဒ္ဓဟူးနေ့တွင် ဖင်လန်အသင်းနှင့် ခြေစမ်းပွဲစဉ်၊ စနေနေ့တွင် ပေါ်တူဂီအသင်း၊ အင်္ဂါနေ့တွင် ဆွီဒင်အသင်းတို့နှင့် UEFA Nations League အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည့် ပြင်သစ် လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံထားရသည်..။



⚽️ ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ မှာ ဗုဒ္ဓဟူးနေ့တွင် နယ်သာလန်အသင်းနှင့် ခြေစမ်းပွဲစဉ်၊ စနေနေ့တွင် ဆွစ်ဇာလန်အသင်း၊ အင်္ဂါနေ့တွင် ဂျာမနီအသင်းတို့နှင့် UEFA Nations League အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်မည့် စပိန်အသင်းအတွက် ရွေးချယ်ခံထားရသည်..။
 
⚽️ ဗုဒ္ဓဟူးနေ့တွင် အက်စ်တိုးနီးယားအသင်းနှင့် ခြေစမ်းပွဲစဉ်၊ တနင်္ဂနွေနေ့တွင် ပိုလန်အသင်း၊ ဗုဒ္ဓဟူးနေ့တွင် ဘော့စ်နီးယားအသင်းတို့နှင့် UEFA Nations League အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်မည့် အီတလီလက်ရွေးစင်အသင်းတွင် ဘယ်နောက်ခံလူ အီမာဆန် ပါလ်မီးရီ နှင့် ကွင်းလယ်ကစားသမား ဂျော်ဂင်ဟို တို့အား ရွေးချယ်ထားခဲ့သည်..။

⚽️ ကွင်းလယ်ကစားသမား မက်တီယို ကိုဗာဆစ် မှာ ဗုဒ္ဓဟူးနေ့တွင် တူရကီအသင်းနှင့် ခြေစမ်းပွဲစဉ်၊ စနေနေ့တွင် ဆွီဒင်အသင်း၊ အင်္ဂါနေ့တွင် ပေါ်တူဂီအသင်းတို့နှင့် UEFA Nations League အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည့် ခရိုအေးရှား လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံထားရသည်..။



⚽️ ဟော်လန်လိဂ် ပြိုင်ပွဲဝင် ဗီတက်ဆီ အာဟမ်အသင်းတို့ အဌားရောက်ရှိနေသာ လူငယ်တိုက်စစ်မှူး အာမန်ဒို ဘရော့ဂျားစ် မှာ ဗုဒ္ခဟူးနေ့တွင် ကိုလိုဗို အသင်းနှင့် ခြေစမ်းပွဲစဉ်၊ တနင်္ဂနွေနေ့တွင် ကာဇက်ဇ်စတန်အသင်း၊ ဗုဒ္ဓဟူးနေ့တွင် ဒိန်းမတ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် အယ်လ်ဘေးနီးယား လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံခဲ့ရသည်..။

⚽️ တောင်ပံကစားသမား ခရစ်စ်တီယန် ပူလီဆစ် မှာ ကြာသာပတေးနေ့တွင် ဝေလအသင်း၊ တနင်္လာနေ့တွင် ပနားမားအသင်းတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည့် အမေရိကန် လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံခဲ့ရသည်..။

⚽️ တောင်ပံကစားသမား မှာ ဟာကင် ဇိုင်းယက်ချ် မှာ သောကြာနေ့နှင့် နောက်တစ်ပါတ် အင်္ဂါနေ့များတွင် Central Africa Republic အသင်းနှင့် အာဖရိကဖလားပြိုင်ပွဲ၊ ခြေစစ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့် မော်ရိုကို လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံခဲ့ရသည်..။


    
⚽️ ဘယ်နောက်ခံလူ ဘာဘာ ရာမန် မှာ ကြာသာပတေးနေ့နှင့် နောက်တစ်ပါတ် အင်္ဂါနေ့များတွင် ဆူဒန်အသင်းနှင့် အာဖရိကဖလားပြိုင်ပွဲ၊ ခြေစစ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့် ဂါနာလက်ရွေးစင်အသင်းတွင် ရွေးချယ်ခံခဲ့ရသည်..။

⚽️ ဂိုးသမား အက်ဒ်ဒွပ် မန်ဒီ မှာ ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့များတွင် Guinea-Bissau အသင်းနှင့် အာဖရိကဖလားပြိုင်ပွဲ၊ ခြေစစ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့် ဆီနီဂေါ လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံခဲ့ရသည်..။

⚽️ နောက်ခံလူ သီယာဂို ဆေးလ်ဗား မှာ သောကြာနေ့တွင် ဗင်နီဇွဲလားအသင်း၊ အင်္ဂါနေ့တွင် ဥရုဂွေးအသင်းများနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့် ဘရာဇီးလ်လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံခဲ့ရသည်..။



လူငယ်ကစားသမားများ
=============
England Under-21s: Conor Gallagher, Marc Guehi, Callum Hudson Odoi
Scotland Under-21s: Billy Gilmour
England Under-20s: Tino Anjorin, Tino Anjorin, Henry Lawrence, Marcel Lewis, Tino Livramento
England Under-19s: Lewis Bate, Myles Peart-Harris, Dion Rankine, Dynel Simeu
England Under-18s: Levi Colwill, Teddy Sharman-Lowe, Harvey Vale
England U17: Lewis Hall, Brodi Hughes, Jude Soonsup-Bell, Silko Thomas and Charlie Webster