feature-image

နည်းပြရဲ့အချစ်တော် မဟုတ်ပါဘူးလို့ ငြင်းဆိုလိုက်တဲ့ ‘မေဆန် မောင့်’

ဖရန့် လမ်းပတ် နှင့် ချယ်လ်ဆီးအသင်းမှ ယခုနှစ်ဘောလုံးရာသီတွင် ကစားသမားသစ် အများအပြား ခေါ်ယူခဲ့သော်လည်း အသက် (၂၁) နှစ်သား လူငယ်ကွင်းလယ်ကစားသမားမှာ အသင်းတွင် ပုံမှန်နေရာပေးခံနေခဲ့ရသောကြောင့် အဝေဖန်ခံနေခဲ့ရသည်..။

သို့သော် မေဆန် မောင့် မှာ Social Media မှ ဝေဖန်ချက်များကို ငြင်းဆိုသွားပြီး ချယ်လ်ဆီးအသင်းတွင် ထိုသို့ဦးစားပေးခံခြင်း မရှိကြောင်း ပြောကြားခဲ့သည်..။ အင်္ဂလန်ကွင်းလယ် ကစားသမားမှာ ခြေစွမ်းမပြနိုင်ခဲ့သည့် ပွဲစဉ်များ ရှိခဲ့သော်လည်း နည်းပြဖရန့် လမ်းပတ် ၏ အမာခံ ကစားသမားအဖြစ် ယခုနှစ်တွင် ရောက်ရှိလာသော တန်ကြေးမြင့်ကစားသမားထက် ဦးစားပေးခံခဲ့ရသည်..။

မေဆန် မောင့် မှာ ဖရန့် လမ်းပတ် ဒါဘီအသင်းကို ကိုင်တွယ်စဉ်ကတည်းက ပါဝင်ခွင့်ခဲ့ရသူ ဖြစ်သောကြောင့် နည်းပြ၏ အချစ်တော် ဖြစ်နေသောကြောင့် ယခုလိုနေရာရနေခြင်းဖြစ်သည် ဆိုသည့် ပြောဆိုချက်များအပေါ် သူ၏ခံယူချက်ကို ယခုလိုပြောပြခဲ့သည်..။

“No.. ကျွန်တော်ဟာ နည်းပြရဲ့ အချစ်တော်ကစားသမား လုံးဝမဟုတ်ပါဘူး.။ ကျွန်တော်ဟာ အသင်းအတွက် အကောင်းဆုံးပေးဆပ် ကြိုးစားချင်တဲ့ ကစားသမား တစ်ယောက်ပဲ ဖြစ်ပါတယ်..။ ဘယ်လိုဖြစ်ပြီး လူတွေက ကျွန်တော့်ကို အမြင်မှားနေကြလဲ.. ကျွန်တော်နားမလည်မိပါဘူး..။

သူတို့တွေရဲ့ ကော်မန့်တွေကို နေရာတိုင်းလိုလိုမှာ တွေ့နေရတာပါပဲ..။ အခုခေတ်မှာ social media ရဲ့ သက်ရောက်မှုဟာ ပိုပြီးကြီးမားလာပေမယ့် ကျွန်တော်ဟာ social media ကို သိပ်ပြီးအာရုံစိုက်တဲ့သူ မဟုတ်ပါဘူး..။ အထူးသဖြင့် ပရိသတ်တွေ ကွင်းထဲကို မလာနိုင်ခဲ့တဲ့အချိန်မှာ သူတို့ရဲ့လွှမ်းမိုးမှုဟာ ပိုပြီးကြီးမားလာပါတယ်..။ ကျွန်တော်ဟာ သိပ်တော့မဖတ်ဖြစ်ဘူးဗျ..။ ဒါ့ကြောင့်ကျွန်တော့်အတွက် စိတ်အနှောင့်အယှက် မဖြစ်ပါဘူး..။ ကျွန်တော်ဟာ အကောင်းဆုံးခြေစွမ်းနဲ့ အမြဲတမ်းကစားနိုင်ဖို့ကိုပဲ အာရုံစိုက်ထားပါတယ်..။”