ချယ်လ်ဆီးအသင်းမှာ ယခုနှုစ်ဘောလုံးရာသီတွင် ကစားသမား (၃၂) ဦးကို အဌားချထားသည်..။ အဆိုပါကစားသမားများ ရောက်ရှိနေသည့်အသင်းများမှ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမတိုင်မီ ခြေစွမ်းများအပေါ် သုံးသပ်တင်ပြလိုက်ပါသည်..။
⚽️ ယခုနှစ်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရခဲ့သည့် ဖူးလ်ဟမ်းအသင်းမှာ ရာသီအစပိုင်း ကာလများတွင် ခြေစွမ်းအဆိုးရွားဆုံးအသင်း ဖြစ်ခဲ့သော်လည်း ယခုနောက်ပိုင်းကာလတွင် တိုးတက်မှုများကို မြင်တွေ့ခဲ့ရသည်..။ ရူဘင် လော့ဖ်တပ်စ် ချိခ် မှာ ဖူးလ်ဟမ်းအသင်းတွင် ပုံမှန်ကစားခွင့်ရရှိရန် ရုန်းကန်နေရဆဲဖြစ်ပြီး ယခုအချိန်ထိ (၁၀) ပွဲကစား၊ တစ်ဂိုး သွင်းယူထားနိုင်ခဲ့သည်..။
⚽️ ရော့စ် ဘာကလေ မှာ အက်စ်တွန် ဗီလာအသင်းတွင် ခြေစွမ်းပြနိုင်ခဲ့သော်လည်း ဒဏ်ရာကြောင့် အနားယူခဲ့ရခြင်းက သူ၏အရှိန်ရနေသည့် ခြေစွမ်းကို ရပ်တန့်စေခဲ့သည်..။ ရော့စ် ဘာကလေ မှာ သူ၏အက်စ်တွန် ဗီလာအသင်းနှင့်ပွဲဦးထွက်ကို လီဗာပူးလ်အသင်းအား ၇ဂိုး- ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲနှင့် စတင်ခဲ့ပြီး ဂျက်ခ် ဂရေးလစ်ရှ်၊ ဂျွန် မက်ဂ်ဂင်း တို့နှင့်အတူ တွဲဖက်ခြေစွမ်းပြနိုင်ခဲ့သလို အဖွင့်ပွဲတွင် သွင်းဂိုးတစ်ဂိုးပါ ရရှိခဲ့သည်..။ ထို့အပြင် လက်စ်တာအသင်းအား အနိုင်ရရှိခဲ့သည့်ပွဲတွင် အနိုင်ဂိုးကိုပါ သွင်းယူပေးနိုင်ခဲ့သည်..။
⚽️ မစ်ချီ ဘတ်ရှူအားယီ မှာ ခရစ်စ်တယ် ပဲလေ့စ်အသင်းသို့ ပထမအကြိမ် အဌားရောက်ရှိခဲ့သည့် ၂၀၁၈/၁၉ ဘောလုံးရာသီတွင် ခြေစွမ်းပြနိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိသေးပေ..။ ဘယ်လ်ဂျီယမ် တိုက်စစ်မှူးမှာ ပွဲထွက်ခွင့်လေးပွဲ အပါအဝင် (၁၀) ပွဲကစားခွင့်ရရှိထားသော်လည်း သွင်းဂိုးမရရှိသေးသလို တတိယဦးစားပေး တိုက်စစ်မှူးအဖြစ် ရောက်ရှိနေပါသည်..။
⚽️ ၂၀၁၅ ခုနှစ်ကတည်းက ချယ်လ်ဆီးအသင်းကို ရောက်ရှိနေသည့် ဒယ်နီလို ပန်တစ် မှာ ချယ်လ်ဆီးအသင်းအတွက် တစ်ကြိမ်မှ မကစားခဲ့ရဖူးပေ...။ ဆားဗီးယား ကွင်းလယ်ကစားသမားမှာ ယခုနှစ်ဘောလုံးရာသီတွင် ဆားဗီးယားလိဂ် ပြိုင်ပွဲဝင် Cukaricki အသင်းသို့ ရောက်ရှိနေပြီး (၁၀) ပွဲ ကစားခွင့် ရရှိထားသည်..။
⚽️ လူငယ်ဂိုးသမား ဂျေမီ ကမ်းမင်း မှာ လိဂ်တူးပြိုင်ပွဲဝင် Stevenage အသင်းသို့ အဌားရောက်ရှိနေပြီး ပွဲ (၂၀) ကစားခွင့်ရရှိထားသည်..။ Stevenage အသင်းမှာ လိဂ်တူးပြိုင်ပွဲတွင် အဆင့် (၂၂) နေရာတွင် ရပ်တည်လျှက်ရှိသည်..။
⚽️ ထရေဗာ ချာလိုဘာ မှာ ပြင်သစ်လီဂူး (၁) ပြိုင်ပွဲဝင် လိုရီးယန့်အသင်းသို့ ရောက်ရှိနေပြီး (၁၁) ပွဲကစားခွင့်ရရှိထားသည်..။ ထရေဗာ ချာလိုဘာ မှာ ကွင်းလယ်အဖျက်နေရာနှင့် ဗဟိုနောက်ခံလူနေရာများတွင် အများဆုံး ကစားခွင့်ရနေသော်လည်း လိုရီးယန့် အသင်းမှာ အဆင့် (၁၉) နေရာဖြင့် တန်းဆင်းဇုန်တွင် ရုန်းကန်နေရဆဲဖြစ်သည်..။
⚽️ တိုက်စစ်မှူး အစ်ကီ အဂ်ဘို မှာ ဘယ်လ်ဂျီယမ်လိဂ်ပြိုင်ပွဲဝင် Cercle Brugge အသင်းတွင် (၁၅) ပွဲကစား၊ (၁၀) ဂိုးသွင်းယူထားပြီး ခြေစွမ်းပြလျှက်ရှိသည်..။
⚽️ အသက် (၂၃) နှစ်အရွယ် လူငယ်ကွင်းလယ် ကစားသမား အစ်ဇီ ဘရောင်း မှာ ချန်ပီယံရှစ် ပြိုင်ပွဲဝင် ရှက်ဖီးလ် ဝက်နက်စ်ဒေး အသင်းတွင် (၁၄) ပွဲကစား၊ ဂိုးဖန်တီးမှု တစ်ကြိမ်သာ ရရှိထားပြီး အသင်းတွင် နေရာရရှိရန် ရုန်းကန်နေရဆဲဖြစ်သည်..။ ရှက်ဖီးလ် ဝက်နက်စ်ဒေးအသင်းမှာလည်း ချန်ပီယံရှစ်ပြိုင်ပွဲ၊ အမှတ်ပေးဇယားတွင် အဆင့် (၂၁) နေရာတွင် ရောက်ရှိလျှက်ရှိသည်..။
⚽️ အယ်လ်ဘေးနီးယား လူငယ်တိုက်စစ်မှူး အာမန်ဒို ဘရော့ဂျာ မှာ ဟော်လန်လိဂ်ပြိုင်ပွဲဝင် ဗီတက်ဆီ အာဟမ်အသင်းတွင် ခြေစွမ်းပြလျှက်ရှိပြီး COVID-19 ရောဂါပိုးတွေ့ရှိမှုကြောင့် အနားမယူရခင်အထိ (၁၀) ပွဲကစား၊ (၅) ဂိုးသွင်းယူထားနိုင်ခဲ့သည်..။
⚽️ ဂိုးသမား ဂျမယ်လ် ဘလက်မန်း မှာ ချန်ပီယံရှစ်ပြိုင်ပွဲဝင် ရော့သာဟမ် ယူနိုက်တက်အသင်းသို့ အဌားရောက်ရှိနေပြီး ချန်ပီယံရှစ်ပြိုင်ပွဲ (၁၆) ပွဲကစားခွင့်ရရှိထားသည်..။ ရော့သာဟမ် အသင်းမှာ ချန်ပီယံရှစ်ပြိုင်ပွဲ၊ အမှတ်ပေးဇယား အဆင့် (၂၃) နေရာသို့ ရောက်ရှိနေပြီး တန်းဆင်းဇုန်တွင် ရုန်းကန်နေရပါသည်..။
⚽️ နောက်ခံလူ မာ့ခ် ဂူဟီ မှာ မနှစ်ကဘောလုံးရာသီ၊ ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ဆွမ်ဆီးအသင်းသို့ အဌားသွားရောက်ခဲ့ပြီး (၁၂) ပွဲ ပါဝင်ကစားကာ ခြေစွမ်းပြနိုင်ခဲ့သည်..။ ထို့ကြောင့်ယခုနှစ်ဘောလုံးရာသီတွင် အဆိုပါအသင်းသို့ ထပ်မံသွားရောက်ခဲ့ပြီး ဒဏ်ရာကြောင့် မပါဝင်နိုင်သည့် ပွဲစဉ်များမှာလွဲ၍ အဓိကနောက်ခံလူအဖြစ် ပွဲပေါင်း (၂၀) ပါဝင်ခွင့်ရရှိထားသည်..။ မာ့ခ် ဂူဟီ မှာ ဝေလနောက်ခံလူ ဘင် ကာဘင်ဂို နှင့် တွဲဖက်ပြီး အင်္ဂလန်နိုင်ငံရှိ လိဂ်ပြိုင်ပွဲစုံအသင်းများအတွင်း ခံစစ်ပေးဂိုးအနည်းဆုံး (တစ်ပွဲလျှင် ပျမ်းမျှပေးဂိုး- ဝ.၅၆) အသင်းအဖြစ် ရှိနေသလို ချန်ပီယံရှစ် အမှတ်ပေးဇယားတွင် ဒုတိယနေရာသို့ ရောက်ရှိနေသည်..။
⚽️ လူငယ်ဂိုးသမား တက်ဒီ ရှားမင်း- လိုဝီ မှာ လိဂ်ဝမ်းပြိုင်ပွဲဝင် ဘာတန် အယ်လ်ဘီယွန်အသင်းသို့ ရောက်ရှိနေပြီး ယခုအချိန်ထိ ဖလားပွဲစဉ် နှစ်ပွဲသာ ပါဝင်ကစားခွင့်ရရှိထားသည်..။ ဘာတန် အသင်းမှာ လိဂ်ဝမ်းပြိုင်ပွဲ၊ အမှတ်ပေးဇယားတွင် အောက်ဆုံးနေရာသို့ရောက်ရှိနေပြီး မကြာသေးမီက မန်နေဂျာအပြောင်းအလဲအဖြစ် ချယ်လ်ဆီးအသင်း ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် အား ခန့်အပ်ခဲ့သည်..။
⚽️ ကွင်းလယ်ကစားသမား တာရစ်ခ် အူဝါကွီး မှာ လိဂ်ဝမ်းပြိုင်ပွဲဝင် အက်ခ်ရင်တန် စတန်လေအသင်းနှင့် ပွဲဦးထွက် ပွဲစဉ်တွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များတွင် ဆက်လက်ဂိုးမသွင်းနိုင်ခဲ့တော့ပေ..။ အက်ခ်ရင်တန် အသင်းမှာ လိဂ်ဝမ်းပြိုင်ပွဲတွင် အဆင့် (၆) နေရာ ရောက်ရှိနေပြီး အူဝါကွီး မှာ (၈) ပွဲကစား၊ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်ခဲ့သည်..။
⚽️ အမေရိကန် နောက်ခံလူ မတ် မီယက်ဇ်ဂါ မှာ ဘယ်လ်ဂျီယမ်လိဂ် ပြိုင်ပွဲဝင် အန်ဒါလက်ချ် အသင်းတွင် ခြေစွမ်းပြသလျှက်ရှိပြီး (၁၀) ပွဲကစားခွင့်ရရှိထားသည်..။ ထို့အပြင် အသက် (၂၆) နှစ်အရွယ် နောက်ခံလူမှာ မန်ချက်စတာ စီးတီး နောက်ခံလူဟောင်း ဗင်းဆင့် ကွန်ပနီ နည်းပြအဖြစ် တာဝန်ယူနေသည့် အန်ဒါလက်ချ် အသင်းသို့ အပြီးသတ်ပြောင်းရွှေ့လိုကြောင်း မကြာသေးမီက ပြောကြားခဲ့သည်..။
⚽️ ကွင်းလယ်ကစားသမား အီသန် အမ်ပါဒူး မှာ ရှက်ဖီးလ် ယူနိုက်တက်အသင်းတွင် (၁၁) ပွဲ ပါဝင်ကစားခွင့်ရရှိထားသည်..။ သို့သော်အမ်ပါဒူး အပါအဝင် ရှက်ဖီးလ် ယူနိုက်တက်အသင်းမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် ပထမဆုံးအနိုင်ပွဲတစ်ပွဲ ရရှိရန် ရုန်းကန်နေရဆဲဖြစ်သည်..။
⚽️ ဘရာဇီးလ် တောင်ပံကစားသမား ကနဒီ မှာ စပိန်လာလီဂါ ပြိုင်ပွဲဝင် ဂရန်နေဒါ အသင်းတွင် ခြေစွမ်းပြလျှက်ရှိပြီး (၁၈) ပွဲကစား၊ (၃) ဂိုးသွင်းယူပေးထားနိုင်ခဲ့သည်.။ ဂရန်နေဒါ အသင်းမှာ လာလီဂါပြိုင်ပွဲတွင် အဆင့် (၇) နေရာရောက်ရှိနေပြီး ယူရိုပါလိဂ် ပြိုင်ပွဲတွင်လည်း ရှုုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်..။
⚽️ ၂၀၁၉/၂၀ ဘောလုံးရာသီတွင် ချာလ်တန်အသင်း၊ ဆွမ်ဆီးအသင်းတို့နှင့်အတူ ခြေစွမ်းပြနိုင်ခဲ့သည့် ကွင်းလယ်ကစားသမား ကော်နာ ဂါလက်ချာ မှာ ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် ဝက်စ်ဘရွန်းအသင်းတွင်လည်း ခြေစွမ်းပြသလျှက်ရှိသည်..။ အသက် (၂၀) နှစ်အရွယ်ရှိ လူငယ်ကွင်းလယ်ကစားသမားမှာ ဝက်စ်ဘရွန်းအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ် (၁၄) ပွဲတွင် (၂) ဂိုးသွင်းယူထားခဲ့ပြီး အသင်းတွင် အဓိကကစားသမားအဖြစ် ပါဝင်လျှက်ရှိသည်..။
⚽️ ကွင်းလယ်ကစားသမား လူးဝစ် ဘေကာ မှာ တူရကီလိဂ်ပြိုင်ပွဲဝင် ထရက်ဘ်ဇွန်စပေါ အသင်းတွင် ပုံမှန်နေရာရနေပြီး အသင်းအတွက် (၁၆) ပွဲကစား၊ (၁) ဂိုးသွင်း၊ (၅) ဂိုးဖန်တီးပေးထားနိုင်ခဲ့သည်..။
⚽️ ညာနောက်ခံလူ ဒေးဗစ် ဇာပါကော့စ်တာ မှာ အီတလီစီးရီးအေ ပြိုင်ပွဲဝင် ဂျီနိုအာအသင်းသို့ ရောက်ရှိနေပြီး ဒဏ်ရာများကြောင့် ယခုအချိန်ထိ (၆) ပွဲသာ ပါဝင်ကစားခွင့် ရရှိထားသည်..။
⚽️ လုပ်ခ် မက်ခ်ကောမစ်ခ် မှာ ယခုနှစ်ဘောလုံးရာသီတွင် လိဂ်ဝမ်းပြိုင်ပွဲဝင် ဘရစ်စ်တို ရိုဗားစ် အသင်းသို့ အဌားသွားရောက်ခဲ့ပြီး ယခုအချိန်ထိ (၁၆) ပွဲကစား၊ (၂) ဂိုးသွင်းယူထားနိုင်ခဲ့သည်..။ ဘရစ်စ်တို ရိုဗားစ်အသင်းမှာ လိဂ်ဝမ်းပြိုင်ပွဲ၊ အမှတ်ပေးဇယားတွင် အဆင့် (၁၈) နေရာသို့ ရောက်ရှိနေပါသည်..။
⚽️ အသက် (၁၈) နှစ်အရွယ်ရှိ လူငယ်ဂိုးသမား အီသန် ဝေဒီ မှာ အပျော်တမ်းလိဂ် (National League South) ပြိုင်ပွဲဝင် ဒါ့တ်ဖို့ဒ် အသင်းသို့ အဌားရောက်ရှိနေပြီး ပုံမှန်ကစားခွင့်အတွက် ရုန်းကန်နေရဆဲဖြစ်သည်..။
⚽️ ကွင်းလယ်ကစားသမား ဂျိုနသန် ရပ်ဆယ်လ် မှာ လိဂ်ဝမ်းပြိုင်ပွဲဝင် အက်ခ်ရင်တန် စတန်လေ အသင်းသို့ တစ်ရာသီအဌားစာချုပ်ဖြင့် ရောက်ရှိနေပြီး ရော့ချ် ဒေးလ်အသင်းနှင့် ပွဲဦးထွက်မှာပင် အဖွင့်ဂိုးရရှိခဲ့သည်..။ အက်ခ်ရင်တန် အသင်းမှာ လိဂ်ဝမ်းပြိုင်ပွဲတွင် အဆင့် (၆) နေရာသို့ရောက်ရှိနေပြီး (၁၁) ပွဲကစား၊ (၂) ဂိုးသွင်းယူပေးထားနိုင်ခဲ့သည်..။
⚽️ အသက် (၂၆) နှစ်အရွယ် လူးကပ်စ် ပီယာဇွန် မှာ ပေါ်တူဂီလိဂ် ပြိုင်ပွဲဝင် Rio Ave အသင်းသို့ နှစ်ရာသီအဌားစာချုပ်ဖြင့် ရောက်ရှိနေပြီး ယခုနှစ်ဘောလုံးရာသီတွင် (၈) ပွဲအတွင်း (၂) ဂိုးသွင်းယူထားနိုင်ခဲ့သည်..။ လက်ရှိအချိန်တွင် ပီယာဇွန် မှာ Rio Ave အသင်းနှင့် စာချုပ်ဖျက်သိမ်းပြီး ဘရာဂါအသင်းသို့ အပြီးသတ်ပြောင်းရွှေ့နိုင်ရန် နီးစပ်နေပြီဟု သတင်းများက ဖော်ပြနေကြသည်..။
⚽️ ပြင်သစ်ကွင်းလယ်ကစားသမား တီမူယီ ဘာကာယိုကို မှာ အီတလီစီးရီးအေ ပြိုင်ပွဲဝင် နာပိုလီအသင်းသို့ တစ်ရာသီအဌားစာချုပ်ဖြင့် ရောက်ရှိနေပြီး ယခင်အေစီ မီလန်အသင်းနည်းပြ ဂျီနာရို ဂတ်တူဆို နှင့် ပြန်လည်လက်တွဲခွင့် ရနေခဲ့သည်..။ ဘာကာယိုကို မှာ နာပိုလီအသင်းတွင် ပြိုင်ပွဲစုံ (၁၈) ပွဲ ပါဝင်ကစားခွင့်ရရှိထားပြီး ရာသီကုန်ချိန်တွင် ပြောင်းရွှေ့ကြေး ယူရို (၁၈) သန်းဖြင့် အပြီးသတ် ပြောင်းရွှေ့မည်ဖြစ်ကြောင်း အီတလီသတင်းဌာန Gazzetta dello Sport က ဖော်ပြခဲ့သည်..။
⚽️ ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့သည့် ပြင်သစ်နောက်ခံလူ မာလန် ဆားရ် မှာ ပေါ်တူဂီလိဂ် ပြိုင်ပွဲဝင် ပေါ်တိုအသင်းသို့ တစ်ရာသီအဌားစာချုပ်ဖြင့် ထပ်မံသွားရောက်ခဲ့သည်..။ အသက် (၂၃) နှစ်အရွယ် ပြင်သစ်နောက်ခံလူမှာ ပေါ်တိုအသင်းတွင် ပြိုင်ပွဲစုံ (၁၂) ပွဲ ကစားခွင့်ရရှိထားပြီး clean sheet (၇) ကြိမ် ရရှိထားပါသည်..။ မာလန် ဆားရ် မှာ မန်ချက်စတာ စီးတီးအသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် အထူးခြေစွမ်းပြ ကစားနိုင်ခဲ့သည်..။
⚽️ ကွင်းလယ်ကစားသမား မာကို ဗင် ဂျင်ကယ်လ် မှာ ဒဏ်ရာပြသနာများကြောင့် ၂၀၁၈ ခုနှစ်၊ မေလနောက်ပိုင်းတွင် ကစားခွင့်မရပဲ ဖြစ်နေရာမှ ယခုအချိန်တွင် ပီအက်စ်ဗွီ အိုင်ဒိုဗန်အသင်းနှင့် ပြန်လည်လေ့ကျင့်နေပြီဖြစ်သည်..။
⚽️ ဘယ်နောက်ခံလူ ဂျူအန် ကာစတယ်လို မှာ ဟော်လန်လိဂ် ပြိုင်ပွဲဝင် AZ Alkmaar အသင်းသို့ အဌားရောက်ရှိနေပြီး ယခုအချိန်ထိ လူစားဝင်ကစားခွင့် တစ်ကြိမ်သာ ရရှိထားသေးသည်..။
⚽️ လူငယ်ဂိုးသမား နေသန် ဘတ်စ်တာ မှာ အက်ခ်ရင်တန် စတန်လေ အသင်းသို့ အဌားရောက်ရှိခဲ့ရာတွင် ကနဦးကာလ၌ ဂိုးသမား တိုဘီ ဆာဗင် ၏ နောက်တွင် ဒုတိယဂိုးသမားအဖြစ်သာ နေရာရခဲ့သည်..။ သို့သော် ဒီဇင်ဘာလမှစတင် ပွဲထွက်ခွင့်ရခဲ့ပြီး နှစ်ပွဲဆက်တိုက် clean sheet နှစ်ကြိမ်ရရှိအောင် လက်စွမ်းပြနိုင်ခဲ့သည်..။ အက်ခ်ရင်တန် အသင်းမှာ လိဂ်ဝမ်းပြိုင်ပွဲတွင် အဆင့် (၆) နေရာသို့ ရောက်ရှိနေပါသည်..။
⚽️ ဘယ်နောက်ခံလူ အီယန် မတ်ဆန် မှာ ချန်ပီယံရှစ် ပြိုင်ပွဲဝင် ချာလ်တန် အက်တလက်တစ် အသင်းတွင် ပုံမှန်နေရာရနေပြီး ပြိုင်ပွဲစုံ (၁၄) ပွဲကစား၊ ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ထားနိုင်ခဲ့သည်..။ ချာလ်တန်အသင်းမှာ ချန်ပီယံရှစ်ပြိုင်ပွဲတွင် အဆင့် (၇) နေရာတွင် ရပ်တည်လျှက်ရှိသည်..။
⚽️ နိုက်ဂျီးရီးယား တောင်ပံကစားသမား ဗစ်တာ မော့ဆက်စ် မှာ ရုရှလိဂ်ပြိုင်ပွဲဝင် စပါးတပ်စ် မော်စ်ကို အသင်းသို့ အဌားရောက်ရှိနေပြီး သူ၏ပွဲဦးထွက် ပွဲစဉ်မှာပင် အဖွင့်ဂိုးရရှိခဲ့သည်..။ မော့ဆက်စ် မှာ စပါးတပ်စ် အသင်းတွင် (၉) ပွဲ ပါဝင်ကစားခွင့် ရရှိထားသည်..။
⚽️ လူငယ်နောက်ခံလူ ဂျိတ်ခ် ကလာ့ခ် ဆော်လ်တာ မှာ ယခုနှစ်ဘောလုံးရာသီက ခြေစွမ်းပြနိုင်ခဲ့သည့် ချန်ပီယံရှစ် ပြိုင်ပွဲဝင် ဘာမင်ဂမ် စီးတီးအသင်းသို့ တစ်ရာသီအဌားစာချုပ်ဖြင့် ပြန်လည်သွားရောက်ခဲ့သည်..။ သို့သော် ဆော်လ်တာ မှာ ဒဏ်ရာပြသနာများကြောင့် (၆) ပွဲသာ ပါဝင်ကစားခွင့်ရရှိထားသည်..။
⚽️ လူငယ်ကွင်းလယ်ကစားသမား ဂျော့ချ် မက်ခ်အိယန် မှာ ဟော်လန်လိဂ်၊ ဒုတိယတန်းပြိုင်ပွဲဝင် MVV Maastricht အသင်းသို့ တစ်ရာသီအဌားသွားရောက်ခဲ့ရာ သုံးပွဲပါဝင်ခွင့် ရရှိထားခဲ့သည်..။ သို့သော်မကြာသေးမီက မက်စ်စထရစ်ချ်အသင်းက မက်ခ်အိယန် ၏ စာချုပ်ကို ‘ကစားသမား၏ ပုဂ္ဂိုလ်ရေး အကြောင်းပြချက်ဖြင့်’ ဖျက်သိမ်းခဲ့ကြောင်း ကြေငြာခဲ့သည်..။