feature-image

‘ဂျူလီယန် နာဂယ်လ်မန်း’ ကို ရာသီကုန်ထိ စောင့်ရဖွယ်ရှိနေတဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဂန္ထဝင်ကွင်းလယ် ကစားသမားဟောင်း ဖရန့် လမ်းပတ် မှာ အသင်း၏ရလဒ်ဆိုးများမှ ရုန်းထွက်နိုင်ရန် ဖိအားများနှင့် ရင်ဆိုင်နေရပြီး မက်ဆီမီလာနို အယ်လ်လီဂရီ၊ သောမတ်စ် တူချယ် တို့နှင့် RB လိုက်ပ်ဇစ်အသင်း မန်နေဂျာ ဂျူလီယန် နာဂယ်လ်မန်းစ် မှာလည်း ရေပန်းစားနေသည့် မန်နေဂျာများစာရင်းတွင် ပါဝင်လျှက်ရှိသည်..။ သို့သော် ရိုမန် အေဘရာမိုဗစ်ချ် အနေဖြင့် ဂျူလီယန် နာဂယ်လ်မန်း အား ခန့်အပ်လိုပါက ယခုနှစ်ဘောလုံးရာသီအကုန်အထိ စောင့်ရဖွယ်ရှိနေသည်ဟု Sky Sports သတင်းဌာနက ဖော်ပြခဲ့သည်..။
နာဂယ်လ်မန်း ကိုင်တွယ်လျှက်ရှိသော ကိုင်တွယ်နေသော လိုက်ပ်ဇစ်အသင်းမှာ ဂျာမနီဘွန်ဒက်စ်လီဂါ ပြိုင်ပွဲတွင် အမှတ်ပေးဇယား ဒုတိယနေရာသို့ ရောက်ရှိနေသောကြောင့် ချယ်လ်ဆီးအသင်းမှ ခေါ်ယူမည်ဟု ရေပန်းစားနေသည့် လူငယ်မန်နေဂျာအား ရာသီဝက်ကာလတွင် လက်လွှတ်နိုင်ဖွယ်မရှိကြောင်း သိရသည်..။

လိုက်ပ်ဇစ်အသင်းမှာ နောက်လတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၊ နောက်ဆုံး (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားရပါမည်..။ ထို့အပြင် ဂျာမနီဘွန်ဒက်စ်လီဂါ ပြိုင်ပွဲတွင်လည်း လက်ရှိချန်ပီယံ ဘေယန် မြူးနစ်အသင်းထက် လေးမှတ်သာ လျော့နည်းနေပြီး အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်နိုင်သည့် အခွင့်အရေး ရှိနေခဲ့သည်..။

ချယ်လ်ဆီးအသင်းမှာ Red Bull အဖွဲ့အစည်းဝင် အသင်းများနှင့် ကောင်းမွန်သည့်ဆက်ဆံရေးများ တည်ဆောက်နိုင်ခဲ့သော်လည်း လိုက်ပ်ဇစ်အသင်း CEO အိုလီဗာ မင့်ဇ်လပ်ဖ် မှာ နာဂယ်လ်မန်း အား စတန်းဖို့ဒ် ဘရစ်ချ်သို့ လွယ်လွယ်ဖြင့် ထွက်ခွာခွင့်ပြုလိမ့်မည် မဟုတ်ကြောင်း သိရသည်..။