ချယ်လ်ဆီးအသင်းမှာ ကွင်းလယ်အဖျက် ကစားသမားနေရာတွင် အန်ဂိုလို ကန်တေး ကို အားဖြည့်နိုင်ရန် ၀က်စ်ဟမ်းအသင်းမှ ဒက်ကလန် ရိုက်စ် ကို ခေါ်ယူမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မြင့်မားသည့် ပြောင်းရွှေ့ကြေးကြောင့် မရရှိခဲ့ပါက အစားထိုင်းနိုင်ရန်အတွက် ပြင်သစ်လီဂူး (၁) ပြိုင်ပွဲ၀င် မိုနာကိုအသင်းမှ အသက် (၂၀) နှစ်အရွယ် ကွင်းလယ်အဖျက် ကစားသမား အော်ရီလီယန် တိုယူအားမန်နီ (Aurelien Tchouameni) အား ခေါ်ယူနိုင်ရန် စိတ်၀င်စားနေသည်ဟု ESPN သတင်းဌာနက ဖော်ပြခဲ့သည်..။
တိုယူအားမန်နီ မှာ မိုနာကိုအသင်းကို ပြောင်းရွှေ့ကြး ယူရို (၁၈) သန်းဖြင့် ရောက်ရှိခဲ့ပြီး ယခုအချိန်တွင် နည်းပြ နီကို ကိုဗက်စ် ၏ အဓိကကွင်းလယ်ကစားသမားအဖြစ် ခြေစွမ်းပြလျှက်ရှိသည်..။ မိုနာကို အသင်းမှာ အဆိုပါလူငယ်ကွင်းလယ် အဖျက်ကစားသမားအား ယခုနှစ်ဇန်န၀ါရီတွင် အပြောင်းအရွှေ့တွင် လက်လွတ်ဖွယ် မရှိသော်လည်း လာမည့်နွေရာသီ အပြောင်းအရွှေ့တွင် ထိုက်တန်သည့် ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့် ပြုနိုင်ဖွယ် ရှိနေကြောင်း ဖော်ပြခဲ့သည်..။