feature-image

‘သောမတ်စ် တူခယ်လ်’ ရွေးချယ်ပေးခဲ့တဲ့ ဥရောပဂန္တဝင် ကစားသမားများအသင်း

ချယ်လ်ဆီးအသင်း၏ Official Partner ဖြစ်သော ‘Three’ မှ တင်ဆက်သည့် Promotion အစီအစဉ်တစ်ခုတွင် နည်းပြ သောမတ်စ် တူခယ်လ် က အစီအစဉ်တင်ဆက်သူ ဂျော့ရှ် ဒင်ဆယ်လ် ရွေးချယ်ပေးခဲ့သည့် ၁၉၉၀ ပြည့်လွန်နှစ်များက ဥရောပ ကလပ်အသင်းများ၏ ဂန္တဝင်ကစားသမားများထဲမှ နေရာအလိုက် အကောင်းဆုံးအသင်းကို ယခုလိုရွေးချယ်ပေးခဲ့ပါသည်..။

ဂျော့်ရှ် ဒင်ဆယ်လ် - သောမတ်စ် ရေ.. အခုတင်ဆက်မယ့် အစီအစဉ်ကတော့ ၁၉၉၀ ပြည့်လွန်နှစ်များက ဥရောပဘောလုံးလောကမှာ ရွှေရောင်လွှမ်းခဲ့တဲ့ လျှမ်းလျှမ်းတောက် ဂန္တဝင်ကစားသမားကြီးတွေထဲကနေ နေရာအလိုက် အကောင်းဆုံးအသင်းကို ရွေးချယ်ပေးဖို့ ဖြစ်ပါတယ်..။ ခင်ဗျားက နည်းပြတစ်ယောက် ဖြစ်နေတော့ အဲဒီလို ကစားသမားတွေကို ရွေးချယ်ပေးတဲ့နေရာမှာ ကွျွမ်းကျင်ပညာရှင်အဆင့်ပဲလေ..
သောမတ်စ် တူခယ်လ် - အချိန်ဘယ်လောက်ရမလဲ..? အခုအစီအစဉ် မိနစ်ပိုင်းအတွင်းမှာ ရွေးပေးရမှာလားဗျ..? သိပ်တော့မမျှတသလိုပဲနော.. ဟားဟား..



ဂျော့်ရှ် ဒင်ဆယ်လ် - နာရီနဲ့ချီပြီး လိုလို့လားဗျ..? ဒီအပိုင်းက ခင်ဗျားပိုင်နိုင်ပြီးသားပဲလေဗျာ.. ဟားဟား.. နောက်ပြီး အခုကျွန်တော်ပြောမယ့် ကစားသမားတွေအကြောင်းက ခင်ဗျားရဲ့ခေါင်းထဲမှာ ရှိပြီးဖြစ်မှာပါ..၊ ဒါ့အပြင် ငါ့ရဲ့အသင်းမှာ သူတို့လိုကစားသမားတွေသာ ရရှိခဲ့မယ်ဆိုရင် ဘယ်လိုနေရာထားပြီး ကစားခိုင်းမယ်ဆိုတဲ့ အစီအမံလည်း အကြမ်းဖျင်းရှိပြီးသားနေမှာပါ.. ဟုတ်တယ်မလားဗျ.. ဟားဟား..။ ဒါ့ကြောင့်ကျွန်တော်သာ ဒီလိုဂန္တဝင်တွေနဲ့ ခေါင်းစားမယ်ဆိုရင် ငါးနာရီလောက် ကြာနိုင်ပေမယ့် ခင်ဗျားဆိုရင် နှစ်မိနစ်အတွင်း ကိစ္စတွေပြီးပြတ် သွားနိုင်ပါတယ်ဗျ..
သောမတ်စ် တူခယ်လ် - အဲလိုတော့လည်း မဟုတ်ပါဘူး.. ကဲပါ.. ထားပါတော့.. OK.. စလိုက်ရအောင်လေ..

ဂျော့်ရှ် ဒင်ဆယ်လ် - ကျေးဇူးပါ..။ ကျွန်တော်တို့ ဂိုးသမားနေရာကနေ စလိုက်ကြရအောင်ဗျာ..၊ ကျွန်တော်အများကြီး ရွေးမထားပါဘူး..၊ နှစ်ယောက်ပဲ ဆန်ကာတင် ချန်ထားပါတယ်..။ ပထမ တစ်ယောက်က ‘အိုလီဗာ ခန်း’..၊ တကယ့်ကို မယုံနိုင်စရာကောင်းအောင် ထူးချွန်လှတဲ့ ဂျာမန်ဂိုးသမားကြီးပါ..၊ နောက်တစ်ယောက်က ‘ပီတာ ရှမိုက်ကယ်လ်’..?
သောမတ်စ် တူခယ်လ် - ဒီတစ်ခါတော့ ဂျာမနီကို ကျွန်တော်ဆန့်ကျင်ရပါလိမ့်မယ်..။ ‘ပီတာ ရှမိုက်ကယ်လ်’ ကို ကျွန်တော်ရွေးပါ့မယ်..။ ဘယ်လောက်တောင် ရဲရင့်၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက်လဲဗျာ.. ဟားဟား.. အိုလီဗာ ရေ.. ကျွန်တော့်ကို ခွင့်လွှတ်ပါ.. ဒါပေမယ့် ပီတာ ရှမိုက်ကယ်လ် ကိုပဲ ကျွန်တော်ရွေးပါ့မယ်..။



ဂျော့ရှ် ဒင်ဆယ်လ် - Ok… ‘full backs’ တွေ ရွေးရအောင်..။ ဘယ်နောက်ခံလူနေရာမှာ 'ရော်ဘတ်တို ကားလို့စ်’ နဲ့ ‘ပေါ်လို မာလ်ဒီနီ’..?? မတူညီတဲ့ နောက်ခံလူနှစ်ယောက်ဗျာ.. တစ်ယောက်က ဘောလုံးပညာ ကောင်းမွန်တယ်..၊ နောက်တစ်ယောက်က ခံစစ်ပိုင်းအရမ်းလုံခြုံတဲ့ နောက်ခံလူစစ်စစ်… အား… ကျွန်တော်မှန်းကြည့်မယ်.. မာလ်ဒီနီ ကိုပဲ ခင်ဗျားရွေးလိမ့်မယ်.. ဟုတ်တယ်မလား..?
သောမတ်စ် တူခယ်လ် - No.. ‘ရော်ဘတ်တို ကားလို့စ်’ ကို ကျွန်တော်ရွေးပါတယ်…၊ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်နဲ့ လူချင်းတွေ့ဖူးလို့..၊ ရင်းနှီးတဲ့သူမလို့ဗျ.. ဟားဟား.. သူဟာအရမ်းကို ခင်မင်ဖို့ကောင်းတဲ့သူ ဖြစ်သလို ကျွန်တော်တို့ တွေ့တွေ့ချင်းမှာပဲ ငယ်ပေါင်းသူငယ်ချင်းတွေလို ချက်ချင်းရင်းနှီးသွားခဲ့တာပါ..။

ဂျော့ရှ် ဒင်ဆယ်လ် - ဟုတ်လားဗျ.. ခင်တဲ့သူမလို့ ရွေးလိုက်တယ်ပေါ့.. မှတ်တောင်ထားရဦးမယ်..။ OK ပါ.. ကဲ.. ညာနောက်ခံလူနေရာမှာတော့ ‘ဇာဗီယာ ဇာနက်တီ’ နဲ့ ‘ကာဖူး’ ဗျာ..၊ အင်တာ မီလန် vs အေစီ မီလန် ပေါ့..၊ ခင်ဗျားအတွက် အတော်လေးကိုခက်ခဲတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါလိမ့်မယ်..
သောမတ်စ် တူခယ်လ် - ဒီတစ်ခါတော့ အရပ်အမောင်းကိစ္စကို ထည့်စဉ်းစားဖို့ လိုလာပါပြီ..။ ဘယ်တောင်ပံမှာ ရော်ဘတ်တို ကားလို့စ် ကို ရွေးခဲ့တာကြောင့် ကျွန်တော်တို့ရဲ့ ညာတောင်ပံမှာ အရပ်အမောင်းကောင်းတဲ့သူကို ပိုပြီးဦးစားပေးရမယ့်သဘော ဖြစ်လာတာပေါ့..။ ဒါ့ကြောင့် ‘ဇာဗီယာ ဇာနက်တီ’ ကို ကျွန်တော်ရွေးပါ့မယ်..။ set pieces တွေအတွက် စဉ်းစားရဦးမယ်လေ… ဟုတ်တယ်မလားဗျ..

ဂျော့ရှ် ဒင်ဆယ်လ် - ဟုတ်ပါပြီဗျာ..။ ကြည့်ရတာ ကျွန်တော်တို့ရဲ့ နောက်တန်းမှာ ဘောလုံးပညာကောင်းတဲ့သူ အများကြီး ပါမယ့်သဘောဆိုတော့ အတော်လေးကို စိတ်လှုပ်ရှားဖို့ကောင်းမှာပါပဲ..။ ကဲ.. အခုကတော့ ‘center backs’ တွေ အလှည့်ကျရောက်လို့ လာပါပြီ..
သောမတ်စ် တူခယ်လ် - အား.. ဗဟိုခံစစ်တွေက အရေးကြီးတာပေါ့..၊ သေသေချာချာ ရွေးရလိမ့်မယ်ဗျ..
ဂျော့ရှ် ဒင်ဆယ်လ် - ဟုတ်ကဲ့ပါ.. ခင်ဗျားရွေးပေးရမှာက ‘မာဆယ်လ် ဒက်ဆေးလီ’..၊ ရီးရဲလ် မက်ဒရစ်အသင်းက ‘ဖာနန်ဒို ဟီယာရို’..၊ ဒါမှမဟုတ် ‘ရော်နယ်လ် ကိုးမင်း’ နဲ့ ‘ဖရန့် ဒီဘိုးရ်’ တို့ လေးယောက်ထဲက နှစ်ယောက် ရွေးပေးပါ..



သောမတ်စ် တူခယ်လ် - ဟူးးး… ရွေးရတာ အတော်ခက်ပါတယ်..။ ‘ဒက်စ်ဆေးလီ’ နဲ့ ‘ကိုးမင်း’ ကို ကျွန်တော်ရွေးတယ်ဗျာ..။ ကျောက်ဆောင်တွေအလား တကယ့်ကိုတောင့်တင်းတဲ့ နောက်တန်းခံစစ်ပါပဲ..။ နိုင်ငံတကာ ဘောလုံးပွဲတွေ စကြည့်တော့ ဘာစီလိုနာ နောက်တန်းက ရော်နယ်လ် ကိုးမင်း ဟာ ကျွန်တော်အားကျခဲ့ရတဲ့ သူရဲကောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ်..။ အထူးသဖြင့် ချန်ပီယံလိဂ်… အဲဒီအချိန်က ဥရောပဖလား ဗိုလ်လုပွဲမှာ ဆမ့်ဒိုးရီးယား အသင်းဘက်ကို သွင်းယူပေးခဲ့တဲ့ free kick ကန်ချက်ကို အခုအချိန်ထိ မျက်စိထဲက မထွက်ခဲ့ပါဘူး..။ နောက်တစ်ယောက်ဖြစ်တဲ့ အပြာရောင်တွေရဲ့ နောက်တန်းမှာ စစ်သူကြီးတစ်ယောက်လို ဦးဆောင်ပေးနိုင်ခဲ့တဲ့ ဒက်စ်ဆေးလီ ရဲ့အကြောင်း အထူးပြောနေဖို့ မလိုတော့ဘူး ထင်တယ်နော..  ပြင်သစ်မှာ ကျွန်တော်နေခဲ့တဲ့ နှစ်နှစ်ခွဲအတွင်းမှာ သူနဲ့အတူတကွ လက်တွဲအလုပ်လုပ်ခဲ့ဖူးသလို အရမ်းခင်မင်ရင်းနှီးဖို့ ကောင်းတဲ့သူ တစ်ယောက်ဖြစ်ပါတယ်..။

ဂျော့ရှ် ဒင်ဆယ်လ် - သူလည်းခင်ဗျားနဲ့ ရင်းနှီးတဲ့သူပဲပေါ့.. ဟားဟား..။ ထိပ်တန်းအသင်းတိုင်းမှာ ကွင်းလယ်အဖျက် ကစားသမားကောင်း (defensive midfielder) ရှိဖို့ လိုအပ်ပါတယ်..။ အဲဒီတော့ ‘အက်ဒ်ဂါ ဒေးဗစ်’ နဲ့ ‘ဒီဒီယာ ဒက်စ်ချမ့်ပ်’..
သောမတ်စ် တူခယ်လ် - ဒီတစ်ခါတော့ အသင်းမှာ အရေးပါသလောက် မထင်ပေါ်ခဲ့တဲ့ (underrated) ‘ဒီဒီယာ ဒက်စ်ချမ့်ပ်’ ကို ကျွန်တော်ရွေးပါတယ်..။ သူဟာတကယ့်ကို လူတွေသိပ်ပြီး သတိမထားမိတဲ့ ကစားသမားပါ..၊ သူမပါနိုင်တဲ့ပွဲတွေဆိုရင် တစ်ခုခုလိုအပ်နေမှန်း ကြည့်တဲ့သူတိုင်း သိကြပါတယ်..။ ဒါ့အပြင် ဒီဒီယာ ဟာ ကစားသမား ဘဝမှာရော၊ နည်းပြဘဝမှာပါ ဆုဖလားကြီးတွေ အကုန်လုံးလိုလို ဆွတ်ခူးနိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်..။ နောက်ပြီးကျွန်တော့်အပေါ်မှာလည်း အရမ်းကောင်းပါတယ်..



ဂျော့ရှ် ဒင်ဆယ်လ် - ဟာ.. ဒုက္ဓပါပဲ.. ခင်ဗျားနဲ့ ရင်းနှီးတဲ့သူတွေကြီးပဲ.. ရွေးနေတော့တာပါလား.. ဟားဟား..
သောမတ်စ် တူခယ်လ် - အင်းပေါ့… ဒါမှသူတို့တွေ ကျွန်တော့်ကို credit ပေးနိုင်မယ်လေ.. ဟားဟား.. ဒါနဲ့ခင်ဗျားရဲ့ ကွင်းလယ် ကစားသမား စာရင်းမှာ ‘ကလဲရင့်စ် ဆီးဒေါ့ဖ်’ ရော ပါရဲ့လား..? ဒါမှမဟုတ် ခင်ဗျား တမင်သက်သက် ချန်ထားခဲ့တာလား..? နောက်ပြီး ကွင်းလယ်အဖျက် ကစားသမား ရွေးတဲ့နေရာမှာ ‘ဖာနန်ဒို ရီဒွန်ဒို’ ကို မပါလာတာလည်း အတော်လေးကို စိတ်ဝင်စားစရာပဲ..

ဂျော့ရှ် ဒင်ဆယ်လ် - ဟာဟ.. စိတ်မပူပါနဲ့.. ခင်ဗျားပြောတဲ့သူတွေ ဆက်ပြီးပါလာပါလိမ့်မယ်.။ ကဲ.. ကွင်းလယ် ကစားသမားတွေ (central midfielders) ရွေးကြရအောင်.. ‘ရုဒ် ဂူးလစ်’..၊ ‘ပေါလ် စခိုးလ်’..၊ ‘ဇီနီဒီ ဇီဒန်း’ နဲ့ ခင်ဗျားပြောတဲ့ ‘ကလဲရင့်စ် ဆီးဒေါ့ဖ်’..။ နှစ်ယောက်ရွေးပေးပါ..
သောမတ် တူခယ်လ် - အိုး.. ဘုရားရေ.. လေးယောက်စလုံးက တကယ့်ထူးရှယ်တွေပဲဗျ..။ အရမ်းကြီး စဉ်းစားတာ လွန်သွားရင် (overthink) အဆင်မပြေဘူးထင်တယ်.. ဒါ့ကြောင့် ‘ဇီဒန်း’ နဲ့ ‘ဆီးဒေါ့ဖ်’ ကိုပဲ ကျွန်တော်ရွေးလိုက်မယ်နော်.. ကျွန်တော်တို့ရဲ့ အသင်းက ခံစစ်ပိုင်းလုံး၀ လှည့်မကြည့်ဘူးနော်.. အဆင်ပြေတယ်မလား.. အားလုံးတိုက်စစ်ပဲ.. ဟုတ်လားဗျ..

ဂျော့ရှ် ဒင်ဆယ်လ် - ကျွန်တော်တို့ရဲ့ အသင်းက တဖြည်းဖြည်းနဲ့ ပုံပေါ်လာပါပြီဗျ..၊ အရမ်းကိုကောင်းမယ့် အသင်းတစ်သင်း ဖြစ်လာမှာပါ..။ တိုက်စစ်.. ဆိုတဲ့နေရာမှာ တောင်ပံတွေကနေလည်း ထိုးဖောက်နိုင်ဖို့ (width) လိုသေးတာကိုးဗျ.. ဒါ့ကြောင့် ဘယ်၊ ညာတောင်ပံတွေမှာ တန်ဆာဆင်ဖို့ ဘယ်ဘက်မှာ ‘ဒယ်လ် ပီယာရို’ နဲ့ ‘ရီဗယ်လ်ဒို’ ..၊ ညာတောင်ပံမှာ ‘လူးဝစ်စ် ဖီဂို’ နဲ့ ‘ဒေးဗစ် ဘက်ခမ်း’ ဗျာ..


သောမတ် တူခယ်လ် - ကျွန်တော်ဟာ ‘ဒေးဗစ် ဘက်ခမ်း’ ကို အရမ်းနှစ်ခြိုက်ခဲ့တာပါ..။ ဒါပေမယ့် ဒီတစ်ခါမှာတော့ ‘ဖီဂို’ ကို ရွေးပါ့မယ်..။ ဘယ်တောင်ပံမှာတော့ ‘ရီဗယ်လ်ဒို’ ပေါ့ဗျာ..

ဂျော့ရှ် ဒင်ဆယ်လ် - ကျွန်တော်တို့ရဲ့ အသင်းမှာ တစ်ဦးချင်းစွမ်းရည် ထူးချွန်တဲ့ ကစားသမားတွေ အများကြီးပဲဗျ.. တကယ်သာဆိုရင် သူတို့ကိုနိုင်အောင် အတော်လေးကို ထိန်းရ…
သောမတ်စ် တူခယ်လ် - အဲဒီအသင်းကို ကျွန်တော်တော့ မကိုင်တွယ်ချင်ပါဘူး.. ခင်ဗျားပဲ ကိုင်လိုက်တော့ဗျာ.. ဟားဟား..
ဂျော့ရှ် ဒင်ဆယ်လ် - ဟုတ်ပါပြီဗျာ..၊ ရပါတယ်..၊ ကျွန်တော်ပဲ ကိုင်ပါ့မယ်..။ ကဲပါ.. နောက်ဆုံးအနေနဲ့ ကျွန်တော်တို့အသင်းမှာ အထောင်တိုက်စစ်မှူး တစ်ယောက်ပဲ လိုပါတော့တယ်..၊ ပုံမှန်ဂိုးသွင်းပေးမယ့် ‘talisman’ ပေါ့ဗျာ..၊ ‘ရာအူးလ် ဂွန်ဇာလက်စ်’ လား..? ‘ရော်နယ်လ်ဒို’ လား..? ရော်နယ်လ်ဒို ဆိုတာ မူလပထမ၊ အော်ရီဂျင်နယ် ရော်နယ်လ်ဒို နော်..၊ ‘ဒိုကြီး’ ကို ပြောတာပါ..။
သောမတ်စ် တူခယ်လ် - တကယ့် ဂန္တဝင်ကစားသမားတွေပါပဲ..။ ဒီတစ်ခါ ရွေးရတာ အရမ်းကို ရှင်းပါတယ်..၊ ‘ရာအူးလ်’ ကိုပဲ ကျွန်တော်ရွေးပါတယ်..။



ဂျော့ရှ် ဒင်ဆယ်လ် - ‘ရာအူးလ်..’ ? ဘာဖြစ်လို့လဲဗျ..? နည်းနည်းရှင်းပြပါလား..
သောမတ်စ် တူခယ်လ် - ‘အရမ်းကို ရှင်းပါတယ်..’ လို့ ခုနကတည်းက ပြောပြီးသားပဲလေဗျာ..၊ ကျွန်တော်နဲ့ ဆုံခဲ့ဖူးတယ်လေ..၊ သူလည်းကျွန်တော်နဲ့ ရင်းနှီးတာပဲ.. ဟားဟား..

ဂျော့ရှ် ဒင်ဆယ်လ် - အင်းပါ.. ဟုတ်ပါပြီဗျာ..။ အထောင်တိုက်စစ်မှူး ရွေးတဲ့နေရာမှာ ခင်ဗျားနဲ့ကျွန်တော် အကြိုက်ချင်းမတူပေမယ့် အဲဒီအသင်းကို ခင်ဗျားနည်းပြတဲ့အချိန် ကျွန်တော်က လက်ထောက်နည်းပြ အဖြစ် တာဝန်ယူမယ်လေဗျာ..
သောမတ်စ် တူခယ်လ် - အခုဆိုရင် ကျွန်တော့်အသင်းမှာ ကျွန်တော့်အတွက် ရေကုန်ရေခမ်း တိုက်ပွဲဝင်ပေးမယ့် ‘ရာအူးလ်’ နဲ့ ‘ဒက်စ်ချမ့်ပ်’ တို့လို ကစားသမားတွေ ရှိလာပြီလေ..။ အသင်းတစ်သင်းမှာ ကိုယ့်ရဲ့အသင်း၊ ကိုယ့်ရဲ့နည်းပြအတွက် ရေကုန်ရေခမ်း အဆုံးစွန်ထိ တိုက်ပွဲဝင်ပေးမယ့် ကစားသမားတွေ ရှိနေဖို့ လိုအပ်ပါတယ်..။ ဒါမှလည်း အဝတ်လဲခန်းကို ထိန်းနိုင်လိမ့်မယ်.. အဲ.. ဒီအသင်းကို ခင်ဗျားကနည်းပြလုပ်.. ကျွန်တော်က လက်ထောက်နည်းပြ တာဝန်ယူပါ့မယ်..၊ ဘာဖြစ်လို့လည်းဆိုတော့ ‘ဟေး.. ကျွန်တော်သာ နည်းပြဆိုရင် ခင်ဗျားကိုရွေးတယ်..၊ သူမလို့မရွေးတာ..’ ဆိုပြီး ရော်နယ်လ်ဒိုကြီးကို သွားပြောချင်လို့ပါ..



ဂျော့ရှ် ဒင်ဆယ်လ် - အား.. ခင်ဗျားအဝတ်လဲခန်းမှာ နည်းပြအဖွဲ့တွေကို ဘယ်လိုချွန်တွန်း လုပ်သလဲ.. ကျွန်တော်နားလည်လိုက်ပြီလေ… ဟားဟား..။ အခုဆိုရင် ကျွန်တော်တို့ဟာဆိုရင် ဂိုးသမား ပီတာ ရှမိုက်ကယ်လ်၊ ဘယ်နောက်ခံလူ ရော်ဘတ်တို ကားလို့စ်၊ ညာနောက်ခံလူ ဇာနက်တီ၊ ဗဟိုခံစစ်မှာ ဒက်စ်ဆေးလီ နဲ့ ရော်နယ်လ် ကိုးမင်း၊ ကွင်းလယ်သုံးယောက်မှာ ဒီဒီယာ ဒက်စ်ချမ့်ပ် က ကွင်းလယ်အဖျက်၊ ဇီဒန်း နဲ့ ဆီးဒေါ့ဖ် တို့က ကွင်းလယ် ကစားသမားတွေပေါ့ဗျာ..။ ဘယ်၊ ညာတောင်ပံမှာ ရီဗယ်လ်ဒို နဲ့ လူးဝစ်စ် ဖီဂို.. ဒီထက်ပိုကောင်းတဲ့အသင်း မရှိလောက်တော့ဘူး..၊ ထိပ်ဆုံးမှာ ရာအူးလ် က အထောင်တိုက်စစ်မှူးပေါ့ဗျာ..။ ‘ရော်နယ်လ်ဒို’ ကြီးကတော့ အရန်ခုံမှာပဲ ထိုင်ရတော့မယ်..၊ မတတ်နိုင်ဘူး..

သောမတ်စ် တူခယ်လ် - သူ့ကိုတော့ ပျော်အောင်ထားရမှာပဲလေ..၊ ဒုတိယပိုင်းကျရင် သေချာပေါက် ခင်ဗျားဝင်ကန်ရမှာဆိုပြီး အာမခံပေးရလိမ့်မယ်ဗျ.. မိနစ် (၇၀) နောက်ပိုင်း အသင့်ဖြစ်အောင် သွေးပူလေ့ကျင့်ခန်း လုပ်ထား.. ဆိုပြီး ပြောရမှာပေါ့.. အနည်းဆုံးနောက်ဆုံး (၁၀) မိနစ်တော့ ကစားရမှာပါ.. ဟားဟားး…