feature-image

ချယ်လ်ဆီးအသင်းရဲ့ ၂၀၂၁/၂၂ ဘောလုံးရာသီ အပြောင်းအရွှေ့ အနှစ်ချုပ်

၂၀၂၁/၂၂ ဘောလုံးရာသီ၏ နွေရာသီအပြောင်းအရွှေ့ ဘောလုံးရာသီမှာ သြဂုတ်လ (၃၁) ရက်နေ့၊ ဗြိတိသျှ စံတော်ချိန် ည (၁၁း၀၀) နာရီအချိန်တွင် ပိတ်သိမ်းသွားပြီဖြစ်သည်.။ ဇွန်လ (၉) ရက်နေ့မှ စတင်ခဲ့သည့် အပြောင်းအရွှေ့ ရာသီအတွင်း ပရီးမီးယားလိဂ် ရပ်ဝန်းနှင့် ချယ်လ်ဆီးအသင်း၏ အပြောင်းအရွှေ့ လှုပ်ရှားမှုများကို စုစည်း၊ တင်ဆက်လိုက်ပါသည်..။

⚽️ ၂၀၂၀/၂၁ ဘောလုံးရာသီ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်း ပရီးမီးယားလိဂ်အသင်းများမှာ ကစားသမား (၁၀၃) ယောက်ကို အပြီးသတ်ခေါ်ယူမှု ပြုုလုပ်ခဲ့ပြီး စုစုပေါင်း စတာလင်ပေါင် (၁.၀၂) ဘီလီယံ သုံးစွဲခဲ့သည်..။ အဆိုပါအပြောင်းအရွှေ့များအနက် မန်ချက်စတာ စီးတီးအသင်းက အက်စ်တွန် ဗီလာအသင်းမှ ဂျက်ခ် ဂရေးလစ်ခ်ျ အား စတာလင်ပေါင်သန်း (၁၀၀)၊ ချယ်လ်ဆီးအသင်းက အင်တာ မီလန်အသင်းမှ တိုက်စစ်မှူး ရိုမီလူ လူကာကူ အား စတာလင်ပေါင် (၉၇.၅) သန်းနှင့် မန်ချက်စတာ ယူနိုက်တက်အသင်းက ဘိုရုရှား ဒေါ့မွန်အသင်းမှ ဂျာဒွန် ဆန်ချို အား စတာလင်ပေါင် (၇၃) သန်းဖြင့် ခေါ်ယူမှုများမှာ တန်ဖိုးအကြီးမားဆုံး ခေါ်ယူမှုများ ဖြစ်ခဲ့သည်..။



⚽️ ချယ်လ်ဆီးအသင်း၏ အပြောင်းအရွှေ့ ဈေးကွက်အတွင်း ကစားသမား ခေါ်ယူမှုများအတွက် စုစုပေါင်း ကုန်ကျစရိတ် (total transfer fees spent) မှာ စတာလင်ပေါင် (၉၇.၅) သန်းရှိပြီး အဆိုပါ ကုန်ကျစရိတ်မှာ တိုက်စစ်မှူး ရိုမီလူ လူကာကူ အတွက် ပေးချေခဲ့ရသည့် ပြောင်းရွှေ့ကြေးဖြစ်ပြီး ကျန်ကစားသမားများဖြစ်သော ဂိုးသမား မာကပ်စ် ဘတ်တင်နယ်လီ အား အလွတ်ပြောင်းရွှေ့ကြေး၊ ကွင်းလယ်ကစားသမား ဆာအူးလ် နီဂွက်ဇ် အား တစ်ရာသီအဌားစာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်..။



⚽️ ချယ်လ်ဆီးအသင်းမှာ ကစားသမား (၂၂) ဦးကို အပြီးသတ် ရောင်းချခဲ့ပြီး ပြောင်းရွှေ့ကြေး စုစုပေါင်းဝင်ငွေ (total transfer fees received) စတာလင်ပေါင် (၉၄.၄) သန်း ရရှိခဲ့သည်…။ အဆိုပါရောင်းချခဲ့မှုများအနက် တန်းဖိုးမြင့် ရောင်းချမှုများအဖြစ် တန်မီ အေဘရာဟမ် (ရိုးမားသို့ စတာလင်ပေါင် ၃၄ သန်း)၊ ကတ် ဇူးမား (ဝက်စ်ဟမ်းသို့ စတာလင်ပေါင် ၂၉.၈ သန်း) နှင့် ဖီကာရို တိုမိုရီ (အေစီ မီလန်သို့ စတာလင်ပေါင် ၂၅ သန်း) တို့ ပါဝင်ခဲ့သည်..။



⚽️ အပြောင်းအရွှေ့ ပိတ်သိမ်းချိန်တွင် ချယ်လ်ဆီးအသင်း၏ အသားတင် သုံးစွဲမှုမှာ (net spend on transfers) စတာလင်ပေါင် (၃.၁) သန်းသာ ရှိခဲ့သည်..။



⚽️ ချယ်လ်ဆီးအသင်းမှာ ယခုနှစ် အပြောင်းအရွှေ့ရာသီတွင် အပြီးသတ် ခေါ်ယူခဲ့သည့် ကစားသမား (၂) ယောက်၊ အဌားခေါ်ယူခဲ့သည့် ကစားသမား (၁) ယောက် ရှိခဲ့ပြီး အပြီးသတ် ရောင်းချခဲ့သည့် ကစားသမား (၂၂) ယောက်နှင့် အဌားစေလွှတ်ခဲ့သည့် ကစားသမား (၁၇) ယောက် ရှိနေခဲ့သည်..။ ၂၀၂၁/ ၂၂ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်း ချယ်လ်ဆီးအသင်း၏ ကစားသမား အပြောင်းအရွှေ့ လှုပ်ရှားမှုများကို စုစည်းတင်ဆက်လိုက်ပါသည်..။

ကစားသမား အဝင်

ကစားသမားအမည်

ခေါ်ယူခဲ့သည့် အသင်း
စာချုပ်အမျိုးအစား

ပြောင်းရွှေကြေး (စတာလင်ပေါင်)

ရိုမီလူ လူကာကူအင်တာ မီလန်အပြီးသတ်၉၇.၅ သန်း
မားကတ်စ် ဘတ်တင်နယ်လီ
ဖူးလ်ဟမ်း
အလွတ်

ဆာအူးလ် နီဂွက်ဇ်
အက်တလက်တီကို မက်ဒရစ်
အဌား

(အချက်အလက်များကို Sky Sports မှ ရယူပါသည်..)

ကစားသမားအထွက်

ကစားသမားအမည်
ပြောင်းရွှေ့သွားသည့် အသင်း
စာချုပ်အမျိုးအစားပြောင်းရွှေကြေး (စတာလင်ပေါင်)
ပယ်ရီ အက်ခ်ဝါး
ဝက်စ်ဟမ်း
အပြီးသတ်
မဖော်ပြ
လီဗိုင်း ကော်လ်ဝီးလ်
ဟာဒက်စ်ဖီးလ်
အဌား

ဖီကာရို တိုမိုရီ
အေစီ မီလန်
အပြီးသတ်၂၅ သန်း
ဂျမယ်လ် ဘလက်မန်း

သက်တမ်းကုန်

ဝီလီ ကာဘာလာယို

သက်တမ်းကုန်
မာဆယ်လ် လူးဝစ်စ်
ယူနီယံ SG
သက်တမ်းကုန်
ဒါနီလို ပန်တစ်

သက်တမ်းကုန်
မာကို ဗန် ဂျင်ကယ်လ်
ပီအက်စ်ဗွီ
သက်တမ်းကုန်
ဗစ်တာ မော့ဆက်စ်
စပါးတပ်စ် မော်စကို
အပြီးသတ်(၃.၉) သန်း
အစ်ဇီ ဘရောင်း
ပရက်စ်တန်
အဌား
ဘီလီ ဂီးလ်မား
နောဝစ်ခ်ျ
အဌား
လုခ် မက်ခ်ကောမစ်ခ်
ဝင်ဘယ်လ်ဒန်
အဌား
ဂျူအန် ကာစတီလို
ဘာမင်ဂန် စီးတီး
အဌား
အိုလီဗီယာ ဂျီရူးဒ်
အေစီ မီလန်
အပြီးသတ်(၁.၇) သန်း
မာ့ခ် ဂူဟီ
ခရစ်စ်တယ် ပဲလေ့စ်
အပြီးသတ်မဖော်ပြ
လူးဝစ်စ် ဘိတ်
လိဒ် ယူနိုက်တက်
အပြီးသတ်မဖော်ပြ
မိုင်းလ် ပါးလ် ဟားရစ်
ဘရန်းဖို့ဒ်
အပြီးသတ်မဖော်ပြ
ဟင်နရီ လောရင့်စ်
ဝင်ဘယ်လ်ဒန်
အဌား
ဂျေမီ ကမ်းမင်း
ဂီလင်ဟမ်
အဌား
ဒိုင်နယ် ဆီမီယူ
ဆောက်ပ်သမ်တန်
အပြီးသတ်မဖော်ပြ
ဂျက်ခ် ဝိတ်ခ်လေ
ဝိုင်ကွမ်ဘီး
အပြီးသတ်မဖော်ပြ
အီယန် မတ်ဆန်
ကိုဗင်ထရီ စီးတီး
အဌား
ကော်နာ ဂါလက်ချာ
ခရစ်စ်တယ် ပဲလေ့စ်
အဌား
တီနို လီဗရာမန်တို
ဆောက်ပ်သမ်တန်အပြီးသတ်မဖော်ပြ
အာမန်ဒို ဘရော့ဂျား
ဆောက်ပ်သမ်တန်အဌား
ဂျိတ်ခ် ကလာ့ခ် ဆော်လ်တား
ကိုဗင်ထရီ စီးတီး
အဌား
တန်မီ အေဘရာဟမ်
ရိုးမား
အပြီးသတ်၃၄ သန်း
မစ်ချီ ဘတ်ရှုအားယီ
ဘက်စ်ကီးတပ်စ်
အဌား
ကနေဒီ
ဖလာမင်ဂို
အဌား
အီမာဆန် ပါလ်မီးရီ
လိုင်ယွန်
အဌား
မတ် မီယာ့ဇ်ဂါ
အာလာဗက်စ်
အဌား
ဒေးဗစ် ဇာပါကော့စ်တာ
အက်တလန်တာ
အပြီးသတ်မဖော်ပြ
အစ်ကီ အက်ဂ်ဘို
ဂျန့်ခ်
အပြီးသတ်မဖော်ပြ
ဘာဘာ ရာမန်
ရက်ဒင်း
အဌား
ကတ် ဇူးမား
ဝက်စ်ဟမ်း
အပြီးသတ်(၂၉.၈) သန်း
တီမူယီ ဘာကာယိုကို
အေစီ မီလန်
အဌား
ဒယ်နီ ဒရင့်ခ်ဝါးတား
ရက်ဒင်း
အဌား
ဒူဂျွန် စတာလင်း
ဘလက်ပူးလ်
အဌား
အီသန် အမ်ပါဒူး
ဗင်နီဇီယာ
အဌား

(အချက်အလက်များကို Sky Sports မှ ရယူပါသည်..)


⚽️ အင်္ဂလိပ်အသင်းများ အချင်းချင်းအတွင်း (ပရီးမီးယားလိဂ် အသင်းများနှင့် အင်္ဂလိပ် ဘောလုံးအဖွဲ့ချုပ် လက်အောက်ရှိ အသင်းများ) အပြောင်းအရွှေ့များကို (domestic transfer window) ကို အောက်တိုဘာလ (၁၆) ရက်၊ စနေနေ့၊ ညနေ (၅) နာရီ (ဗြိတိသျှ စံတော်ချိန်) အထိ ဆက်လက်ပြုလုပ်နိုင်သေးသည်..။ သို့သော် အဆိုပါ domestic transfer window ကာလအတွင်း ပရီးမီးယားလိဂ် အသင်းအချင်းချင်း ကစားသမား အပြောင်းအရွှေ့ ပြုလုပ်နိုင်မည် မဟုတ်ပေ..။ ပရီးမီးယားလိဂ် အဖွဲ့ချုပ်မှာ အသင်းများမှ တင်သွင်းသော (၂၅) ဦး ကစားသမား စာရင်းကို စက်တင်ဘာ (၂) ရက်နေ့တွင် အတည်ပြု ကြေငြာမည်ဖြစ်ပြီး အဆိုပါလူစာရင်းမှာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလအထိ အပြောင်းအလဲ ပြုလုပ်နိုင်မည် မဟုတ်ပေ..။

⚽️ လူငယ်အကယ်ဒမီ ကစားသမား တီနို အန်ဂျိုရင် ၏ လိုကိုမိုးတစ် မော်စကို အသင်းသို့ အပြောင်းအရွှေ့မှာ အချိန်မှီ မပြီးစီးခဲ့သော်လည်း ရုရှလိဂ် အပြောင်းအရွှေ့ရာသီမှာ စက်တင်ဘာလ (၇) ရက်နေ့မှ ပိတ်သိမ်းမည် ဖြစ်သောကြောင့် ဆက်လက်ဆောင်ရွက်နိုင်ဆဲဖြစ်သည်.။ သို့သော် ဥရောပပြိုင်ပွဲများတွင် ပါဝင်မည့် အသင်းများအနေဖြင့် အုပ်စုအဆင့် ပွဲစဉ်များတွင် ပါဝင်မည့် ကစားသမားများ စာရင်းကို စက်တင်ဘာလ (၂) ရက်နေ့တွင် တင်သွင်းရပါမည်..။