ချယ်လ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ခ်ျ မှာ စတန်းဖို့ဒ် ဘရစ်ခ်ျ အား ပရိသတ် (၅၅,၀၀၀) မှ (၆၀,၀၀၀) ဆန့် ကစားကွင်းအဖြစ် တိုးချဲ့ရန် ၂၀၀၇ ခုနှစ်တွင် ခွင့်ပြုခဲ့သည်..။ သို့သော် နေရာအခက်အခဲကြောင့် အခြားနေရာသစ်တစ်ခုသို့ ပြောင်းရွှေ့ရန် စဉ်းစားခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မေလတွင် Battersea Power Station အဟောင်းနေရာအား ပရိသတ် (၆၀,၀၀၀) ဆန့် ကစားကွင်းအဖြစ် ရည်ရွယ်ပြီး ဈေးပြိုင်ဝယ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း ကြေငြာခဲ့သည်..။
သို့သော်အဆိုပါ ကမ်းလှမ်းမှု မအောင်မြင်ခဲ့သောကြောင့် ကစားကွင်းသစ် တည်ဆောက်ရန် စီမံကိန်းကို ထပ်မံစဉ်းစားခဲ့သည်..။ ထို့နောက် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် စတန်းဖို့ဒ် ဘရစ်ခ်ျ ကွင်းနေရာတွင် ပရိသတ် (၆၀,၀၀၀) ဆန့် ကစားကွင်းသစ် စီမံကိန်း စတင်မည်ဖြစ်ကြောင်း ကြေငြာခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ‘Cathedral of Football’ ကစားကွင်းသစ် စီမံကိန်းကို ပရိသတ်နှင့် မိတ်ဆက်ခဲ့သည်..။
၂၀၁၇ ခုနှစ်၊ မတ်လတွင် လန်ဒန်မြို့တော်ဝန် ဆာဒစ်ခ် ခန် က ချယ်လ်ဆီးအသင်း၏ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းအား ပြန်လည်တည်ဆောက်မည့် ‘Cathedral of Football’ စီမံကိန်းကို ခွင့်ပြုချက် ပေးခဲ့သော်လည်း ၂၀၁၈ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် အဆိုပါ ကွင်းသစ်တိုးချဲ့ရေး စီမံကိန်းအား အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားပြီဖြစ်ကြောင်း အသင်းက ထုတ်ပြန်ကြေငြာခဲ့သည်..။