feature-image

ဂျာမနီလူငယ်ကြယ်ပွင့် ‘အဒီယီမီ’ နဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေး ရခဲ့ပေမယ့် လွဲခဲ့ရတဲ့ ချယ်လ်ဆီးအသင်း

ဂျာမနီအသင်းအနာဂတ်၏ ပါရမီရှင် လူငယ်ကြယ်ပွင့်သစ်အဖြစ် တဟုန်တိုးကျော်ကြားလာခဲ့သည့် အသက် (၁၉) နှစ်အရွယ် တိုက်စစ်မှူး ‘ကာရင် အဒီမီယီ’ မှာ အာလင်း ဟာလန်း၊ ပက်စ်တွန် ဒါကာ၊ ဒါယွတ် အူပါမာကာနို တို့ ထွန်းတောက်ခဲ့ရာ RB RB ဆဲလ်ဘတ် အသင်းတွင် ခြေစွမ်းပြလျှက် ရှိသည်..။ ထို့အပြင် ယခုတစ်ပါတ်အတွင်း ယှဉ်ပြိုင်ခဲ့ရသော သူ၏ပထမဆုံး ဂျာမနီ လက်ရွေးစင်အသင်း ပွဲဦးထွက်ဖြစ်သည့် အာမေးနီးယားအသင်းနှင့်ပွဲတွင် နိုင်ငံအသင်းကြီးအတွက် အဖွင့်ဂိုးကိုပါ သွင်းယူပေးနိုင်ခဲ့သည်..။ ထိုသို့သော ခြေစွမ်းကြောင့် ယခုအချိန်တွင် လီဗာပူးလ်၊ ဘေယန် မြူးနစ်နှင့် ဘာစီလိုနာ အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေခဲ့ကြသည်..။

သို့သော်အဆိုပါ လူငယ်ပါရမီရှင်သွေးသစ်အား ပထမဆုံး တွေ့ရှိခဲ့သည့် အသင်းကြီးမှာ ချယ်လ်ဆီးအသင်း ဖြစ်ခဲ့သည်..။ လွန်ခဲ့သည့်သုံးနှစ်က အသက် (၁၆) နှစ်အရွယ် ကာရင် အဒီယီမီ မှာ ဂျာမနီစတုတ္ထတန်းမှ SpVgg Unterhaching အသင်း အကယ်ဒမီတွင် လေ့ကျင့်လျှက်ပြီး ထိုအသင်းမှတဆင့် RB ဆဲလ်ဘတ် အသင်းသို့ ရောက်ရှိသွားခဲ့ည်..။ ထိုအချိန်တွင် ချယ်လ်ဆီးအသင်းမှ ကင်းထောက်များက အနာဂတ်တွင် ထွန်းတောက်နိုင်မည့် လူငယ်သွေးသစ်လေးအား လန်ဒန်မြို့သို့ ခေါ်ယူလေ့ကျင့်စေခဲ့သည်..။ ထို့အပြင် အသင်းနှင့်စာချုပ်ချုပ်ရန် ဆွေးနွေးမှုများပင် ပြုလုပ်ခဲ့ပြီး နောက်ဆုံးအချိန်ကျမှ ပျက်ပြယ်ခဲ့ရကြောင်း အသင်းဥက္ကဌ မန်းဖရက်ဒ် ရှဝါဘယ်လ် က ယခုလို ပြောပြခဲ့သည်..။

“၂၀၁၈ ခုနှစ်မှာ ချယ်လ်ဆီးအသင်းက ကင်းထောက်တစ်ယောက်က အဒီမီယီ နဲ့ ပတ်သက်ပြီး စုံစမ်းမှု ပြုလုပ်လာခဲ့ပါတယ်..။ အဲဒီအချိန်က သူဟာကျွန်တော်တို့အသင်းနဲ့ စာချုပ်ချုပ်ထားပါတယ်..။ အဲဒါနဲ့ကျွန်တော်က ကီရင် တို့နဲ့ မိသားစုကို အကြောင်းကြားပြီး အဒီမီယီ၊ သူ့ရဲ့အဖေနဲ့ ကျွန်တော်တို့ဟာ လန်ဒန်မြို့ကို သွားရောက်ခဲ့ကြပါတယ်..။

ချယ်လ်ဆီးအသင်းနဲ့ လေ့ကျင့်ခဲ့ရတာဟာ တကယ့်ကို အဖိုးတန်တဲ့ အတွေ့အကြုံတွေ ရရှိခဲ့သလို ကာရင် ဟာလည်း အထူးခြေစွမ်းပြနိုင်ခဲ့ပါတယ်..။ သူဟာသူ့ထက် အသက်ကြီးတဲ့ အသင်းမှာတောင် ပါဝင်ခဲ့ရပြီး ချယ်လ်ဆီးအသင်းက နည်းပြတွေ စိတ်တိုင်းကျ ကစားနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် သူ့ရဲ့အဖေနဲ့ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ အသက် (၁၆) နှစ်သားလေးကို အင်္ဂလန်မှာ တစ်ယောက်ထဲ ထားခဲ့ရမှာ အရမ်းကိုစွန့်စားလွန်းရာ ကျလိမ့်မယ်လို့ ယူဆခဲ့ကြပါတယ်..။ ဒ့ါကြောင့် အဒီမီယီ ကို ကျွန်တော်တို့ရဲ့ အုပ်ထိန်းမှုအောက်မှာပဲ ဆက်ထားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်..။”