feature-image

၂၀၂၁/၂၂ ဘောလုံးရာသီမှ ချယ်လ်ဆီးအသင်း၏ သွင်းဂိုးများအကြောင်း

ချယ်လ်ဆီးအသင်းမှာ ၂၀၂၁/၂၂ ဘောလုံးရာသီအတွင်း ပြိုင်ပွဲအစုံ သွင်းဂိုးစုစုပေါင်း (၁၂၂) ဂိုးသွင်းယူပေးခဲ့ပြီး ၂၀၀၉/၁၀ ဘောလုံးရာသီနှင့် ၂၀၁၂/၁၃ ဘောလုံးရာသီတို့ပြီးလျှင် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အသင်း၏သွင်းဂိုး အများဆုံး ရရှိခဲ့သော ဘောလုံးရာသီ ဖြစ်ခဲ့သည်..။

⚽️ သွင်းဂိုးအများဆုံး ရရှိခဲ့သည့် ကစားသမားများ

ကစားသမားအမည်
သွင်းဂိုးစုစုပေါင်း
ပင်နယ်တီသွင်းဂိုး အရေအတွက်
ရိုမီလူ လူကာကူ
၁၅ ဂိုး
၁ ဂိုး
ကိုင် ဟာဗာ့ဇ်
၁၄ ဂိုး
၁ ဂိုး
မေဆန် မောင့်
၁၃ ဂိုး
၁ ဂိုး
တီမို ဗာနာ
၁၁ ဂိုး

ဂျော်ဂင်ဟို
၉ ဂိုး
၉ ဂိုး
ခရစ်စ်တီယန် ပူလီဆစ်
၈ ဂိုး

ဟာကင် ဇီးယက်ခ်ျ
၈ ဂိုး
၁ ဂိုး
ရိစ် ဂျိမ်းစ်
၆ ဂိုး

မားကို့စ် အလွန်ဆို
၅ ဂိုး

ထရေဗာ ချာလိုဘာ
၄ ဂိုး

ဆီဇာ အက်ဇ်ပီလီကွဲတား
၃ ဂိုး

ဘင် ချီးဝဲလ်
၃ ဂိုး

ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း
၃ ဂိုး

သီယာဂို ဆေးလ်ဗား
၃ ဂိုး

အင်းဒရီးယက်စ် ခရစ်စ်တီယန်ဆန်
၂ ဂိုး

အန်ဂိုလို ကန်တေး
၂ ဂိုး

မက်တီယို ကိုဗာဆစ်
၂ ဂိုး

ရော့စ် ဘာကလေ
၁ ဂိုး

ရူဘင် လော့ဖ်တပ်စ် ချိခ်
၁ ဂိုး

ဆာအူးလ်
၁ ဂိုး
Own goals
၃ ဂိုး


⚽️ အဆိုပါသွင်းဂိုးများအနက် ညာခြေဖြင့် သွင်းယူပေးခဲ့သောဂိုး အရေအတွက်မှာ (၅၉) ဂိုး ရှိခဲ့ပြီး ဘယ်ခြေဖြင့် (၃၈) ဂိုး၊ ခေါင်းတိုက်သွင်းဂိုး (၂၁) ဂိုး၊ ဒူးခေါင်းဖြင့် သွင်းယူပေးခဲ့သော သွင်းဂိုး (၁) ဂိုးနှင့် ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့သောဂိုး (၃) ဂိုး ပါဝင်ခဲ့သည်..။

⚽️ ၂၀၂၁/၂၂ ဘောလုံးရာသီ၊ ချယ်လ်ဆီးအသင်း၏ ‘အကောင်းဆုံးသွင်းဂိုး’ အဖြစ် ရွေးချယ်ခံခဲ့ရသော ခရိုအေးရှား ကွင်းလယ် ကစားသမား မက်တီယို ကိုဗာဆစ် ၏ သွင်းဂိုး အပါအဝင် ဂိုးဧရိယာအပြင်မှ ကန်သွင်းရယူခဲ့သော သွင်းဂိုး (၁၆) ဂိုး ရှိခဲ့သည်..။ ထို့အပြင် ထောင့်ကန်ဘောများမှတဆင့် ရရှိခဲ့သော သွင်းဂိုး (၁၆) ဂိုးနှင့် ပြစ်ဒဏ်ဘော ကန်ချက်များမှ (၆) ဂိုး ရရှိခဲ့သည်..။



⚽️ ချယ်လ်ဆီးအသင်းမှာ ပွဲချိန်မိနစ် (၉၀) အတွင်း ဒုတိယပိုင်း ပြန်လည်စတင်ပြီး (၁၅) မိနစ်အတွင်း သွင်းဂိုးအများဆုံး ရရှိလေ့ရှိပြီး (၂၈) ဂိုး သွင်းယူနိုင်ခဲ့သည်..။ သွင်းဂိုးရရှိမှု အနည်းဆုံး အချိန်ကာလမှာ (၆၁) မိနစ်နှင့် (၇၅) မိနစ်အတွင်းဖြစ်ပြီး (၁၄) ဂိုးသာ ရရှိခဲ့သည်…။

⚽️ ချယ်လ်ဆီးအသင်းမှာ ၂၀၂၁/၂၂ ဘောလုံးရာသီအတွင်း ပေးဂိုး (၅၁) ဂိုး ခွင့်ပြုခဲ့ရသည်..။ ပေးဂိုးအများဆုံး ခွင့်ပြုခဲ့ရသည့် အချိန်ကာလမှာ ဒုတိယပိုင်း ပြန်လည်စတင်ပြီး (၁၅) မိနစ်အတွင်းဖြစ်ပြီး (၁၁) ဂိုး ခွင့်ပြုခဲ့ရသည်..။


⚽️ အကွာအဝေးအလိုက် ဂိုးရရှိမှု

ပင်နယ်တီဧရိယာ (၆) ကိုက်အတွင်း
၂၆ ဂိုး

(၆) ကိုက် - (၁၂) ကိုက်အတွင်း (ပင်နယ်တီများ အပါအဝင်)

၆၆ ဂိုး
၁၂ ကိုက် - ၁၈ ကိုက်အတွင်း
၁၄ ဂိုး
ဂိုးဧရိယာ ပြင်ပမှ သွင်းဂိုးများ
၁၆ ဂိုး


⚽️ ကစားပုံ အမျိုးအစားအလိုက် ဂိုးရရှိမှု

Open play သွင်းဂိုး
၇၄ ဂိုး
ထောင့်ကန်ဘောများမှ
၁၆ ဂိုး
ပင်နယ်တီသွင်းဂိုး
၁၃ ဂိုး
လက်ပစ်ဘောများမှ
၇ ဂိုး
ပြစ်ဒဏ်ဘောများမှ
၆ ဂိုး
ပြစ်ဒဏ်ဘော တိုက်ရိုက်ကန်သွင်းမှု
၁ ဂိုး
ဂိုးတည်ကန်ဘောမှ
၁ ဂိုး
ပြိုင်ဘက်အသင်း၏ ပြစ်ဒဏ်ဘောမှ
၁ ဂိုး


⚽️ အချိန်ကာလအလိုက် ဂိုးရရှိမှု

ပထမပိုင်းသွင်းဂိုး ၅၆

၀ - ၁၅ မိနစ်
၁၇ ဂိုး
၁၆- ၃၀ မိနစ်
၁၈ ဂိုး
၃၁- ၄၅ မိနစ်
 ၁၉ ဂိုး
ပထမပိုင်း နာကျင်အချိန်ပို
၂ ဂိုး

ဒုတိယပိုင်း သွင်းဂိုး ၆၄

၄၆- ၆၀ မိနစ်
၂၈ ဂိုး
၆၁- ၇၅ မိနစ်
၁၄ ဂိုး
၇၆- ၉၀ မိနစ်
၁၅ ဂိုး
ဒုတိယပိုင်း နာကျင်အချိန်ပို
၇ ဂိုး
အချိန်ပို ကစားချိန်အတွင်း ရရှိသောဂိုး
၂ ဂိုး


⚽️ VAR ဖြင့် ပယ်ဖျက်ခံခဲ့ရသော သွင်းဂိုးများ

- ဆောက်ပ်သမ်တန် အသင်းနှင့် အိမ်ကွင်းပွဲစဉ်တွင် တီမို ဗာနာ သွင်းယူခဲ့သောဂိုးမှာ အက်ဇ်ပီလီကွဲတား ၏ ပြစ်ဒဏ်ဘောကြောင့် ပယ်ဖျက်ခံခဲ့ရသည်..။
- ခရစ်စ်တယ် ပဲလေ့စ်အသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် ဟာကင် ဇီးယက်ခ်ျ ၏ သွင်းဂိုးအား ရိုမီလူ လူကာကူ ၏ လူကျွံဘောကြောင့် ပယ်ဖျက်ခံခဲ့ရသည်..။
- လီဗာပူးလ်အသင်းနှင့် Carabao ဖလား၊ ဗိုလ်လုပွဲတွင် တိုက်စစ်မှူး ရိုမီလူ လူကာကူ ၏ သွင်းဂိုးအား လူကျွံဘောဖြင့် ပယ်ဖျက်ခံခဲ့ရသည်…။
- ရီးရယ်လ် မက်ဒရစ်အသင်းနှင့် ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်တွင် မားကို့စ် အလွန်ဆို ၏ သွင်းဂိုးအား လက်ထိဘောဖြင့် ပယ်ဖျက်ခံခဲ့ရသည်..။
- ဝုလ်ဖ်အသင်းနှင့် အိမ်ကွင်းပွဲစဉ်တွင် ရူဘင် လော့ဖ်တပ်စ် ချိခ် ၏ သွင်းဂိုးအား လူကျွံဘောကြောင့် ပယ်ဖျက်ခံခဲ့ရသည်..။

⚽️ VAR ကြောင့် ပယ်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့သောပြစ်ဒဏ်များ

- နောဝစ်ခ်ျ အသင်းနှင့် အိမ်ကွင်းပွဲစဉ်တွင် နော်မန် ၏ လက်ထိဘော

- လိဒ် ယူနိုက်တက် အသင်းနှင့် အိမ်ကွင်းပွဲစဉ်တွင် ရာဖင်ဟာ ၏ ပင်နယ်တီဧရိယာအတွင်း ကျူးလွန်ခဲ့သော ပြစ်ဒဏ်ဘော
- ပါလ်မီးရက်စ် အသင်းနှင့် ကမ္ဘာ့ကလပ် ချန်ပီယံဖလား ဗိုလ်လုပွဲတွင် လူအန် ၏ လက်ထိဘော
- ဝုလ်ဖ် အသင်းနှင့် အိမ်ကွင်းပွဲစဉ်တွင် ဆိုက်စ် ၏ ပင်နယ်တီဧရိယာအတွင်း ကျူးလွန်ခဲ့သော ပြစ်ဒဏ်ဘော



⚽️ ချယ်လ်ဆီးအသင်း၏ ပေးဂိုးများနှင့် ပတ်သက်သည့် အချက်အလက်များ

   ပေးဂိုးစုစုပေါင်း - (၅၁) ဂိုး


⚽️ ကစားပုံ အမျိုးအစားအလိုက် ပေးဂိုးများ ခွင့်ပြုခဲ့ရမှု

ညာခြေဖြင့်
၂၄ ဂိုး
ဘယ်ခြေဖြင့်
၁၅ ဂိုး
ခေါင်းတိုက်ဂိုး
၁၁ ဂိုး
Own goals
၁ ဂိုး
Open play ပေးဂိုး
၂၂ ဂိုး
ထောင့်ကန်ဘောများမှ
၃ ဂိုး
ပင်နယ်တီသွင်းဂိုး
၈ ဂိုး
လက်ပစ်ဘောများမှ
၅ ဂိုး
ပြစ်ဒဏ်ဘောများမှ
၅ ဂိုး
မိမိအသင်း၏ လက်ပစ်ဘောများမှ
၃ ဂိုး
ချယ်လ်ဆီးအသင်း၏ ထောင့်ကန်ဘောမှ
၁ ဂိုး
ဂိုးတည်ကန်ဘောမှ
၁ ဂိုး
ကွင်းလယ်တွင် ပြန်လည်စတင်သော ဘောလုံးမှ
၁ ဂိုး
မိမိအသင်း၏ ပြစ်ဒဏ်ဘောမှ
၂ ဂိုး


⚽️ အကွာအဝေးအလိုက် ပေးဂိုးများ ခွင့်ပြုခဲ့ရမှု

ပင်နယ်တီဧရိယာ (၆) ကိုက်အတွင်း
၈ ဂိုး
(၆) ကိုက် - (၁၂) ကိုက်အတွင်း (ပင်နယ်တီများ အပါအဝင်)
၂၈ ဂိုး
၁၂ ကိုက် - ၁၈ ကိုက်အတွင်း
၈ ဂိုး
ဂိုးဧရိယာ ပြင်ပမှ သွင်းဂိုးများ
၇ ဂိုး


⚽️ အချိန်ကာလအလိုက် ပေးဂိုးများ ခွင့်ပြုခဲ့ရမှု

ပထမပိုင်းပေးဂိုး ၁၈

၀ - ၁၅ မိနစ်
၅ ဂိုး
၁၆- ၃၀ မိနစ်
၆ ဂိုး
၃၁- ၄၅ မိနစ်
၆ ဂိုး
ပထမပိုင်း နာကျင်အချိန်ပို
၁ ဂိုး


ဒုတိယပိုင်း ပေးဂိုး ၃၂

၄၆- ၆၀ မိနစ်
၁၁ ဂိုး
၆၁- ၇၅ မိနစ်
၉ ဂိုး
၇၆- ၉၀ မိနစ်
၈ ဂိုး
ဒုတိယပိုင်း နာကျင်အချိန်ပို
၄ ဂိုး
အချိန်ပို ကစားချိန်အတွင်း ပေးခဲ့ရသောဂိုး
၁ ဂိုး


⚽️ VAR ဖြင့် ပယ်ဖျက်ခံခဲ့ရသော သွင်းဂိုးများ


- ဝုလ်ဖ်အသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် ပိုဒန့်စ် သွင်းယူခဲ့သောဂိုးမှာ လူကျွံဘောကြောင့် ပယ်ဖျက်ခံခဲ့ရသည်..။
- တော့တင်ဟမ် အသင်းနှင့် Carabao ဖလား၊ အဝေးကွင်းပွဲစဉ်တွင် ဟာရီ ကိန်း သွင်းယူခဲ့သောဂိုးမှာ လူကျွံဘောကြောင့် ပယ်ဖျက်ခံခဲ့ရသည်..။
- လီဗာပူးလ် အသင်းနှင့် Carabao ဖလား၊ ဗိုလ်လုပွဲစဉ်တွင် ဂျိုးလ် မာတစ် သွင်းယူခဲ့သောဂိုးမှာ လူကျွံဘောကြောင့် ပယ်ဖျက်ခံခဲ့ရသည်..။

⚽️ VAR ဖြင့် ပယ်ဖျက်ခဲ့ရသော ပြိုင်ဘက်အသင်းများ၏ ပယ်နယ်တီ ကန်သွင်းခွင့်များ

- တော့တင်ဟမ် အသင်းနှင့် Carabao ဖလား၊ အဝေးကွင်းပွဲစဉ်တွင် တိုနီ ရူဒီဂါ ၏ ဖျက်ထုတ်မှုမှာ အဆိုပါ ဖျက်ထုတ်မှုမတိုင်မီ လူကျွံဘောကြောင့် ပယ်ဖျက်ခဲ့သည်..။
- တော့တင်ဟမ် အသင်းနှင့် Carabao ဖလား၊ အဝေးကွင်းပွဲစဉ်တွင် ကက်ပါ အရီဇာဘာလာဂါ ၏ ဖျက်ထုတ်မှုအား ပြစ်ဒဏ်ဘောမှ ပြန်လည်ပယ်ဖျက်ခဲ့ရသည်..။


⚽️ VAR ကြောင့် ခွင့်ပြုခဲ့ရသော ပြိုင်ဘက်အသင်းများ၏ ပယ်နယ်တီ ကန်သွင်းခွင့်များ

- လီဗာပူးလ် အသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် ရိစ် ဂျိမ်းစ် ၏ လက်ထိဘော-
- ပါလ်မီးရက်စ် အသင်းနှင့် ကမ္ဘာ့ကလပ်အသင်းများဖလား ဗိုလ်လုပွဲစဉ်တွင် သီယာဂို ဆေးလ်ဗား ၏ လက်ထိဘော
- နောဝစ်ခ်ျ အသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် ထရေဗာ ချာလိုဘာ ၏ လက်ထိဘော
- လိုင်လီ အသင်းနှင့် ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်တွင် ဂျော်ဂင်ဟို ၏ လက်ထိဘော