အီတလီအသင်းက အာမေးနီးယားအသင်းအား အဝေးကွင်း ၃ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သော အုပ်စု (J) ပွဲစဉ်များတွင် ဘယ်နောက်ခံ ကစားသမား ‘အီမာဆန် ပါလ်မီးရီ’ နှင့် ကွင်းလယ်ကစားသမား ‘ဂျော်ဂင်ဟို’ တို့ ပွဲချိန်ပြည့် ပါဝင်ကစားခွင့်ရခဲ့သည်..။ ထိုပွဲ၏ပွဲချိန် (၂၇) မိနစ်တွင် အီမာဆန် မှာ တိုရီနိုအသင်း တိုက်စစ်မှူး အင်ဒရီယာ ဘာလော့တီ သွင်းယူပေးခဲ့သော ချေပဂိုးကို ဘယ်တောင်ပံမှ လှလှပပ ဖြတ်တင်ပေးပို့နိုင်ခဲ့သည်..။
စပိန်အသင်းက ရိုမေးနီးယားအသင်းအား အဝေးကွင်း ၂ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သော အုပ်စု (D) ပွဲစဉ်တွင် ဂိုးသမား ‘ကက်ပါ အရီဇာဘာလာဂါ’ ပွဲထွက်ခွင့်ရခဲ့သည်..။ ထိုပွဲတွင် ဂိုးသမား ကက်ပါမှာ ရိုမေးနီးယားအသင်းမှ ဘရိုက်တန်အသင်း တိုက်စစ်မှူး ဖလိုရင် အန်ဒိုနီ သွင်းယူခဲ့သော ချေပဂိုးကြောင့် clean sheet နှင့် လွဲချော်ခဲ့ရသော်လည်း နာကျင်အချိန်ပိုတွင် ရက်ဒင်းအသင်း တိုက်စစ်မှူး ဂျော့်ချ် ပက်စ်ကပ်စ် ၏ အနီးကပ် ခေါင်းတိုက်ဂိုးသွင်းချက်ကို ခြေထောက်ဖြင့် ကာကွယ်ပေးခဲ့ပြီး အနိုင်ရလဒ်ကို ဆောင်ယူပေးနိုင်ခဲ့သည်..။
ဒိန်းမတ်အသင်းက ဂျီလ်ဘရော့တာအသင်းအား အဝေးကွင်း ၆ဂိုးပြတ် အနိုင်ရရှိခဲ့သော အုပ်စု (D) ပွဲစဉ်တွင် နောက်ခံလူ ‘အင်းဒရီးယက်စ် ခရစ်စ်တီယန်ဆန်’ မှာ ဆိုင်မွန် ကာဂျာ နှင့်အတူ ဗဟိုခံစစ်မှူးအဖြစ် ဒိန်းမတ်အသင်း၏ ခံစစ်ကြောင်းကို ဦးဆောင်ခဲ့ရသည်..။