feature-image

ဇန်နဝါရီလမှာ အပြောင်းအရွှေ့ ပြန်လည်ပြုလုပ်နိုင်ဖွယ် ရှိတယ်လို့ အသိပေးလိုက်တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ အပြောင်းအရွှေ့ ရာသီနှစ်ခုအတွင်း ကစားသမားအသစ် ခေါ်ယူခွင့် ပိတ်ပင်ခံထားရသော်လည်း လာမည့်ဇန်နဝါရီလ အပြောင်းအရွှေ့ကာလ ပြန်လည်စတင်ချိန်တွင် အပြောင်းအရွှေ့ ဈေးကွက်အတွင်း ပြန်လည်ရောက်ရှိလာဖွယ် ရှိနေသည်ဟု ထိပ်တန်းအေးဂျင့်များအား အသိပေးခဲ့ကြောင်း The Mirror သတင်းဌာနက ဖော်ပြခဲ့သည်..။


အပြောင်းအရွှေ့ ရာသီနှစ်ခုအတွင်း ကစားသမား ခေါ်ယူခွင့် ပိတ်ပင်ခံထားရသည့် ချယ်လ်ဆီးအသင်းမှာ ယခုနွေရာသီ အပြောင်းအရွှေ့ ကာလကို ပြစ်ဒဏ်ကျခံပြီး ဖြစ်သလို အဆိုပါပြစ်ဒဏ်အပေါ် အားကစား အငြင်းပွားမှုများဆိုင်ရာ ခုံရုံး (Court of Arbitration for Sport) သို့လည်း အယူခံဝင်ထားဆဲဖြစ်သည်..။ ချယ်လ်ဆီးအသင်းအနေဖြင့် ခုံရုံး၏အဆုံးအဖြတ် မသိရမီ မိမိတို့၏နောက်ခြေလှမ်းများကို တရားဝင် ထုတ်ဖော်ပြောကြားမည် မဟုတ်သော်လည်း လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွက် အေးဂျင့်များနှင့် စတင်ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း အမည်မဖော်လိုသည့် အေးဂျင့်တစ်ဦးက The Mirror သတင်းဌာနကို ပြောကြားခဲ့သည်..။


“ချယ်လ်ဆီးဟာ သူတို့အသင်း လူစာရင်းကို ပိုမိုတောင့်တင်းအောင် ဖြည့်တင်းလို့တဲ့ဆန္ဒ အထူးပြင်းပြနေပါတယ်..။ နောက်ပြီးသူတို့ဟာ အယူခံအနိုင်ရပြီး လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ဈေးကွက်ထဲ ပြန်လည်လှုပ်ရှားနိုင်လိမ့်မယ်လို့လည်း အပြည့်အ၀ ယုံကြည်ထားပုံ ရပါတယ်..။ ”