feature-image

‘ကာလီဒူ ကူလီဘေလီ’ နှင့် အမေးအဖြေကဏ္ဍ (Q & A Session)

ချယ်လ်ဆီးအသင်းမှာ လေးနှစ်သက်တမ်း စာချုပ်ဖြင့် ရောက်ရှိလာခဲ့သော ဆီနီဂေါနောက်ခံလူ ကာလီဒူ ကူလီဘေလီ နှင့် တွေ့ဆုံခဲ့ပြီး မေးခွန်းတို၊ အမေးအဖြေ အစီအစဉ်တစ်ခု ပြုုလုပ်ခါ Chelsea FC Official Instagram Page မှ တင်ဆက်ခဲ့သည်..။

မေး - အမေရိကန် က အကြိုက်ဆုံး အားကစားအသင်း…?

“NBA ဘတ်စ်ဘောလိဂ်က Los Angeles Lakers အသင်း ဖြစ်ပါတယ်..။ ကျွန်တော်ဟာ NBA ဘတ်စ်ကတ်ဘော ပြိုင်ပွဲတွေကို အားပေးလေ့ ရှိပါတယ်..။ ဘတ်စ်ဘော ကစားသမားတွေကို ကြိုက်နှစ်သက်ပေမယ့် LA Lakers အသင်းကို အကြိုက်ဆုံးပါပဲ..။”

မေး - တွဲဖက်ကစားဖို့ အကြိုက်ဆုံး အသင်းဖော်တွေကို ပြောပြပါလား..?

“အသင်းဖော်တွေအားလုံးကို နှစ်သက်ပါတယ်..။ ကစားသမားတိုင်းမှာ ကိုယ်စီကိုယ်စီ ထူးခြားတဲ့ အရည်အချင်းတွေ ရှိကြပါတယ်..။ နာပိုလီအသင်းမှာတုန်းက ဂျော်ဂင်ဟို နဲ့ ဆီနီဂေါနိုင်ငံ အသင်းမှာဆိုရင် အက်ဒ်ဒွပ် မန်ဒီ တို့နဲ့ တွဲဖက် ကစားခဲ့ဖူးပါတယ်..။

ချယ်လ်ဆီးအသင်းက အသင်းဖော်တွေနဲ့လည်း တွဲဖက်ကစားခွင့်ရမယ့် အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေရသလို ကျွန်တော့်ရဲ့ခြေစွမ်းကို သူတို့တွေ လက်ခံလာအောင် အစွမ်းကုန် ကြိုးစားသွားပါမယ်..။”



မေး - ခင်ဗျားရင်ဆိုင်ခဲ့ဖူးသမျှ အခက်ခဲဆုံး ပြိုင်ဘက်..?

“နာပိုလီအသင်းနဲ့အတူ ကျွန်တော်ရင်ဆိုင်ခဲ့ဖူးသမျှထဲမှာ အခက်ခဲဆုံးပြိုင်ဘက် ကစားသမားက ‘ကာရင် ဘင်ဇီးမား’ ပါပဲ..။ ရီးရဲလ် မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်ဟာ ခက်ခဲပါတယ်…။ သူကလည်း အခုလက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်..။ ဒ့ါကြောင့်လည်း သူဟာကျွန်တော်ရင်ဆိုင်ခဲ့ဖူးသမျှ ပြိုင်ဘက်တွေထဲမှာ အခက်ခဲဆုံး ဖြစ်နေတာပါ..။”

မေး - အခုအမေရိကန် ပြည်ထောင်စု ခရီးစဉ်ကို ခင်ဗျားရဲ့အမြင်ကို ပြောပြနိုင်မလား…?

“သိပ်ကိုအံ့သြဖို့ ကောင်းပါတယ်..။ အမေရိကန် ပြည်ထောင်စုဟာ ကျယ်ဝန်းလှတဲ့ တိုင်းပြည်တစ်ခု ဖြစ်သလို လာ့စ် ဗီးဂက်စ် ကိုလည်း အခုချယ်လ်ဆီးအသင်းနဲ့မှ ပထမဆုံးအကြိမ် ရောက်ဖူးခဲ့တာပါ..။ ဒီနေ့ဆိုရင် အော်လန်ဒိုမြို့ကို ရောက်ရှိပါလိမ့်မယ်..။ အမေရိကန် ပြည်ထောင်စုမှာ ကျန်ရှိဦးမယ့်ရက်တွေအတွက် စိတ်လှုပ်ရှားရသလို အဲဒီရက်အတွင်း ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းကို ကူညီပေးနိုင်မယ့်သူ ဖြစ်တယ်ဆိုတာ သက်သေပြနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..။”

မေး - ဘောလုံးကစားနည်းအပြင် ခင်ဗျားဝါသနာပါတဲ့ တခြားအရာတွေ ရှိသေးလား..?

“မိသားစုနဲ့အတူ အနားယူပြီး အချိန်ကုန်လေ့ ရှိပါတယ်..။ ကျွန်တော်ဟာ စာဖတ်ဝါသနာ ပါသလို ဘတ်စ်ကတ်ဘော ပွဲတွေကို ကြည့်ရှုလေ့ရှိပါတယ်..။ ကျွန်တော်ဟာ NBA ဘတ်စ်ကတ်ဘောပြိုင်ပွဲ ပရိသတ် တစ်ယောက်ပါ..။”



မေး - ကစားသမားဘဝမှာ ဂုဏ်အယူရဆုံး အခိုက်အတန့်…

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ နိုင်ငံလက်ရွေးစင် အသင်းနဲ့အတူ အာဖရိကဖလား (AFCON) ကို ကျွန်တော်တို့ အနိုင်ရ၊ ဗိုလ်စွဲခဲ့တဲ့အချိန်ပဲ ဖြစ်ပါတယ်..။ ကျွန်တော့်ဘဝရဲ့ အလှပဆုံး အခိုက်အတန့် ဖြစ်ခဲ့ပါတယ်..။ အရမ်းကို ပျော်ရွှင်ခဲ့ရပါတယ်..။”

မေး - ခင်ဗျားစံပြု အားကျခဲ့ရတဲ့ ပုဂ္ဂိုလ်…

“ပြင်သစ်နောက်ခံလူ လီလီယန် သူရမ် ဖြစ်ပါတယ်..။ ကျွန်တော်ငယ်စဉ်တုန်းက သူဟာပြင်သစ် လက်ရွေးစင် အသင်းမှာ ကစားနေတဲ့အချိန် ဖြစ်ပါတယ်..။ သူ့ရဲ့ကစားပုံကို အားကျရင်း သူ့လိုကစားသမားမျိုး ဖြစ်ချင်ခဲ့ပါတယ်..။”

မေး - ခင်ဗျားကို ဘယ်လိုကစားသမားမျိုးလို့ သတ်မှတ်ရမှာလဲ..?

“ကျွန်တော်ဟာ ကာကွယ်ဖျက်ထုတ်ရတာကို နှစ်သက်ပါတယ်..။ အထူးသဖြင့် တစ်ယောက်ချင်း 1 vs 1 ကျော်ဖြတ်မှုတွေကို တားဆီးရတာ အကြိုက်ဆုံးပါပဲ..။ တိုက်စစ်မှူးတွေကို စိတ်လွတ်လက်လွတ် တိုက်စစ်ဆင် ကစားနိုင်အောင် နောက်တန်းခံစစ်ကြောင်းက အာမခံချက် ပေးနိုင်တဲ့သူ ဖြစ်ချင်ပါတယ်..။ ကျွန်တော်ဟာ ကိုယ့်အသင်းအတွက် စိတ်ချရတဲ့ လုံခြုံရေးဝန်ထမ်း (the security) ဖြစ်ချင်ပါတယ်..။ ကျန်တဲ့အသင်းသားတွေ ရှေ့တန်းမှာ စိတ်တိုင်းကျ တိုက်စစ်ဆင်နိုင်အောင် လုံခြုံစိတ်ချမှုတွေ ပေးစွမ်းချင်ပါတယ်..။”



မေး - ခင်ဗျားအနှစ်သက်ဆုံး အစားအစာ..?

“ဆီနီဂေါ ရိုးရာ အစားအသောက်တွေ ဖြစ်ပါတယ်..။ ထမင်းနဲ့ငါးကို အဓိက စားသုံးပေမယ့် အီတလီ အစားအသောက်တွေကိုလည်း နှစ်သက်ပါတယ်..။ နာပိုလီမှာ ရှစ်နှစ်တာ နေထိုင်ခဲ့တာကြောင့် ပီဇာ နဲ့ ပါစတာ ကိုလည်း ကြိုက်နှစ်သက်ပါတယ်..။”

မေး - အားကစားသမားတွေထဲမှာ ခင်ဗျားအနှစ်သက်ဆုံးနဲ့ စံနမူနာပြထားသင့်တယ်လို့ သတ်မှတ်ထားတဲ့သူ ပြောပြနိုင်မလား..?

“နှစ်ယောက်ရှိပါတယ်..။ တင်းနစ် ကစားနည်းက ‘ရော်ဂျာ ဖယ်ဒရာ’ နဲ့ NBA ဘတ်စ်ကတ်ဘော ကစားသမား ‘လီဘရွန် ဂျိမ်းစ်’ ပါ..။ သူတို့နှစ်ယောက်ဟာ ကျွန်တော်စံပြုအားကျခဲ့တဲ့ ကစားသမားတွေဖြစ်ပြီး သူတို့လို ဖြစ်ချင်ပါတယ်..။”