feature-image

ချယ်လ်ဆီးရဲ့ FA ဖလားဆီမီးဖိုင်နယ် ဂိတ်ဝင်ကြေးကို လှူဒါန်းပေးမယ့် ဘောလုံးအဖွဲ့ချုပ်

ဘောလုံးအဖွဲ့ချုပ် (FA) မှာ မနှစ်ကဘောလုံးရာသီက ဝင်ဘလေကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးနှင့် ခရစ်စ်တယ် ပဲလေ့စ်အသင်းတို့၏ FA ဖလား၊ အကြိုဗိုလ်လုပွဲစဉ်မှ ဂိတ်ဝင်ကြေး စတာလင်ပေါင် (၁) သန်းအား ယူကရိန်းနိုင်ငံ၊ စစ်ဘေးဒုက္ခသည်များအတွက် ဆောင်ရွက်ပေးနေသည့် လူမှုရေးအဖွဲ့အစည်းများထံ လှူဒါန်းသွားမည်ဖြစ်ကြောင်း အသိပေးခဲ့သည်..။

တော့ဒ် ဘိုလေး နှင့် Clearlake Capital အဖွဲ့တို့မှ ချယ်လ်ဆီးအသင်းအား ဝယ်ယူခဲ့သည့် စတာလင်ပေါင် (၂.၃) ဘီလီယံခန့်မှာ အစိုးရက ထိန်းချုပ်ထားသော ဘဏ်အကောင့်ထဲတွင် ရှိနေပြီး ဗြိတိသျှအစိုးရနှင့် ဥရောပသမဂ္ဂ (Europan Union) တို့ပါ ပါဝင်ပတ်သတ်နေသော ရှုပ်ထွေးလှသည့် တရားရုံးကိစ္စများကြောင့် အဆိုပါငွေများကို ထုတ်ယူခွင့်ရရှိနိုင်ရန် ကြန့်ကြာနေဆဲဖြစ်သည်..။

ထို့ကြောင့် ဘောလုံးအဖွဲ့ချုပ်က ယူကရိန်းနိုင်ငံ၊ စစ်ဘေးဒုက္ခသည်များအတွက် ထောက်ပံ့နိုင်မည့် နည်းလမ်းများကို ရှာဖွေပြီး လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်..။

ချယ်လ်ဆီးအသင်းက ခရစ်စ်တယ် ပဲလေ့စ်အသင်းအား ၂ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် FA ဖလား၊ အကြိုဗိုလ်လုပွဲစဉ်တွင် ချယ်လ်ဆီးအသင်းအတွက် ခွဲဝေရမည့် ဂိတ်ဝင်ကြေးမှာ ရိုမန် အေဘရာမိုဗစ်ခ်ျ အား ပြုလုပ်ထားသည့် ပိတ်ပင်မှုများကြောင့် အသင်းအား ပေးချေနိုင်ခြင်းမရှိပဲ ဘောလုံးအဖွဲ့ချုပ်က သီးခြား ထိန်းချုပ်ထားရခြင်းဖြစ်သည်..။

လီဗာပူးလ် အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် FA ဖလားဗိုလ်လုပွဲ၏ ဂိတ်ဝင်ကြေးကို သီးခြားခွဲဝေပေးခြင်းမရှိပဲ အနိုင်ရရှိသည့်အသင်း၊ ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်ခွင့်ရသည့် အသင်းများအတွက် အချိုးကျပေးဝေသည့် ဆုကြေးငွေ (prize money) များတွင် ထည့်သွင်းခဲ့သည်..။