feature-image

၂၀၂၃/၂၄ ရာသီ၊ ချယ်လ်ဆီးအသင်း၏ နွေရာသီအပြောင်းအရွှေ့ အနှစ်ချုပ်..

ပရီးမီးယားလိဂ်အသင်းများ၏ ၂၀၂၃/၂၄ ဘောလုံးရာသီ၊ အပြောင်းအရွှေ့ကာလမှာ စက်တင်ဘာလ (၁) ရက်နေ့၊ ဒေသစံတော်ချိန် ည (၁၁း၀၀) နာရီ (မြန်မာစံတော်ချိန်- စက်တင်ဘာ (၂) ရက်၊ နံနက် (၄း၃၀) နာရီ) အချိန်တွင် ပြီးဆုံးသွားခဲ့ပါသည်..။ အဆိုပါနွေရာသီ အပြောင်းအရွှေ့ကာလအတွင်း ပရီးမီးယားလိဂ် အသင်းများ၏ အပြောင်းအရွှေ့ အသုံးစားရိတ် စုစုပေါင်းမှာ စတာလင်ပေါင် (၂.၄၄) ဘီလီယံ ရှိခဲ့ပြီး မနှစ်ကနွေရာသီ အပြောင်းအရွှေ့ကာလတွင် သုံးစွဲခဲ့သော စတာလင်ပေါင် (၂.၁၄) ဘီလီယံကို ကျော်လွန်ခဲ့သည်..။

ထို့အပြင် အသင်းများမှာ ကစားသမားများကို ရောင်းချရာမှ စတာလင်ပေါင် (၁.၃၆) ဘီလီယံ ပြန်လည်ရရှိခဲ့ပြီး ကစားသမား ရောင်းချမှုအများဆုံး ပြုလုပ်နိုင်ခဲ့သည့် စံချိန်တင်နိုင်ခဲ့ပါသည်..။ သို့သော် အသားတင် အသုံးစားရိတ် (net spend) တွင် စတာလင်ပေါင် (၁.၀၇) ဘီလီယံ ရှိခဲ့ပြီး မနှစ်ကဘောလုံးရာသီတွင် သုံးစွဲခဲ့သော အသားတင် အသုံးစားရိတ် စတာလင်ပေါင် (၁.၂၉) ဘီလီယံထက် နည်းပါးခဲ့သည်..။



ချယ်လ်ဆီးအသင်း၏ အပြောင်းအရွှေ့ စံချိန်များ…

ချယ်လ်ဆီးအသင်းမှာ ယခုနှစ်ဘောလုံးရာသီတွင် ကစားသမား ခေါ်ယူမှုများတွင် စတာလင်ပေါင် (၄၃၄.၅) သန်း သုံးစွဲခဲ့ပြီး ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အပြောင်းအရွှေ့ရာသီ တစ်ခုအတွင်း ကစားသမားခေါ်ယူမှုအတွက် ငွေကြေးသုံးစွဲမှုအများဆုံး ပြုလုပ်ခဲ့သော အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်..။ ထို့ကြောင့် အသင်းပိုင်ရှင် တော့ဒ် ဘိုလေး တို့မှာ ချယ်လ်ဆီးအသင်းအား လွှဲပြောင်းရယူပြီး အပြောင်းအရွှေ့ သုံးရာသီအတွင်းတွင် ကစားသမား ခေါ်ယူမှုများအတွက် စုစုပေါင်း စတာလင်ပေါင် (၁.၀၃၆) ဘီလီယံ သုံးစွဲခဲ့ပြီးဖြစ်သည်..။

ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးအသင်းမှာ ဘရိုက်တန်အသင်းမှ အီကွေဒေါ ကွင်းလယ်ကစားသမား မွိုက်စ် ကိုင်ဆီဒို အား ဗြိတိသျှစံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၁၁၅) သန်းဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလက အန်ဇို ဖာနန်ဒက်စ် အား ခေါ်ယူခဲ့သည့် စတာလင်ပေါင် (၁၀၆.၈) သန်း စံချိန်ကို ချိုးဖျက်ခဲ့သည်..။



ထို့အပြင် ချယ်လ်ဆီးအသင်းမှာ ကစားသမားကို အများဆုံးရောင်းချနိုင်ခဲ့သည့်အသင်း ဖြစ်ခဲ့ပြီး စုစုပေါင်း စတာလင်ပေါင် (၂၃၇.၃) သန်းဖြင့် စံချိန်တင် ရောင်းချနိုင်ခဲ့သည့် ပမာဏအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြန်သည်..။


အသားတင် သုံးစွဲမှု (net spend) တွင်လည်း ချယ်လ်ဆီးအသင်းမှာ ပရီးမီးယားလိဂ် အသင်းများအနက် အသားတင် သုံးစွဲမှု အများဆုံး ပြုလုပ်ခဲ့သော အသင်းအဖြစ် စတာလင်ပေါင် (၁၉၇.၂) သန်း ပြုလုပ်ခဲ့ပါသည်..။



၂၀၂၃/၂၄ ဘောလုံးရာသီအတွင်း ချယ်လ်ဆီးအသင်း၏ ကစားသမား အပြောင်းအရွှေ့များ

ခေါ်ယူခဲ့သည့် ကစားသမားများ (signed)

ခရစ္စတိုဖာ အန်ကန်းကူ (RB လိုက်ပ်ဇစ်) - စတာလင်ပေါင် (၅၂) သန်း
နီကိုလပ်စ် ဂျက်ဆန် (ဗီလာရီးရဲလ်) - စတာလင်ပေါင် (၃၂) သန်း
အန်ဂျလို ဂါဘရီယယ်လ် (ဆန်းတို့စ်) - စတာလင်ပေါင် (၁၃) သန်း
လက်စ်လေ အူဂိုချူကူ (ရန်းန်) - စတာလင်ပေါင် (၂၃.၁) သန်း
အက်ဆယ်လ် ဒီဆာဆီ (မိုနာကို) - စတာလင်ပေါင် (၃၈.၈) သန်း
ရောဘတ် ဆန်းချက်ဇ် (ဘရိုက်တန်) - စတာလင်ပေါင် (၂၅) သန်း
မွိုက်စ် ကိုင်ဆီဒို (ဘရိုက်တန်) - စတာလင်ပေါင် (၁၁၅) သန်း
ရိုမီယို လာဗီးယား (ဆောက်ပ်သမ်တန်) - စတာလင်ပေါင် (၅၈) သန်း
ဂျော်ဂျီ ပီထရိုဗစ် (New England Revolution) - စတာလင်ပေါင် (၁၄) သန်း
ကိုးလ် ပါးလ်မား (မန်ချက်စတာ စီးတီး) - စတာလင်ပေါင် (၄၂.၅) သန်း


ကန်ဒရေ ပါရက်ဇ် (Independiente del Valle) - စတာလင်ပေါင် (၁၇.၃) သန်း
ဒူဂျွန် ရစ်ချက် (Phoenix Allstars Academy) - အကြိုစာချုပ် သဘောတူညီမှု
ဒီယေဂို မိုရဲရား (ဘင်ဖီကာ) - အလွတ်
အဲလက်စ် မားတို့စ် (နောဝစ်ခ်ျ) - အလွတ်
အစ်ရှ်ရှေး ဆင်မြူရယ်လ် စမစ် (အဲဗာတန်) - စတာလင်ပေါင် (၄) သန်း
ဒီဗစ် ဝါရှင်တန် (ဆန်းတို့စ် ) - စတာလင်ပေါင် (၁၇.၁) သန်း
အိုလေး ဟတ်ချင်ဆန် (နယူးကာဆယ်)

စာချုပ်သက်တမ်းတိုး (New Contracts)

လီဗိုင်း ကော်ဝီးလ် (၂၀၂၉ ခုနှစ်ထိ)
မိုက်ကယ်လ် ဂိုးလ်ဒင်း (၂၀၂၆ ခုနှစ်ထိ)
ဟယ်ရီဆန် မာရေး- ကမ်းဘဲလ် (၂၀၂၆ ခုနှစ်ထိ)
ဘာရှား ဟမ်းဖရေး (၂၀၂၇ ခုနှစ်ထိ)



ရောင်းချလိုက်သည့် ကစားသမားများ (Sold)


ဇာဗီယားစ် ဆီမွန်စ် (ဟူးလ် စီးတီးသို့) - အလွတ်
ကာလီဒူ ကူလီဘာလေ (Al Hilal သို့) - စတာလင်ပေါင် (၁၇) သန်း
အက်ဒ်ဒွပ် မန်ဒီ (Al Ahli သို့) - စတာလင်ပေါင် (၁၆) သန်း
မက်တီယို ကိုဗာဆစ် (မန်ချက်စတာ စီးတီး သို့) - စတာလင်ပေါင် (၃၀) သန်း
ကိုင် ဟားဗာ့ဇ် (အာဆင်နယ် သို့) - စတာလင်ပေါင် (၆၅) သန်း
ရူဘင် လော့ဖ်တပ်စ် ချိခ် (အေစီ မီလန် သို့) - စတာလင်ပေါင် (၁၈.၅) သန်း
မေဆန် မောင့် (မန်ချက်စတာ ယူနိုက်တက် သို့) - စတာလင်ပေါင် (၆၀) သန်း
ဘာဘာ ရာမန်း (PAOK သို့) - အလွတ်
ဆီဇာ အက်ဇ်ပီလီကွဲတား (အက်တလက်တီကို မက်ဒရစ်သို့) - အလွတ်
ခရစ္စတီယန် ပူလီဆစ် (အေစီ မီလန်) - စတာလင်ပေါင် (၁၈.၈) သန်း


အီသန် အမ်ပါဒူး (လိဒ် ယူနိုက်တက်) - စတာလင်ပေါင် (၇) သန်း
ပယ်ရီ အမ်းမ်ရစ်ခ် အူဘားမီးယန်း (မာဆေးလ်) - အလွတ်
ဘင် အီးလီးယော့တ် (ရက်ဒင်း) - အလွတ်
လူးဝစ်စ် ဟောလ် (နယူးကာဆယ်) - အလွတ် (အပြီးသတ် ခေါ်ယူခွင့် အပါအဝင်ဖြင့်)
လူးဝစ်စ် ဖလားဝါးစ် (ဘရိုက်တန်) - အလွတ်
ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း (နော့တင်ဟမ် ဖောရက်စ်) - စတာလင်ပေါင် (၅) သန်း

အဌားချ ကစားသမားများ (Loaned Out)

ချာလီ ဝက်ဘ်စ်တာ (SC ဟာရန်ဗင်း)
တက်ဒီ ရှားမင်း လိုဝီး (ဘရွန်လေ)
ဒေးဗစ် ဒါထရို ဖိုဖားနား (Union ဘာလင်)
ဒီယွန် ရန်ကိုင်း (အိစ္စက်တာ)
အွမ်မ်ရီ ဟတ်ချင်ဆန် (အစ်ပ်ဝစ်ချ် တောင်း)
အန်ဂျလို ဂါဘရီယယ်လ် (စထရာ့ဘာ့ဂ်)
ဂါဘရီယယ်လ် ဆလိုနီးနား (KAS ယူပင်း)
ကက်ပါ အရီဇာဘာလာဂါ (ရီးရဲလ် မက်ဒရစ်)


ဆီဇာရီ ကာဆာဒီ (လက်စ်တာ စီးတီး)
ဟာဗီ ဗေးလ် (ဘရစ္စတို ရိုးဗားစ်)
ဟာကင် ဇီးယက်ခ်ျ (ဂါလာတာစာရေး)
အန်ဒရေ ဆန်းတို့စ် (နော့တင်ဟမ် ဖောရက်စ်)
တီနို အန်ဂျိုရင် (ပို့စ်မောက်စ်)
ရိုမီလူ လူကာကူ (AS ရိုးမား)
ဇက်ခ် စတာ့ဂျ် (ပီတာဘရော့ ယူနိုက်တက်)
မေဆန် ဘတ်စ်တိုး (ဆန်းဒါးလန်း)
ဒီယေဂို မိုရေးရား (လိုင်ယွန်)
ဘာရှား ဟမ်းဖရေး (ဆွမ်ဆီး စီးတီး)

စာချုပ်ဖျက်သိမ်း (Released)

ဒဲရစ်ခ် အဘူး (ဆောက်ပ်သမ်တန်)
ပရင့်စ် အဒီဂိုဘေး (ချာလ်တန်)
တီမူယီ ဘာကာယိုကို (လိုရီးယန့်)
နေသန် ဘက်စ်တာ (ဘော်လ်တန်)
ဂျူအန် ကာစတယ်လို
ဘရိုင်ယန် ဖာဘီယန်မား (ရီးရဲလ် ဆိုဆီဒက်)
ဂျိုး ဟိတ်ဂျ်
အန်ဂိုလို ကန်တေး (Al Ittihad)


ဟင်နရီ လောရင့်စ် (Standard Liege)
ဆမ် မက်ခ်ကလိလန်း (စိန့် ဂျွန်စတုံး)
တူဒေါ် မန်ဒယ်လ် အိုင်ဒိုဝူးလ် (အန်ဒါလက်ခ်ျ)
မာလစ်ခ် မာသားဆိုင်းလ်
ဒူဂျွန် စတာလင်း (ရိန်းဂျားစ်)
ဆီလ်ကို သောမတ်စ်
ဆမ်မီ လမ်ကာနေ (AEK အေသင်စ်)
အီသန် ဝါဒီ (မီးလ်ဝေါလ်)
ဂျေဒန် ဝဲလ်ဟမ် (ရက်ဒင်း)