feature-image

Infinite Athlete နဲ့ ချယ်လ်ဆီးအသင်းရဲ့ စပွန်ဆာကြေးကို ကန့်ကွက်ခဲ့ကြတဲ့ ပရီးမီးယားလိဂ်အသင်းများ

ချယ်လ်ဆီးအသင်းမှာ လစ်လပ်နေသော အသင်း၏အင်္ကျီရှေ့စပွန်ဆာအတွက် အမေရိကန်အခြေစိုက် အားကစားနည်းပညာ ကုမ္ပဏီ Infinite Athlete နှင့် သဘောတူညီမှု ရရှိခဲ့သည်..။ စတန်းဖို့ဒ် ဘရစ်ချ်အသင်းမှာ ယခုနှစ်တွင် ဥရောပပြိုင်ပွဲများတွင် ပါဝင်ခွင့်မရရှိခဲ့သော်လည်း ယခုနှစ်ဘောလုံးရာသီအတွင် စတာလင်ပေါင်သန်း (၄၀) ဝန်းကျင်ဖြင့် သဘောတူညီမှု ရရှိခဲ့သည်ဟု သိရပါသည်..။

အဆိုပါစပွန်ဆာကြေး ပမာဏနှင့်ပတ်သက်ပြီး ပရီးမီးယားလိဂ် အသင်းအချို့က စိုးရိမ်မှုများရှိခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ်ပေးရန် ပရီးမီးယားလိဂ် အဖွဲ့ချုပ်သို့ တရားဝင်တိုင်ကြား၊ ကန့်ကွက်ထားကြောင်း Football Insider သတင်းဌာနက ဖော်ပြခဲ့သည်..။

ချယ်လ်ဆီးအသင်းအတွက် Infinite Athlete ကုမ္ပဏီမှ ပေးချေခဲ့သည့် စပွန်ဆာကြေးမှာ ဘောလုံးရာသီ စတင်ပြီးမှ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ခဲ့သည်..။ ထို့အပြင်ဥရောပပြိုင်ပွဲများတွင် ပါဝင်ခွင့်မရရှိခဲ့သော်ငြား ယခင်ဘောလုံးရာသီများက Three UK မိုဘိုင်းလ်ကုမ္ပဏီနှင့် သဘောတူညီမှုရရှိခဲ့သည့် စပွန်ဆာကြေးအတိုင်း ရရှိခဲ့ခြင်းအပေါ် ပရီးမီးယားလိဂ် အသင်းများက မကျေမနပ်ဖြစ်နေကြသည်..။

The Sponsor’s Fair Market Valuation တွက်ချက်မှုအရ ယခုနှစ်ရာသီတွင် ချယ်လ်ဆီးအသင်း၏ အင်္ကျီအရှေ့ စပွန်ဆာကြေးမှာ စတာလင်ပေါင် (၁၆.၉) သန်းသာ ရရှိသင့်သည်ဟု သိရသည်..။ ထို့အပြင် တစ်နှစ်လျှင်အသားတင် အမြတ်ငွေ စတာလင်ပေါင် (၁၂) သန်းဝန်းကျင်သာ ရရှိနေသည့် Infinite Athlete ကုမ္ပဏီ အနေဖြင့် ယခုကဲ့သို့ တစ်နှစ်လျှင် စတာလင်ပေါင်သန်း (၄၀) ကျော်မည့် စပွန်ဆာကြေးကို မည်ကဲ့သို့ ပေးချေမည်နည်း..? ဆိုသည့်မေးခွန်းများလည်း ရှိနေခဲ့သည်..။
 
Infinite Athlete ကုမ္ပဏီနှင့် ချယ်လ်ဆီးအသင်းပိုင်ရှင် သူဌေးများ၏ကြားမှ ဆက်ဆံရေးအခြေအနေအပေါ်တွင် မေးခွန်းထုတ်မှုများလည်း ရှိနေခဲ့သည်..။ Infinite Athlete ကုမ္ပဏီမှာ Tempus Ex Machina နှင့် Biocore ကုမ္ပဏီတို့ ပူးပေါင်းပြီးနောက်ပိုင်း ပေါ်ထွက်လာခဲ့သော ကုမ္ပဏီလုပ်ငန်းစုတစ်ခုဖြစ်ပြီး ချယ်လ်ဆီးအသင်း၏ အဓိကရှယ်ယာရှင်များဖြစ်သည့် Clearlake Capital ၏ ရင်းနှီးမြုပ်နှံမှုများ ပါဝင်လျှက် ရှိပါသည်..။