feature-image

စတန်းဖို့ဒ် ဘရစ်ချ်ကွင်းက Hilton Hotel ကြော်ငြာကြောင့် အဝေဖန်ခံနေရတဲ့ အသင်းပိုင်ရှင်များ

ချယ်လ်ဆီးအသင်းမှာ ပြီးခဲ့သည့်နွေရာသီတွင် ကမ္ဘာကျော် ဟိုတယ်လုပ်ငန်းစု တစ်ခုဖြစ်သော Hilton Hotels Group နဲ့ အကျိုးပူးပေါင်းရန် သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်..။ ထို့နောက် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့သော ချယ်လ်ဆီးအမျိုးသမီး အသင်းနှင့် မန်ချက်စတာ ယူနိုက်တက် အမျိုးသမီး အသင်းတို့၏ Women Super League ပွဲစဉ်တွင် မက်သယူး ဟားဒင်းပွဲကြည့်စင်မှ ဟိုတယ်အခန်းအား ချယ်လ်ဆီးအမျိုးသမီး အသင်း၏ Twitter အကောင့်မှ ပြသခဲ့သည်..။



အဆိုပါဟိုတယ်ခန်းတွင် ဟင်းလင်းဖွင့် အိပ်ယာတစ်ခု၊ တီဗွီတစ်ခုနှင့် Hilton တံဆိပ်ပါ ညဝတ်အင်္ကျီများဖြင့် တန်ဆာဆင်ထားခဲ့သည်..။ ယခင်အပါတ်က ဖူးလ်ဟမ်းအသင်းနှင့် ပွဲစဉ်တွင်လည်း စတန်းဖို့ဒ် ဘရစ်ချ်ကွင်း၏ ဝင်ပေါက်အနီးတွင် ပွဲကစားချိန်အတွင်း သွားတိုက်ပြနေသည့် အစိမ်းရောင် ကတ္တီပါဂျာကင်ဝတ် လူတစ်ခုကြောင့် ပွဲကြည့်ပရိသတ်များမှာ ပဟေဠိ ဖြစ်ခဲ့ကြသည်..။



နောက်ပိုင်းတွင် အဆိုပါလူစု၏ ထူးဆန်းသော အပြုအမူများမှာ မကြာခင်ပြသမည့် ဟောလီးဝုဒ်ရုပ်ရှင် ‘Argylle’ အတွက် ကြော်ငြာရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ကြသည်..။

ချယ်လ်ဆီးအသင်း အမာခံပရိသတ်များကတော့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းအား ယခုကဲ့သို့ စီးပွားရေး ကြော်ငြာများ ရိုက်ကူးရာတွင် အသုံးချနေခြင်းကို ကျေနပ်မှုမရှိခဲ့ပေ..။ အထူးသဖြင့် ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ကွယ်လွန်ခဲ့သည့် အသင်း၏ ဒုတိယဥက္ကဌဟောင်း မက်သယူး ဟားဒင်း အတွက် အထိမ်းအမှတ် ပွဲကြည့်စင်ပေါ်တွင် စီးပွားရေး ကြော်ငြာများ ရိုက်ကူးနေခြင်းအ‌ပေါ် အောက်ပါအတိုင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်..။

‘ဒီပွဲကြည့်စင်ကို မက်သယူး ဟားဒင်း က သူ့ရဲ့ကိုယ်ပိုင် ပိုက်ဆံနဲ့ ဆောက်လုပ်ပေးခဲ့တာဖြစ်ပါတယ်..။ ဒီနေရာဟာ ချယ်လ်ဆီးအသင်းကို အစဉ်တစိုက် အားပေးခဲ့တဲ့ ငါတို့လို old school ပရိသတ်တွေရဲ့ အထင်ကရ သမိုင်းဝင်နေရာတစ်ခု ဖြစ်ပါတယ်…။ ဒါ့ကြောင့်ပွဲကြည့်ခုံတွေအစား အခုလိုကြော်ငြာတွေ ထည့်သွင်းရိုက်ကူးနေတာဟာ ရှက်စရာ ကောင်းသလို တော့ဒ် ဘိုလေး တို့ဟာ အသင်းရဲ့ သမိုင်းအစဉ်အလာတွေကို နားလည်တဲ့သူတွေ မဟုတ်ဘူး..။”
- ချယ်လ်ဆီး ပရိသတ်တစ်ဦး

“ဒီနေရာဟာ ဆင်ဝင်၊ နေရာလွတ်တစ်ခု ဖြစ်တာကြောင့် ပွဲကြည့်ခုံတွေ မရှိဘူး.. ဆိုရင်တောင်မှ ဒီပွဲကြည့်စင် တစ်ခုလုံးဟာ အသင်းရဲ့အနိမ့်အမြင့် ကာလတစ်လျှောက်လုံး တစိုက်မတ်မတ် သစ္စာစောင့်သိခဲ့တဲ့ တစ်ရာသီစာ လက်မှတ်ပိုင်ရှင်တွေရဲ့ ဘူမိနက်သန် နေရာမှန် ဖြစ်ပါတယ်..။ အဲဒီလိုအပြာရောင်တွေရဲ့ အစဉ်အလာ၊ ယဉ်ကျေးမှုတွေအပေါ် နားလည်မှုမရှိတာကို အံ့ဩလို့မဆုံးပါဘူး..။”
- ပေါလ် ဟုချ်


- Daily Mail