feature-image

ချယ်လ်ဆီးအသင်း၏ ၂၀၂၂/၂၃ ဘောလုံးရာသီအတွက် ဘဏ္ဍာရေး ရှင်းတမ်း

ချယ်လ်ဆီးအသင်း၏ Chelsea FC Holdings Limited မှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် ကုန်ဆုံးခဲ့သော ၂၀၂၂/၂၃ ဘောလုံးရာသီအတွက် အသင်း၏ အရှုံး၊ အမြတ် ဘဏ္ဍာရေးရှင်းတမ်းကို ထုတ်ပြန်ကြေငြာခဲ့သည်..။

ချယ်လ်ဆီးအသင်းမှာ ၂၀၂၂/၂၃ ဘောလုံးရာသီတွင် ဝင်ငွေအရပ်ရပ် စုစုပေါင်း (turnovers) စတာလင်ပေါင် (၅၁၂.၅) သန်း ရရှိခဲ့ပြီး (၂၀၂၁/၂၂ ဘောလုံးရာသီတွင် စတာလင်ပေါင် (၄၈၁.၃) သန်း ဝင်ငွေ ရရှိခဲ့သည်..။) တော့ဒ် ဘိုလေး တို့ အသင်းကိုဝယ်ယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အထွေထွေဝင်ငွေ သန်း (၅၀၀) ကျော် ရရှိခဲ့ခြင်းဖြစ်သည်..။

ထိုသို့ဝင်ငွေရရှိမှု တိုးတက်လာခဲ့ရခြင်း အကြောင်းရင်းများထဲတွင် ကွင်းဝင်ကြေးများ၊ အသင်းပိုင် စီးပွားရေး လုပ်ငန်းများမှ ဝင်ငွေရရှိမှု များပြားလာခဲ့သည့်အပြင် အမျိုးသမီးအသင်း၏ အောင်မြင်မှုများကြောင့် ဝင်ငွေ တိုးတက်ရရှိခဲ့လာခြင်းဖြစ်သည်..။ သို့သော် ချယ်လ်ဆီးအမျိုးသားအသင်းမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် အဆင့် (၁၂) သာ ရရှိခဲ့ခြင်းကြောင့် ရုပ်သံထုတ်လွှင့်မှုများမှ ရရှိသည့်ဝင်ငွေများ လျော့ကျခဲ့သလို FA ဖလား၊ လိဂ်ဖလားများတွင် တတိယအဆင့် ပွဲစဉ်များမှ ထွက်ခွာခဲ့ခြင်းကြောင်း ဝင်ငွေရရှိမှု ကျဆင်းခဲ့ရသည်..။

အသင်း၏ စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေ စတာလင်ပေါင် (၂၁၀.၁) သန်း တိုးတက်ရရှိခဲ့သည်…။ အဆိုပါဝင်ငွေများထဲတွင် အသင်း၏စပွန်ဆာအသစ်များနှင့် စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့မှုများမှ တိုးတက် ရရှိလာခဲ့သော ဝင်ငွေများလည်း ပါဝင်ခဲ့သည်..။

သို့သော် အသင်း၏လည်ပတ်နေသော လုပ်ငန်းများအတွက် ကုန်ကျငွေ ပိုမိုများပြားလာခဲ့သလို အထွေထွေ ကုန်ကျစားရိတ်များ၊ ဝန်ထမ်းများအတွက် ပေးချေရသည့် စားရိတ်များအတွက် ကုန်ကျမှု တိုးတက်လာခဲ့သည်..။ ကစားသမားများ စာချုပ်ဖျက်သိမ်းခြင်း၊ ရောင်းချခြင်းများမှ အမြတ်ငွေ စတာလင်ပေါင် (၁၄၂.၂) သန်း ရရှိလာခဲ့သောကြောင့် အသင်းမှာ ၂၀၂၂/၂၃ ဘောလုံးရာသီတွင် စတာလင်ပေါင်သန်း (၉၀.၁) သန်း အရှုံးပြခဲ့သည်..။ (ချယ်လ်ဆီးအသင်းမှာ ပြီးခဲ့သည့် ၂၀၂၁/၂၂ ဘောလုံးရာသီတွင် စတာလင်ပေါင် (၁၂၁.၄) သန်း အရှုံးပြခဲ့သည်..။)

ချယ်လ်ဆီးအသင်းမှာ ယခင်နှစ်က ကြုံတွေ့ခဲ့ရသည့် ပိတ်ပင်တားဆီးမှုများ၊ ကွင်းတွင်းရလဒ်ပိုင်း ကျဆင်းခဲ့မှုများကြောင့် ဘဏ္ဍာရေး ရှင်းတမ်းအရ အရှုံးပြခဲ့သော်လည်း ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) နှင့် ပရီးမီးယားလိဂ် အဖွဲ့ချုပ်တို့၏ ဘဏ္ဍာရေး စည်းမျဉ်းများအတိုင်း လိုက်နာနေနိုင်ဆဲဖြစ်ကြောင်း ကြေငြာခဲ့သည်..။