ပရီးမီးယားလိဂ်အသင်းများ၏ ၂၀၂၄/၂၅ ဘောလုံးရာသီ၊ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ သောကြာနေ့၊ ဗြိတိသျှစံတော်ချိန် ည (၁၁း၀၀) နာရီတွင် ပြီးဆုံးသွားပါသည်..။ ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ကာလအတွင်း ပရီးမီးယားလိဂ်အသင်းများမှာ ကစားသမားခေါ်ယူမှုများအတွက် စတာလင်ပေါင် (၂.၀၈) ဘီလီယံ ပြုလုပ်ခဲ့သည်..။ ကစားသမား ရောင်းချမှုများမှ စတာလင်ပေါင် (၁.၄၅) ဘီလီယံ ပြန်လည်ရရှိခဲ့ပြီး ရောင်းချမှုများမှ ငွေကြေးအများဆုံးပြန်လည် ရရှိခဲ့သည့် အပြောင်းအရွှေ့ကာလအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်..။
ချယ်လ်ဆီးအသင်းမှာ ကစားသမား ခေါ်ယူမှုများအတွက် စတာလင်ပေါင် (၂၁၉) သန်း သုံးစွဲခဲ့ပြီး ပရီးမီးယားလိဂ်အသင်းများအနက် ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ ကာလတွင် ငွေကြေးသုံးစွဲမှု အများဆုံးအသင်း ဖြစ်ခဲ့သည်..။
Sky Sports သတင်းဌာန၏ တွက်ချက်မှုများအရ ကစားသမားခေါ်ယူမှုများအတွက် စတာလင်ပေါင်သန်း (၁၀၀) ကျော် သုံးစွဲခဲ့သော အသင်းများတွင် မန်ချက်စတာ ယူနိုက်တက် (စတာလင်ပေါင် ၂၀၅.၉ သန်း)၊ ဘရိုက်တန် (စတာလင်ပေါင် ၁၉၂ သန်း)၊ တော့တင်ဟမ် (စတာလင်ပေါင် ၁၃၃.၅ သန်း)၊ ဝက်စ်ဟမ်း (စတာလင်ပေါင် ၁၃၂.၅ သန်း)၊ အက်စ်တွန် ဗီလာ (စတာလင်ပေါင် ၁၂၉.၅ သန်း)၊ အစ်ပ်ဝစ်ချ် တောင်း (စတာလင်ပေါင် ၁၂၄ သန်း)၊ ဆောက်ပ်သမ်တန် (စတာလင်ပေါင် ၁၀၈.၃ သန်း) နှင့် အာဆင်နယ် (စတာလင်ပေါင် ၁၀၁.၅ သန်း) တို့ ပါဝင်ခဲ့သည်..။
ကစားသမား ရောင်းချမှုများမှ ဝင်ငွေအများဆုံး ရရှိခဲ့သည့် အသင်းများထဲတွင် ချယ်လ်ဆီးအသင်းမှာ စတာလင်ပေါင် (၁၅၃.၃) သန်းဖြင့် ထိပ်ဆုံးမှ ရပ်တည်နေခဲ့ပြီး မန်ချက်စတာ စီးတီးအသင်းက (စတာလင်ပေါင် ၁၄၆.၉ သန်း)၊ အက်စ်တွန် ဗီလာအသင်းက (စတာလင်ပေါင် ၁၃၆.၄ သန်း)၊ ခရစ္စတယ် ပဲလေ့စ် (စတာလင်ပေါင် ၉၈.၃ သန်း)၊ အာဆင်နယ် (စတာလင်ပေါင် ၉၇.၅ သန်း)၊ မန်ချက်စတာ ယူနိုက်တက် (စတာလင်ပေါင် ၉၄.၇ သန်း) နှင့် ဝုလ်ဖ် (စတာလင်ပေါင် ၉၄ သန်း) စသဖြင့် အသီးသီး ဝင်ငွေများ ပြန်လည်ရရှိခဲ့ကြသည်..။
ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ကာလတွင် တန်ကြေးအမြင့်ဆုံး ခေါ်ယူမှု ပြုလုပ်ခဲ့သည့်အသင်းမှာ တော့တင်ဟမ် အသင်းဖြစ်ပြီး ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း ဒေါမနစ်ခ် ဆိုလန်ကီ အား ဘုန်းမောက်အသင်းမှ စတာလင်ပေါင် (၆၅) သန်းဖြင့် ခေါ်ယူခဲ့သည်..။ တန်ကြေးအမြင့်ဆုံး ရောင်းချခဲ့ရသည့် ကစားသမားမှာ အာဂျင်တီးနား တိုက်စစ်မှူး ဂျူလီယန် အယ်လ်ဗာရက်ဇ် ဖြစ်ပြီး မန်ချက်စတာ စီးတီးအသင်းမှ အက်တလက်တီကို မက်ဒရစ်အသင်းထံသို့ စတာလင်ပေါင် (၈၂) သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်..။
ဆောက်ပ်သမ်တန်အသင်းမှာ ကစားသမားခေါ်ယူမှု စုစုပေါင်း (၁၂) ဦးပြုလုပ်ခဲ့ပြီး ချယ်လ်ဆီးအသင်းနှင့် အစ်ပ်ဝစ်ချ် အသင်းတို့က ကစားသမား (၁၁) ဦးစီ ခေါ်ယူခဲ့သည်..။ အာဆင်နယ်အသင်းမှာ ယခုနှစ်ဘောလုံးရာသီတွင် ကစားသမား (၃၁) ဦးအထိ အပြီးသတ် ပြောင်းရွှေ့ခွင့်ပေးခဲ့ပြီး ချယ်လ်ဆီးအသင်းမှာ ကစားသမား (၁၆) ယောက်ကို ထွက်ခွာခွင့် ပေးခဲ့သည်..။
အဌားချကစားသမား အများဆုံး စေလွှတ်ခဲ့သည့်အသင်းမှာ ဘရိုက်တန်အသင်းဖြစ်ပြီး ကစားသမား (၁၆) ယောက် အဌားစေလွှတ်ခဲ့သလို ချယ်လ်ဆီးအသင်းမှာ အဌားချကစားသမား (၁၄) ယောက်ဖြင့် ဒုတိယနေရာမှ ရပ်တည်ခဲ့သည်…။
ချယ်လ်ဆီးအသင်း၏ ၂၀၂၄/ ၂၅ ဘောလုံးရာသီအတွင်း ပြုလုပ်ခဲ့သော ခေါ်ယူမှုများ
ကစားသမား | ခေါ်ယူခဲ့သည့်အသင်း | ပြောင်းရွှေ့ကြေး |
တိုဆင် အဒါယာဘိုင်ယိုရို | ဖူးလ်ဟမ်း | အလွတ် ပြောင်းရွှေ့ကြေးဖြင့် |
အက်စ်တီဗာအို ဝီလီယံ | ပါးလ်မီးရက်စ် | စတာလင်ပေါင် (၂၈) သန်း |
အွမ်မ်ရီ ကယ်လီမန်း | အက်စ်တွန် ဗီလာ | စတာလင်ပေါင် (၁၉) သန်း |
မာ့စ် ဂီယူ | ဘာစီလိုနာ | စတာလင်ပေါင် (၅) သန်း |
ကီယာနန် ဒူးစ်ဘာရီ-ဟောလ် | လက်စ်တာ စီးတီး | စတာလင်ပေါင် (၃၀) သန်း |
ရီနာတို ဗီယေဂါ | ဘေဆယ်လ် | စတာလင်ပေါင် (၁၂) သန်း |
ကာလက်ဘ် ဝီလီ | အတ္တလန်တာ ယူနိုက်တက် | စတာလင်ပေါင် (၂၈) သန်း |
ဖိလစ် ဂျော်ဂျင်ဆန် | ဗီလာရီးရဲလ် | စတာလင်ပေါင် (၂၀.၇) သန်း |
အေရွန် အန်ဆယ်လ်မီနို | ဘိုကာ ဂျူနီယာ | စတာလင်ပေါင် (၁၅.၆) သန်း |
ပီဒရို နက်တို | ဝုလ်ဖ် | စတာလင်ပေါင် (၅၄) သန်း |
ဂျာအို ဖဲလစ် | အက်တလက်တီကို မက်ဒရစ် | စတာလင်ပေါင် (၄၆) သန်း |
မိုက်ခ် ပန်ဒါးစ် | ဂျန့်ခ် | စတာလင်ပေါင် (၁၇) သန်း |
ဂျာဒွန် ဆန်ချို* | မန်ချက်စတာ ယူနိုက်တက် | ကနဦးအဌား |
အသင်းနှင့် စာချုပ်သက်တမ်းတိုးနိင်ခဲ့သည့် ကစားသမားများ
တိုင်ရစ်ခ် ဂျော့ချ်
ကိုင်ဒန် ဝီလ်ဆင်
ရစ်ချက် အိုလီဆေး
ဖရန်ကီ ရမ်ဟမ်
ဂျင်မီ-ဂျေး မော်ဂန်
ကိုးလ် ပါးမား
ရှောင် ဝိတ်ဒ်
အိုလေး ဟာရီဆင်
ဆယ်မြူရယ် ရက်ခ်-ဆာကီ
၂၀၂၄/၁၅ ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းမှ ထွက်ခွာသွားခဲ့သော ကစားသမားများ
ကစားသမား | ပြောင်းရွှေ့သွားသည့်အသင်း | ပြောင်းရွှေ့ကြေး |
သီယာဂို ဆေးလ်ဗား | ဖလူမင်းနက်စီ | အလွတ်ပြောင်းရွှေ့ကြေးဖြင့် |
ဒီယွန် ရန်ကိုင်း | ဝီဂန် အက်တလက်တစ် | အလွတ်ပြောင်းရွှေ့ကြေးဖြင့် |
ချာလီ ဝက်ဘ်စတာ | ဘာတန် အယ်လ်ဘီယွန် | မဖော်ပြ |
ဂျေမီ ကမ်းမင်း | အောက်စ်ဖို့ဒ် ယူနိုက်တက် | မဖော်ပြ |
အီယန် မတ်ဆင် | အက်စ်တွန် ဗီလာ | စတာလင်ပေါင် (၃၇.၅) သန်း |
မိုက်ကယ် ဂိုးလ်ဒင်း | လက်စ်တာ စီးတီး | စတာလင်ပေါင် (၄) သန်း |
အွမ်မ်ရီ ဟတ်ချင်ဆန် | အစ်ပ်ဝစ်ချ် တောင်း | စတာလင်ပေါင် (၂၂.၅) သန်း |
လူးဝစ် ဟောလ် | နယူးကာဆယ် ယူနိုက်တက် | စတာလင်ပေါင် (၂၈) သန်း |
ဟာကင် ဇီးယက်ချ် | ဂါလာတာစာရေး | အလွတ်ပြောင်းရွှေ့ကြေးဖြင့် |
မာလန် ဆားရ် | RC လန်းစ် | အလွတ်ပြောင်းရွှေ့ကြေးဖြင့် |
ဒီယေဂို မိုရဲရား | စထရာ့ဘာ့ဂ် | မဖော်ပြ |
မေဆန် ဘတ်စ်တိုး | ဟူးလ် စီးတီး | စတာလင်ပေါင် (၂) သန်း |
ချီနွန်ဆို ချီဘူဆီ | စတုတ် စီးတီး | မဖော်ပြ |
ကော်နာ ဂါလက်ချာ | အက်တလက်တီကို မက်ဒရစ် | စတာလင်ပေါင် (၃၆) သန်း |
တီနို အန်ဂျိုရင် | အမ်ပိုလီ | မဖော်ပြ |
ရိုမီလူ လူကာကူ | နာပိုလီ | စတာလင်ပေါင် (၂၅.၃) သန်း |
ဆာဟိဒ် အိုလာဂန်ဂျူ | ဝုလ်ဖ် | မဖော်ပြ |
ဘီလီ ဂီးလ် | နောဝစ်ချ် စီးတီး | မဖော်ပြ |
၂၀၂၄/၂၅ ဘောလုံးရာသီတွင် အဌားချထားသည့် ကစားသမားများ
ကစားသမား | အဌားထွက်ခွာခဲ့သည့်အသင်း |
တက်ဒ် ရှားမန်း လိုဝေး | ဒွန်ကက်စ်တာ ရိုဗားစ် |
တက်ဒ် ကာ့ဒ် | Hampton & Richmond Borough |
ဒိုင်လန် ဝီလီယံစ် | ဘာတန် အယ်လ်ဘီယွန် |
အယ်လ်ဖီ ဂေးလ်ခရစ်စ် | ရှက်ဖီးလ် ယူနိုက်တက် |
အက်စ်တီဗာအို ဝီလီယံ | ပါးလ်မီးရက်စ် |
ကာလက်ဘ် ဝီလီ | စထရာ့ဘာ့ဂ် |
လုခ် ကမ်းဘဲလ် | ဟန်ဒန် |
အန်ဒရေ ဆန်းတို့စ် | စထရာ့ဘာ့ဂ် |
ဂါဘရီရယ်လ် ဆလိုနီးနား | ဘန်စ်လေ |
အေရွန် အန်ဆယ်လ်မီနို | ဘိုကာ ဂျူနီယာ |
အက်ဒီ ဘိချ် | ခရော်လေ တောင်း |
လက်စ်လေ အူဂိုချူကွီ | ဆောက်ပ်သမ်တန် |
ဘာရှား ဟမ်းဖရေး | ဘန်လေ |
လီယို ကာဆယ်လ်ဒိုင်း | ရှူးဘယ်ရီ တောင်း |
ကက်ပါ အရီဇာဘာလာဂါ | ဘုန်းမောက် |
ဂျော်ဂျီ ပက်ထရိုဗစ် | စထရာ့ဘာ့ဂ် |
ရော်နီ စတတ်တာ | ဘာတန် အယ်လ်ဘီယွန် |
ရာဟင်း စတာလင်း | အာဆင်နယ် |
အာမန်ဒို ဘရိုဂျားစ် | အဲဗာတန် |
ထရေဗာ ချာလိုဘာ* | ခရစ္စတယ် ပဲလေ့စ် |
* အပြောင်းအရွှေ့ မပြီးပြတ်သေးသည့် ကစားသမားများ