(BlueCo era) အသင်းပိုင်ရှင် Todd Boehly တို့အတွက်ပထမဆုံး ဆုတံဆိပ်ကို UEFA conference ဖလား ဆွတ်ခူးပေးခြင်းဖြင့် ချယ်လ်ဆီးအသင်းသည် ၂၀၂၄-၂၅ ဘောလုံးရာသီကို အပြီးသတ် ကန့်လန့်ကာပိတ်သိမ်းခဲ့သည်။
ပရီးမီးယားလိဂ်၌ စတုတ္ထနေရာဖြင့် ချန်ပီယံလိဂ်သို့ ပြန်လည်ဝင်ရောက်ခွင့် ရရှိပြီးနောက် ရက်ပိုင်းအကြာတွင် ချယ်လ်ဆီးလ်အသင်းသည် ကွန်ဖရင့်လိဂ်ဗိုလ်လုပွဲ၌ ရီးယဲလ် ဘက္တစ်အသင်းကို အနိုင်ရရှိခဲ့သည်။ (ဤပြိုင်ပွဲသို့ ချယ်လ်ဆီး ပါဝင်လိုသည့် ဆန္ဒမရှိခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။)
စာရွက်ပေါ်တွင် ကြည့်ပါက အန်ဇို မာရက်စကာ၏ ပထမဆုံးရာသီတွင် သိသာထင်ရှားသော တိုးတက်မှုများ ရှိခဲ့သော်လည်း၊ ရာသီပိတ် အဆုံးသတ်ဝန်းကျင်၌ တွေ့မြင်ရသည့် အောင်ပွဲခံသည့် လေသံသည် ရာသီအလယ်ပိုင်းကာလက ကြည့်ရဆိုးခဲ့သော အခြေအနေကို အပြည့်အဝ ဖုံးကွယ်နိုင်ခြင်း မရှိသေးပေ။ ထိုကာလတွင် ချယ်လ်ဆီးသည် ပရီးလိဂ်ဇယားထိပ်ပိုင်းနှင့် ဝေးရာမှ မျှော်လင့်ချက်အနည်းငယ်သာ ရှိသည့် အသင်းတစ်သင်း၊ ဥရောပတတိယအဆင့် ပြိုင်ပွဲတစ်ခုခုကိုသာ ဝင်ခွင့်ရနိုင်ရန် ကြိုးစားရသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်
အောက်ပါတို့မှာ (Sports Illustrated) ၏ ချယ်လ်ဆီး ၂၀၂၄-၂၅ ရာသီအား သုံးသပ်ချက် ဖြစ်ပါသည်။
၂၀၂၄-၂၅ ဘောလုံးရာသီအကောင်းဆုံးကစားသမား
မိုအီဆက် ကိုင်ဆီဒို (Moisés Caicedo)
ကိုင်ဆီဒိုသည် ချွင်းချက်မရှိ အကောင်းဆုံးကစားသမားဖြစ်ပါသည်။ ပွဲတိုင်းနီးပါး ပါဝင်ကစားခွင့်ရခဲ့ သလို ကစားခွင့်ရသောပွဲတိုင်း ခြေစွမ်းပြနိုင်ခဲ့သည်။ ကိုင်စီဒို ခြေမပေါ်သည့်ပွဲ ဆို၍ လောက်လောက်လားလား ပြသရန်မတွေ့ရှိခဲ့ပေ။ ထို့ကြောင့်ချယ်လ်ဆီး၏ ရာသီအပြီး အောင်ပွဲခံပွဲတွင် မိုအီဆက် ကိုင်ဆီဒိုသည် အကောင်းဆုံးကစားသမားဆုကို ထိုက်တန်စွာ ရရှိခြင်းဖြစ်သည်။ ယခင်ရာသီက ပရီးမီးယားလိဂ်ပွဲစဉ် အားလုံးတွင် ပါဝင်ကစားခဲ့သည့် တစ်ဦးတည်းသော ကစားသမားဖြစ်ရုံသာမက၊ ကိုင်ဆီဒိုသည် ပွဲစဉ် ၃၈ ပွဲလုံးကို First line up စာရင်းတွင် ပါဝင်ကစားခဲ့သည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း အနီးကပ်စောင့်ကြည့်လေ့လာသူများသိထားသည့်အတိုင်း၊ ၂၀၂၃-၂၄ ရာသီက ကိုင်ဆီဒို၏ ခြေစွမ်းမှာ လှောင်ပြောင်မှုခံရမှု အများစုနှင့်မထိုက်တန်ခဲ့ပေ။ သို့သော် အီကွေဒေါ ကစားသမားသည် ယခုနှစ်တွင် ၎င်း၏ ကစားပုံကို ပို၍ပင် မြှင့်တင်နိုင်ခဲ့ပြီး၊ ၎င်းကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သူများကပင် သူ၏ဘောလုံးအဆင့်အတန်းမြင့်မားပုံကို မချီးကျူးဘဲ မနေနိုင်အောင်ဖြစ်လာခဲ့ရသည်။
ချယ်လ်ဆီးလ်အလယ်တန်း၌ ပေါက်ကွဲနိုင်သောစွမ်းအားမြင့်အင်အားတစ်ရပ်အဖြစ်၊ ကိုင်ဆီဒို၏ ဘောလုံးပြန်လည်ရယူနိုင်မှု ကျွမ်းကျင်ပုံမှာ အန်ဂိုလို ကန်တေ(N'Golo Kanté) ၏ခြေစွမ်း၊ကစားပုံ သဘောသဘာဝနှင့် နီးစပ်လှသည်။ သူသည် ချယ်လ်ဆီး၏ ကာကွယ်ရေးကဏ္ဍကို ထိတ်လန့်ဖွယ် ရာ အမှားအယွင်းမရှိ အကာအကွယ်ပေးခဲ့ပြီး၊ တစ်ခါတရံ ညာဘက်နောက်တန်းတွင် ကစားကာ ကူညီပေးခဲ့သည်လည်း ရှိသည်။
၂၀၂၃ ခုနှစ်က ချယ်လ်ဆီးမှ သူ့အတွက် ပေးချေခဲ့သော ပေါင် ၁၁၅ သန်း (ဒေါ်လာ ၁၄၇ သန်း) တန်ဖိုးအား အမှန်တကယ် တန်ရဲ့လားဆိုသည့် မေးခွန်းများ ကို ကိုင်ဆီဒိုက ထိုကုန်ကျငွေများစွာထက်မက တန်ဖိုးရှိကြောင်း လက်ရှိခြေစွမ်းဖြင့်သက်သေပြလျှက် ရှိပါသည်။
ကိုင်ဆီဒို အပြင်
မာ့ခ် ကွတ်ချူရယ်လာ (Marc Cucurella)
ကိုလ်းပါမား (Cole Palmer) တို့သည်လည်း တစ်ရာသီလုံး ကောင်းမွန်သည့် စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ကြပါသည်။
ချယ်လ်ဆီး အသင်း၂၀၂၄-၂၅ ရာသီအကောင်းဆုံး ဂိုးသွင်းမှု
**ကိုလ်းပါမာ (Cole Palmer) (Wolves) အသင်းကို သွင်းယူခဲ့သော ဂိုး**
ကိုလ်းပါမာသည် ဂိုး ၁၅ ဂိုးဖြင့် ရာသီကို အဆုံးသတ်ခဲ့သော်လည်း၊ Wolves အသင်းကို ရာသီအစပိုင်းက သွင်းယူခဲ့သော သူ၏ ပထမဆုံးဂိုးထက် ပို၍ ချိုမြိန်သော ဂိုးမရှိခဲ့ပေ။
ချယ်လ်ဆီး၏ ရေခဲတမျှ သွေးအေးလှသောကစားသမား လေးအတွက် ဟက်ထရစ် ရရှိခဲ့သည့် ပွဲစဉ်တစ်ခုတွင်၊ ပါးမားသည် စစ်မှန်သော မှော်ဆန်မှုကို ဖန်တီးနိုင်ခဲ့သည်။ နီကိုလပ်စ် ဂျက်ဆင် (Nicolas Jackson) သည် Sanchez ထံမှ ပေးပို့ကန်တင်ပေးထားသော ဘောလုံးကို Palmer ၏ ဘောလုံးလမ်းကြောင်းအတွင်းသို့ ထိအောင် ထိုးပေးနိုင်ခဲ့ပြီး၊ စက္ကန့်ပိုင်း မျှ မတွန့်ဆုတ်ဘဲ၊ ပါးမား သည် Area အပြင်ဘက်မှပင် Wolves ဂိုးသမား ဂျိုဆေးဆာ (José Sá) ကို ကျော်လွန်၍ဂိုးဝင်သွားအောင် စွမ်းဆောင်နိုင်ခဲ့လေသည်။
ထိုဂိုးသည် ဩဂုတ်လ၏ အကောင်းဆုံးဂိုးဆုကို ရရှိခဲ့ပြီး၊ ချယ်လ်ဆီးအား ပရီးမီးယားလိဂ်ဖလားလုပွဲအတွက် လီဗာပူးအသင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်ဟု ထင်မြင်ယူဆစေခဲ့သည့် ရာသီဦး ကောင်းမွန်မှုကို အစပျိုးပေးခဲ့သည်။
ဒုတိယအကောင်းဆုံးဂိုး- ဂျေဒွန် ဆန်ချို (Jadon Sancho) vs အိပ်စ်ဝစ်ချ် (Ipswich) အသင်း၊
တတိယ အကောင်းဆုံးဂိုး-ကိုလ် ပါမာ: vsဘရိုက်တန် (Brighton) အသင်း(Freekick)
စတုတ္ထအကောင်းဆုံးဂိုး-မိုအီဆက် ကိုက်ဆီဒို vs မန်ချက်စတာ ယူနိုက်တက် (Man Utd) အသင်း။
ချယ်လ်ဆီး ၂၀၂၄-၂၅ ရာသီအကောင်းဆုံး ပွဲစဉ်
တော့တင်ဟမ် ဟော့စ်ပါး (Tottenham Hotspur) (Away)
ချယ်လ်ဆီး နှင့် တော့တင်ဟမ် တို့၏ ပွဲစဉ်မှာ Big Match ဖြစ်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းခဲ့သည်။ကြည့်ပါ၊ ပွင့်ပွင့်လင်းလင်း ပြောရလျှင်၊ ယခင်ရာသီက ချယ်လ်ဆီး၏ အကောင်းဆုံး ကစားပွဲဆင်နွဲမှုများနှင့် စာလျှင်၊ တော့တင်ဟမ် ဟော့စ်ပါအသင်းကို ၄-၃ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်သည် ယှဉ်နိုင်ချင်မှ ယှဉ်နိုင်မည် ဖြစ်သည်။ သို့တိုင်၊ ရိုးရိုးလေး ရူးသွပ်စရာကောင်းသော ဘောလုံးပွဲတစ်ပွဲအဖြစ်သာမက၊ ၎င်းသည် ချယ်လ်ဆီးပရိသတ်များ နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တနေခဲ့သည့် ချယ်လ်ဆီးအသင်း၏ မျက်နှာစာတစ်ခုကိုလည်း ပြသပေးနိုင်ခဲ့သည်။ ထိုမျက်နှာစာမှာ ရိုးရိုးလေး ရယ်မှ တကယ့် ရှင်းရှင်းလေး ၊ မိနစ် ကိုးဆယ်အပြည့် စိတ်ဓါတ်မကျဘဲ ရင်ဆိုင်တိုက်ခိုက် အနိုင်ယူတတ်သည့် စိတ်ဓါတ်ပင်ဖြစ်သည်။
ချယ်လ်ဆီးသည် အစပိုင်းတွင် အဖိခံခဲ့ရပြီး၊ ၁၁ မိနစ်အတွင်း ဂိုး ၂ ဂိုး ပေးလိုက်ရသည်။ အစောပိုင်းတွင် ဂိုးပေးလိုက်ပါက ပြိုလဲကျသွားလေ့ရှိကြောင်း ချယ်လ်ဆီး၏ အဆိုးဆုံး သမိုင်းကြောင်း ရှိသော်လည်း၊ ဤနေရာတွင် ၎င်းတို့သည် စစ်မှန်သော ဇွဲလုံ့လကို ပြသခဲ့ပြီး၊ တုံ့ပြန်မှုအနေဖြင့် ဂိုး ၄ ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သည်။ ထိုနေ့တွင် ဂိုး ၃ ဂိုး ပေးလိုက်ရသည့်တိုင်၊ ချယ်လ်ဆီးသည် ခိုင်မာယုံကြည်စွာဖြင့် Tottenham အသင်းရဲ့တိုက်စစ်ကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး အလွန်လိုအပ်နေသော နိုင်ပွဲတစ်ပွဲကို ကြိုးပမ်းရယူနိုင်ခဲ့သည်။
ထိုနည်းတူစွာ၊ ရာသီကုန်ပိုင်းတွင် လီဗာပူးအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်သည် ချယ်လ်ဆီးအတွက် ဂုဏ်ယူစရာကောင်းခဲ့သော်လည်း၊ အာနေစလော့ (Arne Slot) ၏ လီဗာပူးအသင်းသည် လိဂ်ဗိုလ်စွဲပြီးမြောက်ပြီးနောက် အနားယူပျော်ရွှင်နေပြီဖြစ်သည့် အချက်ကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
(အကောင်းဆုံးနိုင်ပွဲအဖြစ် အစဉ်လိုက်ရပ်တည်နေသည့်ပွဲစဉ်များ )
နိုအား (Noah) [အိမ်ကွင်း]၊
ဘရိုက်တန် (Brighton) [အိမ်ကွင်း]၊
လီဗာပူး (Liverpool) [အိမ်ကွင်း]။
ချယ်လ်ဆီး အသင်း၂၀၂၄-၂၅ ရာသီတွင် ဝယ်ယူခဲ့သော အကောင်းဆုံးကစားသမား
ပက်ဒရို နီတို (Pedro Neto)
ချယ်လ်ဆီးသည် ရာသီတစ်လျှောက်တွင် ကစားသမား ၁၂ ဦးမျှ ဝယ်ယူခဲ့ပြီး၊ အမှန်စင်စစ် အကျိုးရှိသောခေါ်ယူမှု အဖြစ်သတ်မှတ်နိုင်သူ နည်းပါးလှသည်။ ပက်ဒရို နီတိုသည် နွေရာသီက ဝူဖ်ဗဟန်းဝူဗာရင်းမှ ပေါင် ၅၄ သန်း (ဒေါ်လာ ၆၉ သန်း) ပေးသွင်းဝယ်ယူပြီးနောက် စိတ်ချရသော အဓိကကစားသမား အဖြစ် သက်သေပြခဲ့သည့်အတွက် ဤဆုအတွက် ရွေးချယ်ခံရသည်။
နီတိုသည် ပြိုင်ပွဲအားလုံးပေါင်းတွင် ပွဲကြည့် ၄၅ ပွဲ၊ First line up ပွဲစာရင်း ၃၃ ပွဲ၊ ဂိုး ၆ ဂိုးနှင့် ဖန်တီးမှု ၉ ခုဖြင့် ရာသီကို အဆုံးသတ်ခဲ့သည်။ သူ၏ ပထမဆုံးရာသီတွင် ပေါ်လွင်ထင်ရှားစွာ ပါဝင်ခဲ့ပြီး၊ ဂုဏ်ယူနိုင်ဖွယ် ဂိုးသွင်း/ဖန်တီးပေးမှု များဖြင့် အသင်း၏ ဒေါက်တိုင်ကစားသမား ဖြစ်လာခဲ့လေသည်။
ဖူလ်ဟမ်မှ Free Transfer ဖြင့် ရရှိခဲ့သည့် တိုဆင် အဒရာဘီယိုရို (Tosin Adarabioyo) အား ချီးကျူးဂုဏ်ပြုသင့်သည်။ စိတ်ချရသော နောက်တန်းကစားသမားတစ်ဦးဖြစ်ပြီး အသင်း၏ အဝတ်လဲခန်းအတွင်း လေးစားခံရသူတစ်ဦးဖြစ်ကာ၊ အမြင့်ဘော ဖျက်ထုတ်ပုံအထူးကောင်းမွန်သူ ဖြစ်ပေသည်။ သူ့အား Free transfer ဖြင့်ရယူနိုင်ခဲ့ခြင်းမှာ ယခုရာသီအတွက် အကျိုးရှိပြီး အဖိုးနည်း ဝန်ပါလုပ်ဆောင်မှုတစ်ရပ် ဖြစ်ခဲ့ပါသည်။
ချယ်လ်ဆီး အသင်း၏၂၀၂၄-၂၅ ရာသီတိုးတက်မှု အများဆုံး ကစားသမား
အန်ဇို ဖာနန်ဒက်စ် (Enzo Fernández)
အန်ဇို ဖာနန်ဒက်စ်သည် ကောင်းမွန်သော ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့သည်။
ကိုင်ဆီဒိုနှင့် ခံစားရသည့် ပုံစံအတိုင်း၊ အလယ်တန်းကစားဖော် အန်ဇို ဖာနန်ဒက်စ်သည်လည်း သူ၏ ဈေးနှုန်းကြီးမြှင့်မှု၏ ဝန်ထုပ်ဝန်ပိုးကို ခံစားနေခဲ့ရသည်။ အာဂျင်တီးနား ကစားသမားသည် ပရီးမီးယားလိဂ်အတွင်း အရှိန်ရလာရန် အချိန်အနည်းငယ် ယူခဲ့ရပြီး၊ ရာသီအစောပိုင်းကာလများတွင် နည်းပြမာရက်စကာမှ သူ့အား First line-up စာရင်းမှ ချန်ခဲ့ရသည်လည်း ရှိခဲ့သည်။
အန်ဇိုဖာနန်ဒက်စ်သည် ပရိသတ်များ မျှော်လင့်ထားသည်ထက် ပို၍ကောင်းမွန်စွာ ထိုအခက်အခဲကို တုံ့ပြန်နိုင်ခဲ့သည်။ ကွင်းပေါ်တွင် ယခင်က မြင်ဖူးခဲ့သည်ထက် ပို၍ ကြံ့ခိုင်သန်မာပြီး အင်တိုက်အားတိုက် ကစားလာနေသည်ကို တွေ့မြင်ခဲ့ရသည်။အသင်းဒုတိယခေါင်းဆောင်အဖြစ် ထူးထူးချွန်ချွန် ဦးဆောင်နိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၄ ခုနှင့် သွင်းဂိုး ၈ ဂိုး သွင်းယူနိုင်ခဲ့သည်။
ထရီဗိုး ချာလိုဘာ (Trevoh Chalobah) ကို ဖော်ပြခြင်းမရှိဘဲ ဤကဏ္ဍကို အဆုံးသတ်၍ မရနိုင်ပါ။ နွေရာသီတိုင်း ပစ်ပယ်ခံခဲ့ရသော လေ့ကျင့်ရေးအသင်းသားသက်သက်သာ ကစားခွင့်ရခဲ့သူသည် ဇန်နဝါရီလတွင် ပြန်လည်ခေါ်ယူခံခဲ့ရပြီး ချန်ပီယံလိဂ်သို့ ဝင်ရောက်ခွင့် ရရှိရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဤအသင်းတွင် ရေရှည်နေရာတစ်ခု ထိုက်တန်ကြောင်း သက်သေပြရန် သူသည် ယခုထက်ပိုမို၍ သက်သေပြရပေဦးမည်။
ယခုရာသီတွင်တိုးတက်မှု အရှိဆုံးကစားသမားများအဖြစ် Enzo Fernandez ၏နောက်တွင်
မာ့ခ် ကွတ်ချူရယ်လာ (Marc Cucurella)
လီဗိုင်ကော်လ်ဝီ (Levi Colwill)
ထရီဗိုး ချာလိုဘာ (Trevoh Chalobah) တို့က အစဉ်လိုက် ရပ်တည်နေကြပါသည်။
ချယ်လ်ဆီး အသင်း၏၂၀၂၄-၂၅ ရာသီစိတ်ပျက်ဖွယ်ရာ အကောင်းဆုံးကစားသမား
ခရစ်စတိုဖာ အန်ကန်ကူ (Christopher Nkunku)
အန်ကန်ကူ၏ ချယ်လ်ဆီးတွင် ရှိနေချိန်သည် ပြီးဆုံးသွားပြီဟု ထင်ရပေသည်။
မိုင်ကဲလ် မူဒရစ် (Mykhailo Mudryk) သည်ဒီဇင်ဘာလ ကတည်းက ကစားခွင့်ပိတ်ပင် ခံခဲ့ရသော်လည်း ခရစ်စတိုဖာ အန်ကန်ကူ အနေဖြင့်ဤနေရာတွင် ရွေးချယ်ခံရခြင်းသည် ပြင်သစ်ကစားသမားအတွက် ယခင်ရာသီက မည်မျှ စိတ်ပျက်စရာကောင်းခဲ့ကြောင်း ထင်ဟပ်ပြနေခဲ့သည်။
သူသည် နီကိုလပ်စ် ဂျက်ဆင်ကို အဓိကတိုက်စစ်မှူးနေရာမှ ဖယ်ရှားနိုင်ခြင်း မရှိခဲ့သလို၊ Jackson မကစားနိုင်သည့်အချိန်တွင် လည်း အသင်း၏တိုက်စစ်ကို ဦးဆောင်နိုင်ခြင်းမရှိခဲ့ပေ။ ရာသီနှောင်းပိုင်းရောက်လာသည်နှင့်အမျှအန်ကန်ကူ၏ ဘောလုံးအဆင့်အတန်းသည် ကျဆင်းလာနေပြီး၊ ကွင်းပေါ် တွင် လူပိုတယောက် ဖြစ်နေကြောင်း ပို၍ ပို၍ သိသာလာခဲ့သည်။
အာဘီ လိုင်ဇစ် (RB Leipzig) တွင် ရှိစဉ်က အန်ကန်ကူသည် လုံးဝ အစွမ်းထက်သည့် တိုက်စစ်လက်နက်တစ်ခု ဖြစ်ခဲ့သော်လည်း စတမ်ဖို့ဒ်တံတား (Stamford Bridge) မှ ထွက်ခွာတော့မည့်အချိန်တွင် ထိုကဲ့သို့သော စွမ်းဆောင်မှုမျိုးကို ပြသနိုင်ခြင်း လုံးဝမရှိဘဲ ဖြစ်နေသည်။
စိတ်ပျက်ဖွယ် ကစားသမားစာရင်းတွင် အန်ကန်ကူနောက်မှ
ဂျိုအိုဖယ်လစ် (João Félix)
မိုင်ကဲလ် မူဒရစ် (Mykhailo Mudryk) တို့ ဆက်တိုက်ရပ်တည်နေကြပါသည်။
၂၀၂၄-၂၅ ရာသီပွဲအများဆုံး ကစားပွဲပါဝင်သူများ
* (Marc Cucurella) – ၄၈ (ပရီးမီးယားလိဂ် ၃၆၊ ကွန်ဖရင့်လိဂ် ၉၊ FA ဖလား ၂၊ ကာရာဘိုးဖလား ၁)
* (Enzo Fernández) – ၄၆ (ပရီးမီးယားလိဂ် ၃၆၊ ကွန်ဖရင့်လိဂ် ၆၊ FA ဖလား ၁၊ ကာရာဘိုးဖလား ၁)
* (Cole Palmer) – ၄၆ (ပရီးမီးယားလိဂ် ၃၇၊ ကွန်ဖရင့်လိဂ် ၆၊ FA ဖလား ၁)
* (Pedro Neto) – ၄၅ (ပရီးမီးယားလိဂ် ၃၅၊ ကွန်ဖရင့်လိဂ် ၆FA ဖလား ၂၊ ကာရာဘိုးဖလား ၁)
* (Moisés Caicedo) – ၄၅ (ပရီးမီးယားလိဂ် ၃၈၊ ကွန်ဖရင့်လိဂ် ၄၊ FA ဖလား ၁)
၂၀၂၄-၂၅ ရာသီအများဆုံး ဂိုးသွင်းသူများ
*(Cole Palmer) – ၁၅ (ပရီးမီးယားလိဂ် ၁၅)
*(Christopher Nkunku) – ၁၄ (ပရီးမီးယားလိဂ် ၃၊ ကွန်ဖရင့်လိဂ် ၅၊ FA ဖလား ၁၊ ကာရာဘိုးဖလား ၃)
*(Nicolas Jackson) – ၁၃ (ပရီးမီးယားလိဂ် ၁၀၊ ကွန်ဖရင့်လိဂ် ၃)
* (Noni Madueke) – ၁၁ (ပရီးမီးယားလိဂ် ၇၊ ကွန်ဖရင့်လိဂ် ၃၊ ကွန်ဖရင့်လိဂ် ပွဲ ၁)
* အန်ဇို ဖာနန်ဒက်စ် (Enzo Fernández) – ၈ (ပရီးမီးယားလိဂ် ၆၊ ကွန်ဖရင့်လိဂ် ၂)
ဆောင်းပါးရှင် - Ye Htet
(Ref : Chelsea 2024-2025 Season : The New Era Starts to Take Shape by Tom Got