feature-image

အာဆင်နယ်နှင့်ပွဲစဉ်မှ ရိစ် ဂျိမ်းစ် ၏ ကစားပုံနှင့် တည်ကန်ဘောများ ကာကွယ်ပုံ

စနေနေ့ညပိုင်းက ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်းတို့ တစ်ဘက်တစ်ဂိုးစီ သရေကျခဲ့သည့်ပွဲစဉ်မှ ကွင်းလယ်ကို ထိန်းချုပ်နိုင်ရန် ရိစ် ဂျိမ်းစ် အား တာဝန်ပေးခဲ့ပုံ၊ အာဆင်နယ်အသင်း၏ အားသာချက်ဖြစ်သော တည်ကန်ဘောများကို ကာကွယ်နိုင်ရန် အစီအမံများကို မန်ချက်စတာ စီးတီးအသင်း နောက်ခံလူဟောင်း မီကာ ရစ်ချက် က BBC Sports သတင်းဌာန၏ Match of the Day စကားဝိုင်း အစီအစဉ်တွင် ယခုလို သုံးသပ်ပြောကြားခဲ့ပါသည်..။

ကယ်လီ ကိတ် - အာဆင်နယ်အသင်းရဲ့ ကွင်းလယ် ကစားကွက်ကို ရင်ဆိုင်ဖို့အတွက် အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ် ကို ကွင်းလယ်မှာ နေရာချထားခဲ့တဲ့ နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ အစီအမံဟာ ဘယ်လောက်ထိ အရေးပါခဲ့လဲ..? မီကာ ရေ..

မီကာ ရစ်ချက် - ဒီနေ့ပွဲမှာ ရိစ် ဂျိမ်းစ် ရဲ့ စွမ်းဆောင်ရည်ဟာ သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။ အထူးသဖြင့် မာရက်စ်ကာ ရဲ့ ကစားကွက်အခင်းအကျင်းမှာ ကွင်းလယ်အဖျက်နေရာကနေ အသင်းကို အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့ပါတယ်..။ ပထမဆုံးအနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ ခြေထဲမှာ ဘောလုံးရှိနေတဲ့အချိန် (on the ball) သူ့ရဲ့အဓိကတာဝန်ကို အခုပူးတွဲပုံ (၁) မှာ တွေ့နိုင်ပါတယ်..။ ဒီနေ့ပွဲမှာ နှစ်သင်းစလုံးဟာ တစ်ဦးချင်းလူကပ်ပြီး (man to man marking) ကစားသွားခဲ့ပါတယ်..။ ဒါ့ကြောင့်အာဆင်နယ်အသင်းရဲ့ off the ball မှာ ဒက်ကလန် ရိုက်စ် က ရိစ် ဂျိမ်း ကို တာဝန်ယူရပါတယ်..။



အခုအပေါ်ကပုံမှာဆိုရင် ဇူဘီမန်ဒီ က အင်ဇို ဖာနန်ဒက်စ် ကို တာဝန်ယူရပြီး ဒက်ကလန် ရိုက်စ် နားမှာ ကိုင်ဆီဒို နဲ့ ရိစ် ဂျိမ်းစ် တို့ ရှိနေပါတယ်..။ ဂိုးသမား ဆန်းချက်ဇ် ရဲ့ build up play ကနေ ကွင်းလယ်ကို ဘောလုံးပေးမယ့်အချိန် ဒက်ကလန် ရိုက်စ် ဟာ ရိစ် ဂျိမ်းစ် နဲ့ပဲ ဆက်ပြီးလိုက်ရမလား..? ကိုင်ဆီဒို ဘက်ကို လိုက်သွားရမလာ..? ဒွိဟဖြစ်စရာ ရှိလာပါတယ်…။ ဒါပေမယ့် ရိုက်စ် ဟာ ရိစ် ဂျိမ်းစ် မြှားခေါ်တဲ့ဘက်ကို မလိုက်ပဲ ကိုင်ဆီဒို ရဲ့ နောက်ကို လိုက်သွားခဲ့ပါတယ်.. (ပုံ- ၂)။

 
ကိုင်ဆီဒို ဟာ သူ့ဆီရောက်လာတဲ့ဘောလုံးကို ရိစ် ဂျိမ်းစ် ဆီ ချက်ချင်းပြန်ပေးပါတယ်..။ ဒက်ကလန် ရိုက်စ် ကြောင့် လွတ်သွားတဲ့ ကွင်းလယ်က နေရာလွတ်ထဲကို မာလို ဂူစ်တို က ပြေးဝင်လာခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ် transition ကို စတင်ခဲ့တာပေါ့ဗျာ..(ပုံ- ၃)။ ရိစ် ဂျိမ်းစ် ဟာ ချယ်လ်ဆီးအသင်းရဲ့ on the ball မှာ ညာနောက်ခံလူနဲ့ ကွင်းလယ်ကစားသမား နေရာတွေကို လိုအပ်သလို ရွှေ့လျား ကစားသွားခဲ့ပါတယ်..။



အခုအောက်က ပူးတွဲပုံ (ပုံ- ၄) မှာ ချယ်လ်ဆီးအသင်းရဲ့ ခြေထဲဘောလုံးမရှိတဲ့ (off the ball) အခြေအနေမှာ သူ့ရဲ့နေရာယူ၊ လှုပ်ရှားမှုတွေကို လေ့လာကြည့်ပါမယ်..။ အာဆင်နယ်အသင်းရဲ့ build up play စတင်ချိန် ရိစ် ဂျိမ်းစ် ဟာ ဒက်ကလန် ရိုက်စ် ကို tight marking လူကပ်ထားရပြီး ဇူဘာမန်ဒီ ကို အင်ဇို ဖာနန်ဒက်စ် က တာဝန်ယူရပါတယ်..။

 
ဂိုးသမား ဒေးဗစ် ရာယာ က ရိုက်စ် ရဲ့ ပြေးလမ်းထဲကို ထိုးပေးလိုက်ချိန် ရိစ် ဂျိမ်းစ် ကလည်း ထပ်ချပ်မကွာ လိုက်ပါလာခဲ့ပါတယ်..(ပုံ- ၅)။



ရိုက်စ် က ညာဘက်ခြမ်းကို ထုတ်ပေးလိုက်တော့လည်း သူဟာထပ်ချပ်မကွာ ဆက်ပြီးလိုက်သွားခဲ့တာပါပဲ..(ပုံ- ၆)။



အခုလိုရိစ် ဂျိမ်းစ် ရဲ့ pressing လိုက်ပါကစားပုံ ကောင်းမွန်မှုကြောင့် ညာဘက်ခြမ်းမှာ ပိတ်မိသွားခဲ့တဲ့ မော့စ်ကွဲရား ဟာ အခုအောက်ပူးတွဲပုံ (ပုံ- ၇) မှာဆိုရင် ဘောလုံးပေးမယ့်လမ်းကြောင်း ပိတ်ဆို့သွားတာ တွေ့ရမှာပါ..။ ဒါ့ကြောင့်စပိန်လူငယ် နောက်ခံလူဟာ အဲဒီဘောလုံးကို ကွင်းလယ်ကိုပဲ ထိုးပေးလိုက်ရပြီး ချယ်လ်ဆီးဘက်က ပြန်လည်ဖြတ်တောက် အရယူနိုင်ခဲ့ပါတယ်..။

ဒီနေ့ပွဲမှာဆိုရင် ရိစ် ဂျိမ်းစ် ဟာ အာဆင်နယ်အသင်းရဲ့ build up play ကစားပုံကို ကောင်းကောင်းနားလည် ထားခဲ့ပြီး ဘယ်အချိန်မှာ အတင်းဝင်ဖျက်ရမယ်..၊ ဘယ်အချိန်မှာ ဘောလုံးပေးမယ့် လမ်းကြောင်းတွေကို ပိတ်ဆို့ရမယ်.. ဆိုတဲ့ ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန် ချမှတ်နိုင်ခဲ့ပါတယ်..။ ကျွန်တော်တို့လို ညာနောက်ခံလူ တစ်ယောက်ရဲ့ ကွင်းလယ်အဖျက်နေရာမှာ အကောင်းဆုံး ကစားသွားခဲ့တဲ့ ခြေစွမ်းဟာ တကယ့်ကို ချီးကျူးစရာပါပဲ..။



ဒါ့အပြင် (၁၀) ယောက်ကျန်တော့တဲ့အချိန်မှာ သူဟာအသင်းဖော်တွေဆီကို ဘောလုံးပေးပို့မှုတွေ သိပ်ပြီးမလုပ်တော့ပဲ သူအားသန်တဲ့ ညာဘက်ခြမ်းဘက်မှာ ခပ်များများနေရာယူပြီး ဘောလုံးရလာတာနဲ့ အာဆင်နယ်အသင်း ကွင်းလယ်ကစားသမားတွေကို ကျော်ဖြတ်ဆွဲပြေးဖို့ ကြိုးစားခဲ့ပါတယ်..။ ကျွန်တော်တို့ဟာ သူ့ရဲ့ဘောလုံးနဲ့အတူ ပြိုင်ဘက်ကစားသမားတွေကို ကျော်ဖြတ်နိုင်စွမ်း ကောင်းမွန်မှုကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွား ကတည်းက သိထားခဲ့ပြီး ဖြစ်ပါတယ်..။

ချယ်လ်ဆီးအသင်းဟာ ပွဲချိန်မိနစ် (၆၀) နီးပါးကို (၁၀) ယောက်နဲ့ ကစားခဲ့ရပေမယ့် အာဆင်နယ်အသင်းကို ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ရာမှာ သူ့ရဲ့ကစားကွက်အမြင် ကောင်းမွန်မှုနဲ့ လုပ်အားနှုန်း၊ ရုန်းအားတွေဟာ အရေးပါခဲ့ပါတယ်..။

ဒါ့အပြင်ပွဲချိန် (၄၈) မိနစ်မှာ ထရေဗာ ချာလိုဘာ ခေါင်းတိုက်သွင်းယူသွားခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ ဦးဆောင်ဂိုးမှာ အနီးဂိုးတိုင်ဆီ ပေးပို့ခဲ့တဲ့ သူ့ရဲ့ထောင့်ကန်ဘောကန်တင်ချက်ဟာ တကယ့်ကို တိကျ၊ ကောင်းမွန်ခဲ့ပါတယ်..။



ကယ်လီ ကိတ် - ဟုတ်ကဲ့ပါရှင့်..။ ရိစ် ဂျိမ်းစ် ဟာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်စိုးမိုးနိုင်မှုကို တားဆီးရာမှာ အရေးပါခဲ့သလို ချယ်လ်ဆီးအသင်းအတွက် အရေးပါတဲ့ ဖန်တီးမှု၊ ပေးပို့မှုတွေကိုပါ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ အာဆင်နယ်အသင်းရဲ့ open play ကစားပုံကို တန်ပြန်၊ တုံ့ပြန်နိုင်ခဲ့ရုံသာမက ဧည့်သည်အသင်း အားသာတဲ့တည်ကန်ဘောတွေ၊ ထောင့်ကန်ဘောတွေကိုလည်း အကောင်းဆုံး ကာကွယ်နိုင်ခဲ့တာ တွေ့ခဲ့ရပါတယ်..။

မီကာ ရစ်ချက် - Yeah..! အာဆင်နယ်အသင်းဟာ တည်ကန်ဘောတွေမှာ ဘယ်လိုပုံစံနဲ့ ရွှေ့လျား၊ အသုံးချတယ်..၊ ဘယ်လိုပုံစံနဲ့ ဂိုးတွေရယူခဲ့တယ်.. ဆိုတာ ကျွန်တော်တို့အားလုံး သိထားကြပြီးဖြစ်ပါတယ်..။ အာဆင်နယ်အသင်းဟာ ထောင့်ကန်ဘော ကန်တင်ချိန်မှာ အနီးဂိုးတိုင် (near post) ဘက်ကို ပြေးဝင်လာတဲ့ runners တွေနဲ့ ဂိုးတွေအရယူလေ့ ရှိပါတယ်..။




ဒါ့ကြောင့်အခုအပေါ်ကပုံတွေမှာ (ပုံ- ၈ နှင့် ပုံ- ၉) ရိစ် ဂျိမ်းစ်၊ အင်ဇို ဖာနန်ဒက်စ်၊ ဂျာအို ပီဒရို နဲ့ မာ့စ် ကူကူရယ်လာ တို့ဟာ အာဆင်နယ်အသင်းရဲ့ ပြေးဝင်လာတဲ့ runners တွေ ဂိုးသမား ဆန်းချက်ဇ် ကို အနှောင့်အယှက် မပေးနိုင်အောင် တားဆီးခဲ့ကြပါတယ်..။ ဒါ့ကြောင့်ကန်တင်လိုက်တဲ့ဘောလုံး ဂိုးရှေ့ကို ကျလာချိန်မှာ ဂိုးသမား ဆန်းချက်ဇ် အလွယ်တကူ ထွက်ဆွဲနိုင်ခဲ့ပါတယ်..။ 

နောက်ထပ်ထူးခြားချက်က ဂျာအို ပီဒရို ပါ..။ အာဆင်နယ်အသင်း ထောင့်ကန်ဘောကန်တင်လိုက်တိုင်း ဂျာအို ပီဒရို ဟာ ဘောလုံးကို လုံးဝမကြည့်ပဲ runners တွေ ဂိုးသမား ဆန်းချက်ဇ် ကို အနှောင့်အယှက် မပေးနိုင်အောင် စောင့်ကြည့်ပေးဖို့ သီးခြားတာဝန်ပေးထားတာကို တွေ့ရခဲ့ရပါတယ်..(ပုံ- ၁၀)။ 

အခုအောက်ကပုံ (ပုံ- ၁၁) မှာ မှာ ချယ်လ်ဆီးအသင်းဟာ တစ်ယောက်လျော့နဲ့ (၁၀) ယောက်ထဲ ရှိနေပေမယ့် အာဆင်နယ်အသင်း ထောင့်ကန်ဘော ကန်တင်မယ့်အချိန် တိုက်စစ်ဇုန်ထဲမှာ သုံးယောက် ကျန်နေခဲ့ပါတယ်..။ သူတို့ဂိုးဧရိယာထဲမှာ မာဒူအီကေး တစ်ယောက် လုံးဝလွတ်နေပေမယ့် ပြဿနာမရှိဘူး..၊ ငါတို့တွေက ကိုယ့်ကိုတာဝန်ပေးထားတဲ့အတိုင်း ရှေ့မှာပဲ အသင့်စောင့်နေပါတယ်..။



ပြိုင်ဘက်အသင်းရဲ့ ထောင့်ကန်ဘောတွေကို ကာကွယ်ဖို့ ဂိုးသမား ဆန်းချက်ဇ် ကိုပဲ အဓိကတာဝန်ပေးထားခဲ့တဲ့ သူတို့ရဲ့အစီအမံဟာ အလုပ်ဖြစ်ခဲ့ပါတယ်..။ ဒါ့ကြောင့်အာဆင်နယ်အသင်းဟာ ပွဲချိန်အတော်များများကို တစ်ယောက်အသာနဲ့ ကစားခဲ့ရပေမယ့် အခုဘောလုံးရာသီမှာ တည်ကန်ဘောတွေကနေ ရနိုင်တဲ့သွင်းဂိုး အနည်းဆုံးပွဲစဉ် (lowest set-piece expected goals this season) ဖြစ်သွားခဲ့ပါတယ်..။



အကြောင်းရင်းကတော့ ချယ်လ်ဆီးအသင်းရဲ့ တည်ကန်ဘောတွေကို ကာကွယ်တဲ့ အစီအမံ သိပ်ကိုကောင်းမွန်ခဲ့တာကြောင့် ဖြစ်ပါတယ်..။ ဒါပေမယ့် အာဆင်နယ်အသင်းမှာ အဓိကနောက်ခံလူနှစ်ယောက်ဖြစ်တဲ့ ဂါဘရီယယ်လ် နဲ့ ဆာလီဘား တို့ မပါဝင်နိုင်ခဲ့တာကလည်း အရေးပါတဲ့အချက်တစ်ချက်အနေနဲ့ ပါဝင်ခဲ့ပါတယ်..။