ချယ်လ်ဆီးအသင်း Official Website မှာ ယခုနှစ်ဘောလုံးရာသီတွင် ကစားသမားတစ်ဦးချင်းစီ၏ ယခင်အတိတ်က အမှတ်တရ ပစ္စည်းများ၊ ဖြစ်ရပ်များ၊ လက်ရှိအချိန်တွင် အနှစ်သက်ဆုံး အရာများအကြောင်းကို တွေ့ဆုံမေးမြန်းခန်း ပုံစံအသစ်အဖြစ် တင်ဆက်ပေးခဲ့သည်..။ စပိန် ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆို နှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတွင် သူအနှစ်သက်လုံး ဘောလုံးအကျီများ၊ အားလပ်ရက်ခရီးစဉ်များ၊ မိုဘိုင်းဖုန်းများ အပါအဝင် သူ၏ယခင်ကာလ၊ ယခုကာလနှင့် အမြဲတမ်း ပြုလုပ်လေ့ရှိသည့် အမူအကျင့်များအကြောင်းကို ယခုလိုပြောပြခဲ့သည်..။
First: ခင်ဗျားပထမဆုံး ဝတ်ဆင်ခဲ့ဖူးတဲ့ ဘောလုံးအကျီအကြောင်း ပြောပြနိုင်မလား..?
“ကျွန်တော့်အဖေရဲ့ ဘာစီလိုနာအသင်းက အကျီပဲ ဖြစ်ပါလိမ့်မယ်..။ အခုထိလည်း အိမ်မှာသိမ်းထားတုန်းပါပဲ..။ မှန်ဘောင်နဲ့ အသေအချာထည့်ပြီး သိမ်းထားပါတယ်..။ အဲဒီအကျီဟာ ပထမဆုံး မဟုတ်ခဲ့ရင်တောင် ကျွန်တော့်ရဲ့စိတ်ထဲမှာ အရင်ဆုံး မှတ်မှတ်ထင်ထင် ဖြစ်နေခဲ့တဲ့ အကျီလည်း ဖြစ်နေတာကြောင့်ပါ..။”
Last: ခင်ဗျားတစ်ခါမှ မကစားခဲ့ဖူးတဲ့ အသင်းတစ်သင်းရဲ့အကျီကို နောက်ဆုံးအကြိမ် ဝတ်ဖူးခဲ့တဲ့ ဘယ်တုန်းကလဲ..? ဘယ်အသင်းရဲ့အကျီ ဖြစ်မလဲ..?
“များသောအားဖြင့် အဖေနည်းပြလုပ်ခဲ့တဲ့ အသင်းတွေရဲ့အကျီတွေကို ရခဲ့တာများပါတယ်..။ အဖေနည်းပြခဲ့တဲ့ အသင်းတွေရဲ့ပွဲစဉ်တွေကို သွားရောက်အားပေးခဲ့ပါတယ်..။ တစ်ချို့အသင်းတွေကို ကိုယ်တိုင်လည်း နှစ်သက်ခဲ့ပါတယ်…။ ဒါ့ကြောင့်သူတို့အသင်းရဲ့အကျီရအောင် ကြိုးစားခဲ့တာပေါ့ဗျာ..။ အိမ်မှာဆိုရင် ဘောလုံးအကျီအဟောင်းတွေ အများကြီးရှိပါတယ်..။”
Always: အဲဒီအကျီဟောင်းတွေထဲမှာ ခင်ဗျားအကြိုက်ဆုံးအကျီကို ပြောပြပေးပါလား..?
“နှစ်ထည်ရှိပါတယ်..။ ဘာစီလိုနာ အသင်းမှာ ဒီယေဂို မာရာဒိုနာ ဝတ်ဆင်ခဲ့တဲ့အကျီနဲ့ နာပိုလီအသင်းမှာ ဒီယေဂို မာရာဒိုနာ ဝတ်ဆင်ခဲ့တဲ့အကျီပါ.။ ကျွန်တော့်အဖေဆီက ရခဲ့တာဖြစ်ပြီး ကျွန်တော့်အိမ်က ဘောလုံးအကျီဟောင်း collection ထဲက အဖိုးအတန်ဆုံးနှစ်ထည်လို့ ပြောရမှာပါ..။”
First: မိုးလင်းလင်းချင်း ပထမဆုံး ခင်ဗျားစားလေ့ရှိတဲ့.. ဒါမှမဟုတ် သောက်လေ့ရှိတဲ့အရာ ပြောပြနိုင်မလားဗျ..?
“ကော်ဖီအရင်ဆုံး သောက်လေ့ရှိပါတယ်..။”
Last: အိပ်ရာမဝင်ခင် နောက်ဆုံးဘာကိုစားဖြစ်တာများလဲ..?
“ရေများများသောက်လေ့ ရှိပါတယ်..။ ကျွန်တော်ဟာ အိပ်ရာဝင်တော့မယ်ဆိုရင် ရေဗူးတစ်ဗူးတော့ အမြဲတမ်းယူသွားလေ့ ရှိပါတယ်..။ ကျွန်တော်တို့ဟာ ပွဲတွေအများကြီး ကစားရတယ်..၊ ပွဲတွေမှာလည်း ခန္ခာကိုယ် ကြံ့ခိုင်မှု အရမ်းအားထုတ်ရတာဆိုတော့ ကြွက်သားတွေ ပြန်လည်အားရဖို့..၊ ပြန်လည်အားပြည့်ဖို့ ရေဓါတ်အများကြီး လိုအပ်ပါတယ်..။ ဒါ့ကြောင့်လည်း ကျွန်တော်တို့အတွက် ရေအများကြီးသောက်ဖို့ အရေးကြီးတာ ဖြစ်ပါတယ်..။”
Always: အခုတစ်ပါတ်အတွင်း အမြဲတမ်းလိုလို စားဖြစ်တဲ့အရာရှိရင် ပြောပြပေးနိုင်မလား..?
“ပါစတာ ခေါက်ဆွဲပါ..။ အီတလီကို စရောက်ကတည်းက ပါစတာ ကို အရမ်းနှစ်သက်ခဲ့ပါတယ်..။ လေ့ကျင့်ခန်း ပုံမှန်ဆင်းနေဖို့ အရေးကြီးသလို ကျွန်တော့်ရဲ့ ခန္ခာကိုယ်အတွက် ပါစတာ ခေါက်ဆွဲရှိနေဖို့ အရေးကြီးပါတယ်..။”
First: ခင်ဗျားမှတ်မိသလောက် ပထမဆုံးကြည့်ဖူးတဲ့ ရုပ်ရှင်အကြောင်း ပြောပြပေးပါလား..?
“ဆီလ်ဗက်စ်တာ စတားလုံးရဲ့ ‘The Rocky’ ရုပ်ရှင်ကားတွေပါ..။ လက်ဝှေ့သမားအကြောင်း ရိုကကူးထားတာဖြစ်ပြီး အရမ်းကိုကောင်းမွန်ပါတယ်..။”
Last: ခင်ဗျားနောက်ဆုံးကြည့်ခဲ့တဲ့ ရုပ်ရှင်.. ဒါမှမဟုတ် TV အစီအစဉ်ကို ပြောပြပေးပါလား..?
“The Joker.. အရမ်းကောင်းတဲ့ ရုပ်ရှင်ကားပါ..။ ရုပ်ရှင်ရုံကြီးမှာ ပြန်ပြီးကြည့်ချင်ပါသေးတယ်..။”
Always: မကြာခဏလိုလို ကြည့်ဖြစ်တဲ့ ရုပ်ရှင်ကားရှိခဲ့ရင်ေ ပြာပြပေးနိုင်မလား..?
“ဘောလုံးပွဲတွေပဲ ကြည့်ဖြစ်တာ များပါတယ်..။ ဒါပေမယ့် Peaky Blinders, Prison Break လို ရုပ်/သံစီးရီးတွေလည်း ကြည့်ဖြစ်ပါတယ်..။”
First: ကလေးဘဝတုန်းက အားလပ်ရက်တွေမှာ ဘယ်နေရာကို ခရီးထွက်ဖြစ်ခဲ့လဲ..?
“ကျွန်တော်တို့ မိသားစုနဲ့အတူ Marbella နားက Sotogrande ကို သွားလေ့ရှိပါတယ်..။”
Last: ပြီးခဲ့တဲ့နိုင်ငံတကာ ပွဲစဉ်အချိန်တုန်းက ဘယ်နေရာကို သွားလည်ခဲ့လဲ..?
“Sotogrande..။”
Always: အမြဲတမ်းလိုလို ပုံမှန်သွားလည်ဖြစ်တဲ့ နေရာတစ်ခု ပြောပြပါလား..?
“မက်ဒရစ် ပဲ ဖြစ်ပါလိမ့်မယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော့်ရဲ့ ရည်းစား..၊ မိသားစုကလည်း အဲဒီမှာပဲ ရှိတာဆိုတော့ မက်ဒရစ်ကိုပဲ မကြာမကြာ ပြန်ဖြစ်ပါတယ်..။”
First: ပထမဆုံး အသုံးပြုခဲ့တဲ့ မိုဘိုင်းဖုန်းကို မှတ်မိသေးလား..?
“Nokia 3210 လား..၊ အဲဒီဖုန်း အမျိုအစားထဲကပဲလား မသိဘူး..တစ်ခုခုပဲဗျ..။ ဖုန်းကသေးသေးလဲပဲဗျ.. ဖုန်းပြောတယ်..၊ မက်ဆေ့ချ် ပို့တယ်.. အဲဒီလောက်ပဲ လုပ်လို့ရပါတယ်..။ အရင်တုန်းကအချိန်တွေ သတိရပါတယ်..။ နောာ်ပြီးအဲဒီဖုန်းက အရမ်းခိုင်တယ်ဗျ..၊ အကြမ်းခံပြီး အခုအချိန်ထိ မပျက်သေးဘူး..။”
Last: ခင်ဗျားရဲ့လက်ရှိဖုန်းမှာ နောက်ဆုံး install လုပ်ဖြစ်တဲ့ application လေး ပြောပြလို့ ရနိုင်မလား..?
“Champions League Fantasy Application ပါ..။ ကျွန်တော့်သူငယ်ချင်းတွေနဲ့ လိဂ်တစ်ခု ထောင်ထားတယ်..၊ ကျွန်တော့်ရည်းစားနဲ့ သူ့ရဲ့ညီမတို့လည်း အခုလာ join ထားတယ်..။ အခုလောလောဆယ် ကျွန်တော်က ထိပ်ဆုံးသုံးယောက်ထဲမှာ ပါတာပေါ့..။ ဒါပေမယ့် ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ဦးဆောင်နေပါတယ်..။”
Always: ဖုန်းနဲ့ဆိုရင် အများဆုံး ဘာကိုပြုလုပ်ဖြစ်လဲဗျ..?
“ကျွန်တော့်ရဲ့ရည်းစား..၊ မိသားစုတွေနဲ့ ‘FaceTime’ မှာ ပြောဖြစ်တာ များပါတယ်..။”
First: အင်္ဂလိပ် ဘာသာစကားကို ဘယ်မှာပထမဆုံး သင်ခဲ့ရလဲ..?
“အသက် (၁၂) နှစ်အရွယ် ကျောင်းမှာစသင်ရပါတယ်..။ ကျွန်တော်တို့ စပိန်နိုင်ငံမှာ လူတိုင်းက အင်္ဂလိပ်စကားကို မိခင်ဘာသာဖြစ်တဲ့ စပိန်ဘာသာလိုပဲ သင်ကြားရပါတယ်..။ ကျောင်းမှာလည်း အင်္ဂလိပ်စာကို သင်ခဲ့ရပေမယ့် အင်္ဂလန်ကိုရောက်လာစမှာ သိပ်တော့မလွယ်လှဘူးဗျ..။ အထူးသဖြင့် ဘောလ်တန်..၊ ဆန်းဒါးလန်း ဒေသတွေမှာ လေယူလေသိမ်းက ကွာခြားတာဆိုတော့ အတော်လေးခက်ခဲခဲ့ပါတယ်..။”
Last: နောက်ဆုံးသင်ယူခဲ့ရတဲ့ အင်္ဂလိပ်စာလုံး (word)..၊ ဒါမှမဟုတ် စကားစု (phrase) ကို မှတ်မိသေးလား..?
“ချယ်လ်ဆီးအကယ်ဒမီရဲ့ ထူးခြားတဲ့ဓလေ့..၊ အသုံးအနှုန်းတစ်ခုပေါ့ဗျာ..။ အက်ဒီ နယူတန် လာပြီးရှင်းပြမှ ကျွန်တော်လည်း နားလည်တာ..။ ဥပမာ တစ်ယောက်ယောက်ဆီက ဘောလုံးယူချင်တယ်..၊ ဒါမှမဟုတ် free kick ကို ကန်ချင်တယ်.၊ ဒိုင်လူကြီးဆီက free kick ကန်ဖို့ ဘောလုံးတောင်းချင်တယ်ဆိုရင် ‘over’ လို့ မသုံးပဲ ‘Jack’s’ လို့ သုံးနှုန်းရတယ်ဆိုတဲ့အကြောင်း သူပြောပြပါတယ်..။”
Always: အင်္ဂလိပ်စကားထဲက ခင်ဗျားအနေနဲ့ ဘယ်လိုမှနားမလည်နိုင်တဲ့ အစိတ်အပိုင်းတစ်ခုရှိရင် ပြောပြပေးပါလား..?
“အများကြီးပဲဗျ..။ လေ့ကျင့်ခန်းတွေ ပုံမှန်မလုပ်ဖြစ်ဘူးဆိုရင် အင်္ဂလိပ်စကားကို စင်းလုံးချော အချိုးကျအောင် ဘယ်လိုမှ ပြောနိုင်မှာ မဟုတ်ပါဘူး..၊ အထူးသဖြင့် အင်္ဂလိပ်မဟုတ်တဲ့သူတွေနဲ့ ပြောပါများရင် အကျင့်ပျက်လာပါတယ်.. ဟားဟား..။ ကျွန်တော်ကတော့ ဒေသအလိုက် လေယူလေသိမ်းတွေကို အထူးပြု လေ့လာပါတယ်..။ ရော့စ် ဘာကလေ ပြောတဲ့လေယူလေသိမ်းမျိုးဆိုရင် လီဗာပူးလ် ဒေသဘက်ပေါ့.. အဲဒီလိုမျိုးပါ..။ အဲဒီလို ဒေသစုံက လေယူလေသိမ်းနဲ့ စကားပြောဟန်တွေကို နားလည်ချင်တယ်..၊ သူတို့လို လိုက်ပြီးတော့လည်း ပြောချင်ပါတယ်..။”
#FRANK