ချယ်လ်ဆီးအသင်း၏ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းနှင့် စတန်းဖို့ဒ် ဘရစ်ချ် အဝတ်လဲခန်းထဲမှ အကြောင်းအရာများအပေါ် ကွင်းလယ်ဖန်တီးရှင် ကိုးလ် ပါးမား က ချယ်လ်ဆီးအသင်း Official website မှ ပြုလုပ်ခဲ့သော အမေး၊ အဖြေကဏ္ဍတွင် ယခုလိုဖြေကြားခဲ့သည်..။
မေး - လေ့ကျင့်ရေးကွင်းထဲကို ဘယ်သူအရင်ဆုံး ရောက်လေ့ရှိလဲ?
ကျွန်တော်တို့အားလုံး အတူတူပဲ ထွက်ကြတာပါ၊ ဒါကြောင့် အားလုံးပါပဲ။"
မေး - ကော့ဘ်ဟမ် လေ့ကျင့်ရေးကွင်းမှာ နေ့လယ်စာကို ဘယ်သူနဲ့ အတူစားလေ့ရှိသလဲ?
တိုစင် (Tosin) နဲ့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နှစ်ယောက်လုံးက မန်ချက်စတာက လာကြတာဖြစ်သလို သူဟာ ကျွန်တော့်ရဲ့သူငယ်ချင်းအရင်းကြီး ဖြစ်နေလို့ပါေ
မေး - လေ့ကျင့်ရေးပြီးလို့ အိမ်ပြန်ရောက်ရင် ပထမဆုံး ဘာလုပ်သလဲ?
PlayStation ဂိမ်း ကစားပါတယ်။ များသောအားဖြင့်တော့ FIFA ဂိမ်းပေါ့ဗျာ..။ ကျွန်တော်က အသင်းထဲမှာ အကောင်းဆုံးပဲဗျ..။

မေး - အဝေးကွင်းခရီးစဉ်တွေ သွားတဲ့အခါ ဘယ်သူ့ဘေးမှာ ထိုင်သလဲ?
တိုစင်နဲ့ပဲ အတူတူထိုင်ဖြစ်ပါတယ်။
မေး - အဝေးကွင်းသွားတဲ့ လမ်းခရီးမှာ အချိန်ကုန်အောင် ဘာတွေလုပ်သလဲ?
ထွေထွေထူးထူးတော့ မရှိပါဘူး၊ ဖုန်းပဲ သုံးနေတတ်ပါတယ်..။
မေး - အသင်းထဲမှာ အနောက်ဆုံး၊ အပြောင်ဆုံး လူပြက်က ဘယ်သူလဲ?
မာ့စ် ကူကူရယ်လာ ပါ။ သူ့ရဲ့ ဘယ်အချက်က သူ့ကိုအဲ့ဒီလို ဖြစ်စေတာလဲတော့ မသိဘူးဗျ..။ သူဟာ တကယ့်ကို ရယ်ရတဲ့သူပါ။
မေး - အသင်းထဲမှာ အသံအကျယ်ဆုံးက ဘယ်သူလဲ?
ကူကူရယ်လာ ပါပဲ။"
မေး - အသင်းထဲမှာ ဆိုရှယ်မီဒီယာ (Social Media) တင်ဆက်မှု အကောင်းဆုံးက ဘယ်သူလဲ?
ကျွန်တော်ပေါ့ဗျာ.. ဟားဟား
မေး - ပွဲကစားမယ့်ရက် (Matchday) အဝတ်လဲခန်းထဲမှာ ဘယ်သူ့ဘေးမှာ ထိုင်သလဲ?
တိုစင် နဲ့ လီဗိုင်း တို့ရဲ့ ဘေးမှာပါ။
မေး - ပွဲကစားဖို့ အဝတ်လဲခန်းထဲကနေ မထွက်ခင် နောက်ဆုံးဘာလုပ်သလဲ?
သေချာတော့ မမှတ်မိဘူးဗျ။ ရေတစ်ခွက်လောက် သောက်တာမျိုး ဖြစ်မှာပါ။
မေး - နောက်ခံလူ ဒါမှမဟုတ် ကွင်းလယ်လူတွေထဲက ဘယ်သူက ရှေ့တန်းတိုက်စစ်မှူး (Striker) အဖြစ် ကစားရင် အကောင်းဆုံးဖြစ်မလဲ?
ကူကူရယ်လာ ပဲ ဖြစ်ဖို့များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကနောက်ခံလူတွေထဲမှာ ဂိုးအများဆုံး သွင်းနိုင်လို့ပါ။