feature-image

ပရီးမီးယားလိဂ်နဲ့ ချယ်လ်ဆီးရဲ့ ၂၀၂၆/၂၇ နွေရာသီ အပြောင်းအရွှေ့ကာလအနှစ်ချုပ်

ပရီးမီးယားလိဂ်အသင်းများမှာ ၂၀၂၆/၂၇ ဘောလုံးရာသီ၏ နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း ကစားသမားသစ် ခေါ်ယူမှုများအတွက် စတာလင်ပေါင် (၃.၄၈) ဘီလီယံအထိ သုံးစွဲခဲ့ပြီး ပြီးခဲ့သည့် နွေရာသီအတွင်း စတာလင်ပေါင် (၃.၁၉) ဘီလီယံသုံးစွဲခဲ့သော စံချိန်ဟောင်းကို ကျော်လွန်၍ ကစားသမား ခေါ်ယူမှုစံချိန်သစ် စိုက်ထူခဲ့ကြသည်။ အသင်းများသည် ကစားသမား ရောင်းချမှုမှလည်း စတာလင်ပေါင် (၂.၁၇) ဘီလီယံ ပြန်လည် ရရှိခဲ့သဖြင့် စုစုပေါင်း အသားတင် သုံးစွဲမှု (Net spend) မှာ စတာလင်ပေါင် (၁.၃၀) ဘီလီယံ ရှိခဲ့သည်။

ပရီးမီးယားလိဂ်၏ သုံးစွဲမှုသည် ၂၀၂၂/၂၃ ရာသီမှစ၍ သုံးစွဲမှု ပမာဏမှာ သိသိသာသာ မြင့်တက်လာခဲ့ပြီး နွေရာသီအပြောင်းအရွှေ့ (၅) ရာသီဆက်တိုက် စတာလင်ပေါင် (၂) ဘီလီယံ ကျော်လွန်ခဲ့သည်။ ယခုနွေရာသီ ကာလအတွင်း ပရီးမီးယားလိဂ် အသင်းများ၏ ကစားသမားသစ် ခေါ်ယူရာတွင် သုံးစွဲမှုပမာဏမှာ လွန်ခဲ့သော (၁၀) နှစ်ကာလ (၂၀၁၆/၁၇ ရာသီ) က ကလပ်အသင်းများ စုစုပေါင်း သုံးစွဲခဲ့သည့် စတာလင်ပေါင် (၁.၁၉) ဘီလီယံနှင့် နှိုင်းယှဉ်ပါက (၃) ဆနီးပါး မြင့်တက်လာခဲ့သည်ဟု ပြောနိုင်ပါသည်။



ပရီးမီးယားလိဂ် အသင်းများသည် ကစားသမားရောင်းချမှုမှတစ်ဆင့် ကြီးမားသောငွေပမာဏ ပြန်လည်ရရှိခဲ့သော်လည်း ယခုကဲ့သို့ စံချိန်သစ်တင်နိုင်ခဲ့ခြင်းသည် လိဂ်အတွင်း စီးဆင်းနေသော ငွေကြေးပမာဏ မည်မျှများပြားသည်ကို ပေါ်လွင်စေခဲ့သည်။ ယခုနွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း မန်ချက်စတာ စီးတီးအသင်းမှာ စတာလင်ပေါင် (၄၄၀.၃) သန်းဖြင့် အများဆုံးသုံးစွဲခဲ့သော အသင်းဖြစ်ခဲ့ပြီး ၎င်း၏နောက်တွင် ချယ်လ်ဆီး (စတာလင်ပေါင် (၃၄၂.၄) သန်း)၊ စပါး (စတာလင်ပေါင် (၃၃၄) သန်း) နှင့် နယူးကာဆယ် (စတာလင်ပေါင် (၂၇၅.၂) သန်း) တို့က အစဉ်လိုက် ရပ်တည်ခဲ့သည်။

အသားတင် သုံးစွဲမှု (Net spend) အပိုင်းတွင် လီဗာပူးလ်အသင်းက စတာလင်ပေါင် (၂၁၉.၄) သန်းဖြင့် ထိပ်ဆုံးမှ ဦးဆောင်ခဲ့ပြီး အစ်ပစ်ချ် (စတာလင်ပေါင် (၁၉၀.၇) သန်း)၊ စပါး (စတာလင်ပေါင် (၁၇၆) သန်း) နှင့် အာဆင်နယ် (စတာလင်ပေါင် (၁၃၆.၆) သန်း) အသီးသီး ရပ်တည်ခဲ့သည်။ အခြားတစ်ဖက်တွင်မူ ချယ်လ်ဆီးအသင်းသည် ကစားသမား ရောင်းချမှုမှ စတာလင်ပေါင် (၄၀၉.၇) သန်းအထိ ပြန်လည်ရရှိခဲ့သဖြင့် အပြောင်းအရွှေ့ကာလ အပြီးတွင် စတာလင်ပေါင် (၆၇.၃) သန်း အမြတ်ထွက်ခဲ့သည်။



မန်ချက်စတာ စီးတီးအသင်းသည် ချယ်လ်ဆီးအသင်းမှ အာဂျင်တီးနား ကွင်းလယ် ကစားသမား အင်ဇို ဖာနန်ဒက်ဇ် ကို ပရီးမီးယားလိဂ် စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်သော စတာလင်ပေါင် (၁၂၅) သန်းဖြင့် ခေါ်ယူခဲ့ပြီး လွန်ခဲ့သည့်နွေရာသီက နယူးကာဆယ်မှ လီဗာပူးလ်သို့ ပြောင်းရွှေ့ခဲ့သည့် အလက်ဇန္ဒား အိုက်ဆက်ခ် ၏ စံချိန်ကို တူညီစေခဲ့သည်။ ဘရက်ဒလီ ဘာကိုလာ - စတာလင်ပေါင် (၁၂၃) သန်း နှင့် မော်ဂန် ရော်ဂျားစ် - စတာလင်ပေါင် (၁၁၇) သန်း တို့သည်လည်း ယခုအပြောင်းအရွှေ့ရာသီ၏ အကြီးမားဆုံး ခေါ်ယူမှုများတွင် ပါဝင်ခဲ့ကြပြီး အဲလီးယော့ အန်ဒါဆန် သည် မန်ချက်စတာ စီးတီးသို့ စတာလင်ပေါင် (၁၁၆) သန်းဖြင့်လည်းကောင်း၊ ဆန်ဒရို တိုနာလီ မှာ စပါးသို့ စတာလင်ပေါင် (၁၀၀) သန်းဖြင့်လည်းကောင်း အသီးသီး ပြောင်းရွှေ့ခဲ့ကြသည်။

ဈေးကွက်၏ ကြီးမားသော အပြောင်းအရွှေ့ပမာဏကို ထိပ်ဆုံးကအသင်းများတွင် အများဆုံးမြင်တွေ့ခဲ့ရပြီး ပရီးမီးယားလိဂ် ကလပ်များသို့ စတာလင်ပေါင်သန်း (၅၀) နှင့်အထက် ပြောင်းရွှေ့ကြေးများဖြင့် ရောက်ရှိလာခဲ့သည့် ကစားသမားဦးရေ (၂၀) ဦးအထိ ရှိခဲ့သည်။ ပရီးမီးယားလိဂ် အသင်းများသည် အရောင်းပိုင်းတွင်လည်း သွက်သွက်လက်လက် လှုပ်ရှားခဲ့ကြပြီး ယခုနွေရာသီ၏ အကြီးမားဆုံး အပြောင်းအရွှေ့အချို့တွင် အင်္ဂလန်အသင်းအချင်းချင်း သို့မဟုတ် ပြည်ပအသင်းများသို့ ပြောင်းရွှေ့သည့် ကစားသမားများ ပါဝင်ခဲ့ကြသည်။

ဟားလ် အသင်းသည် ကစားသမား (၁၇) ဦးအထိ အပြီးသတ်ခေါ်ယူ ပြုလုပ်ခါ အလုပ်အများဆုံးအသင်း ဖြစ်ခဲ့ပြီး ၎င်း၏နောက်တွင် အစ်ပ်ဝစ်ချ် (၁၆) ဦး၊ ချယ်လ်ဆီး (၁၃) ဦး၊ ဘရိုက်တန် (၁၂) ဦး နှင့် ကော့ဗင်ထရီ (၁၁) ဦး တို့က အစဉ်လိုက် ရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် ဘရိုက်တန်အသင်းသည် ကစားသမား (၂၄) ဦးအထိ ရောင်းထုတ်ခဲ့ပြီး လိဂ်တွင်အရောင်းအများဆုံးအသင်း ဖြစ်ခဲ့ကာ အက်စ်တွန် ဗီလာ၊ ခရစ္စတယ် ပဲလေ့စ် (၂၃) ဦးစီ နှင့် အစ်ပစ်ချ် (၂၁) ဦး တို့က ဒုတိယအများဆုံး ကစားသမားများ ရောင်းချခဲ့သည့် အသင်းများ ဖြစ်ခဲ့ကြသည်။



ချယ်လ်ဆီးအသင်း၏ ရင်ခုန်ဖွယ် အပြောင်းအရွှေ့ရာသီ နောက်ဆုံးရက်

မန်ချက်စတာ စီးတီးအသင်းသည် အပြောင်းအရွှေ့ နောက်ဆုံးရက်တွင် ချယ်လ်ဆီးအသင်းမှ အင်ဇို ဖာနန်ဒက်ဇ် ကို စတာလင်ပေါင် (၁၂၅) သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့သည်။ သို့သော်သူ၏နေရာကို အစားထိုးရန် ဆီနီဂေါ ကွင်းလယ် ကစားသမား လာမင်း ကာမာရာ ကို ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့သော်လည်း မိုနာကိုအသင်းက သဘောတူညီမှုကို ရုတ်တရက် ဖျက်သိမ်းလိုက်ပြီးနောက် နည်းပြ ဇာဘီ အလွန်ဆို ၏ အသင်းမှာ ဒေါသထွက်ခဲ့ရသည်။

ချယ်လ်ဆီးအသင်းမှာ အပြောင်းအရွှေ့ရာသီ ပိတ်သိမ်းရန် (၂) နာရီနီးပါးအလိုထိ မိုနာကိုမှ ကာမာရာကို စတာလင်ပေါင် (၄၇) သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပြီဟု ထင်မှတ်ခဲ့သည်။ သို့သော် အပြောင်းအရွှေ့ရာသီ ပိတ်သိမ်းမည့် ည (၁၁) နာရီ နီးကပ်လာချိန်တွင် မိုနာကိုအသင်းက သူတို့၏ ကတိကဝတ်ကို ရုပ်သိမ်းလိုက်သဖြင့် ရုတ်တရက် အပြောင်းအလဲနှင့်အတူ အပြာရောင်တို့မှာ အံ့အားသင့်၊ ဒေါသထွက်ခဲ့ရသည်။

ချယ်လ်ဆီးအသင်း သတင်းရင်းမြစ်များ၏ အဆိုအရ ကာမာရာ ၏ အပြောင်းအရွှေ့အတွက် ကလပ်အသင်း နှစ်သင်းကြားတွင် တရားဝင်စာချုပ်စာတမ်းဖြင့် သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း သိရသည်။ သို့သော် မိုနာကိုအသင်းသည် အဲဗာတန်သို့ ဖိုလာရင် ဘာလိုဂန် ၏ ပြောင်းရွှေ့ကြေးကို ပြန်လည် ညှိနှိုင်းခဲ့ချိန်တွင် ကာမာရာ အတွက် သဘောတူညီမှုကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ချယ်လ်ဆီးအသင်းထံ အကြောင်းပြန်ခဲ့သည်။ စတန်းဖို့ဒ် ဘရစ်ချ်မှ အတွင်းလူများကမူ အဆိုပါဆုံးဖြတ်ချက်သည် အခြားအသင်းတစ်သင်း၏ အလွန်မူမမှန်သည့် (Professional မဆန်သည့်) လုပ်ဆောင်မှုမျိုး ဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။



ချယ်လ်ဆီးအသင်းမှာ အင်ဇို ဖာနန်ဒက်စ် ၏ အပြောင်းအရွှေ့ကို ဖျက်သိမ်းလိုက်ရန် အချိန်ရခဲ့သော်လည်း မိမိတို့ပေးထားသည့် ကတိကဝတ်ကို ထိန်းသိမ်းသည့်အနေဖြင့် အပြောင်းအရွှေ့ အထမြောက်စေရန် ဆက်လက်ခွင့်ပြုခဲ့သည်..။

မနေ့ကအပြောင်းအရွှေ့ရာသီ နောက်ဆုံးရက်အတွင်း နောက်ခံလူ တိုဆင် အဒါရာဘီယိုရို မှာ စတာလင်ပေါင် (၁၀) သန်း (+ အပိုဆုကြေး စတာလပေါင် (၂) သန်း) ဖြင့် ချယ်လ်ဆီးမှ စပါးအသင်းသို့ ပြောင်းရွှေ့သွားခဲ့သည်။ ၎င်း၏ချယ်လ်ဆီးအသင်းဖော် မီဟေးလ်လို မူဒရစ်ခ် မှာလည်း စပါးအသင်းသို့ အငှားဖြင့် ပြောင်းရွှေ့ခဲ့ပြီး ရှက်တာဒိုးနက်ဇ် နည်းပြဟောင်း ရောဘတ်တို ဒီ ဇာဘီ နှင့် 'ပြန်လည် ဆုံစည်းခွင့်ရသည့်အတွက် စိတ်လှုပ်ရှားမိကြောင်း' ပြောကြားခဲ့သည်။

ထို့အပြင် ဘရာဇီးလ်တိုက်စစ်မှူး ဒီဗစ် ဝါရှင်တန် ကို စထရာ့ဘာ့ဂ်အသင်းသို့ ယူရို (၁၆) သန်းဝန်းကျင်ဖြင့် ရောင်းချနိုင်ခဲ့သလို ကွင်းလယ် ကစားသမား ဒါရီယို အက်ဆူဂို မှာလည်း စထရာ့ဘာ့ဂ်အသင်းသို့ ရာသီကုန်အထိ အဌားထွက်ခွာခဲ့သည်..။ အာဂျင်တီးနား ဂိုးသမား အီမီ မာတီးနက်ဇ် ကို ခေါ်ယူခဲ့သောကြောင့် ပွဲထွက်နေရာ ပျောက်ဆုံးတော့မည့် ဂိုးသမား ရောဘတ် ဆန်းချက်ဇ် က အီတလီ စီးရီးအေပြိုင်ပွဲဝင် ကိုမိုအသင်းသို့ အဌားသွားရောက်ခဲ့သည်..။

အပြောင်းအရွှေ့ရာသီ နောက်ဆုံးရက်၏ နေ့လည်ပိုင်းတွင် ချယ်လ်ဆီးအသင်းမှာ စပိန်တိုက်စစ်မှူး မာ့စ် ဂီယူ ကို RB လိုက်ပ်ဇစ်အသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၁၄.၆) သန်းဖြင့် ရောင်းချနိုင်ခဲ့သလို အီတလီစီးရီးအေပြိုင်ပွဲဝင် အတ္တလန်တာအသင်းမှ (၁၈) နှစ်အရွယ် အီတလီလက်ရွေးစင် လူငယ်နောက်ခံလူ အောနက်စ် အေဟာနော ကို စတာလင်ပေါင်သန်း (၄၀) ဖြင့် ခေါ်ယူပြီး ခရစ္စတယ် ပဲလေ့စ်အသင်းသို့ ချက်ချင်းအဌားချခဲ့သည်..။ အဆိုပါအပြောင်းအရွှေ့တွင် ချယ်လ်ဆီးအသင်းမှာ ပရီးမီးယားလိဂ် အသင်းအချင်းချင်း အဌားချကစားသမားဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်များကို ရှောင်ရှားနိုင်ရန် ၂၀၂၇ ခုနှစ်၊ ဇွန်လတွင်မှ စတန်းဖို့ဒ် ဘရစ်ချ်သို့ ရောက်ရှိမည်ဟု ကြေငြာခဲ့ပြီး အတ္တလန်တာ အသင်းမှ ခရစ္စတယ် ပဲလေ့စ်အသင်းသို့ အဌားချသည့်ပုံစံ စီစဉ်၊ ဖန်တီးခဲ့ပါသည်..။



၂၀၂၆/၂၇ နွေရာသီ အပြောင်းအရွှေ့တွင် ခေါ်ယူခဲ့သည့် ကစားသမားများ

ကစားသမားအမည်နိုင်ငံပြောင်းရွှေ့လာသည့်အသင်းပြောင်းရွှေ့ကြေး
အောနက်စ် အေဟာနော အီတလီအတ္တလန်တာပေါင်သန်း (၄၀)
ဗလင်တင် ဘာကိုအာဂျင်တီးနားစထရာ့ဘာ့ဂ်ပေါင် (၃၄) သန်း
ပက်ပ် ချာဗာရီးယားစပိန်ရာယို ဗလာကာနိုပေါင် (၁၆.၃) သန်း
ဂျော်ဒန် ဟန်ဒါဆင်အင်္ဂလန်ဘရန့်တ်ဖို့ဒ်အလွတ်ပြောင်းရွှေ့
မက်ဆန့်စ် လာခရွားပြင်သစ်ခရစ္စတယ် ပဲလေ့စ်ပေါင် (၅၁) သန်း
အီမီလီယာနို မာတီးနက်ဇ်အာဂျင်တီးနားအက်စ်တန် ဗီလာပေါင် (၇.၅) သန်း
မာကို ပါလက်စ်ထရာအီတလီ အတ္တလန်တာပေါင် (၄၃) သန်း
ဂျီယိုဗန်နီ ကွင်ဒါစ် ပေါ်တူဂီစပိုးတင်း လစ္စဘွန်းပေါင် (၁၆.၃) သန်း
မော်ဂန် ရော်ဂျားစ်အင်္ဂလန်အက်စ်တန် ဗီလာပေါင် (၁၁၇) သန်း
ဒါစတန် ဆက်ပါ့ဗ်ကာဇက်စ်တန်ကာရက် အယ်လ်မာတီ ပေါင် (၃.၄) သန်း
ဒယ်နီ ဝဲလ်ဘတ်အင်္ဂလန်ဘရိုက်တန်ပေါင် (၅) သန်း
ဟာရီဆန် ဘတ်တိုနီအင်္ဂလန်ဝီဂန်မဖော်ပြ
အယ်လ်ဖီ အော့စ်ဘွန်းစကော့တလန်ဟတ်စ်ပေါင် (၄) သိန်း



၂၀၂၆/၂၇ နွေရာသီ အပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာခဲ့သည့် ကစားသမားများ

ကစားသမားအမည်နိုင်ငံပြောင်းရွှေ့မည့်အသင်းပြောင်းရွှေ့ကြေး
အင်ဇို ဖာနန်ဒက်စ်အာဂျင်တီးနားမန်ချက်စတာ စီးတီးပေါင် (၁၂၅) သန်း
တိုဆင် အဒါယာဘိုင်ယိုရို အင်္ဂလန်တော့တင်ဟမ်ပေါင် (၁၂) သန်း
ခရစ်စ် အေသာတန်အင်္ဂလန်အစ်ပ်ဝစ်ချ် မဖော်ပြ
ဂျရမီ ဘာကယ်လေ- အက်ဂ်ရီပေါင်း အင်္ဂလန်ရက်ဒင်းပေါင် (၂.၂၅) သန်း
ထရေဗာ ချာလိုဘာအင်္ဂလန် ကိုမို ပေါင် (၂၅.၇) သန်း
မာ့စ် ကူကူရယ်လာစပိန်ရီးရဲလ် မက်ဒရစ်ပေါင် (၅၁.၈) သန်း
လီယန် ဒီလပ်အင်္ဂလန် နော့တင်ဟမ် ဖောရက်စ်ပေါင်သန်း (၅၀)
ဒေးဗစ် ဒါထရို ဖိုဖားနားအိုင်ဗရီကို့စ်ဆာဗက်တေး FCပေါင် (၂.၇) သန်း
တိုင်ရစ်ခ် ဂျော့ချ် အင်္ဂလန်အဲဗာတန်ပေါင် (၂၄) သန်း
မာ့စ် ဂီယူစပိန်RB လိုက်ပ်ဇစ်ပေါင် (၁၄.၆) သန်း
ဘရွန်ဒီ ဟုချ်အင်္ဂလန်AFC ဝင်ဘယ်လ်ဒန်အလွတ်

နီကိုလပ်စ် ဂျက်ဆင်ဆီနီဂေါအက်စ်တန် ဗီလာပေါင် (၄၇.၅) သန်း
အွန်မ်ရီ ကယ်လီမန်အင်္ဂလန်စထရာ့ဘာ့ဂ်ပေါင် (၈.၅) သန်း
ဂျင်မီ-ဂျေး မော်ဂန်အင်္ဂလန်ဝက်စ်ဘရွန်းပေါင် (၄) သန်း
ရစ်ချက် အိုလီဆေးအင်္ဂလန်
စာချုပ်သက်တမ်းကုန်
ဖရန်ကီ ရာဟမ်အင်္ဂလန်အစ်ပ်ဝစ်ချ်မဖော်ပြ
ဆမ် ရပ်ခ်- ဆာကီအင်္ဂလန်
စာချုပ်သက်တမ်းကုန်
အင်ဒရေ ဆန်းတို့စ်ဘရာဇီးလ်မန်ချက်စတာ ယူနိုက်တက်ပေါင်သန်း (၅၀)
ဂျင်မီ တော်ရီယာနန်ဖင်လန်
စာချုပ်သက်တမ်းကုန်

ဒီဗစ် ဝါရှင်တန်ဘရာဇီးလ်စထရာ့ဘာ့ဂ်ယူရို (၁၆) သန်း
ဂျိုးဇက် ဝီးလား- ဟင်နရီအင်္ဂလန်ဘရန့်တ်ဖို့ဒ်မဖော်ပြ


၂၀၂၆/၂၇ နွေရာသီ အပြောင်းအရွှေ့တွင် အဌားထွက်ခွာခဲ့သည့် ကစားသမားများ

ကစားသမားအမည်နိုင်ငံပြောင်းရွှေ့မည့်အသင်း
ဂျီနက်ဆစ် အန့်တ်ဝေးဆွီဒင်စထရာ့ဘာ့ဂ်
ဘင်နွိုက် ဘာဒီယာရှီးလ်ပြင်သစ်နာပိုလီ
အက်ဆယ်လ် ဒီဆာဆီပြင်သစ်ခရစ္စတယ် ပဲလေ့စ်
ဒါရီယို အက်ဆူဂိုပေါ်တူဂီစထရာ့ဘာ့ဂ်
အလီဂျန်ဒရို ဂါနာချိုအာဂျင်တီးနားအက်စ်တန် ဗီလာ
အိုလေး ဟယ်ရီဆန် အင်္ဂလန်AFC ဝင်ဘယ်လ်ဒန်
ဖိလစ် ဂျော်ဂျင်ဆင်ဒိန်းမတ်စထရာ့ဘာ့ဂ်
ရိုင်ယန် ကာဗူးမား- မက်ခ်ကွင်းအင်္ဂလန်ပို့စ်မောက်

မက်စ် မာရစ်ခ်အင်္ဂလန်ဟာတယ်လ်ပူးလ်
မိုင်ဟေးလ်လို မူဒရပ်ခ်ယူကရိန်းတော့တင်ဟမ်
ဟာရီဆင် မူရေးလ်- ကမ်းဘဲလ်အင်္ဂလန်KV Kortrijk
ဒူဂျန် ရစ်ချက်ဂျမေကာAFC ဝင်ဘယ်လ်ဒန်
အီရှေးလ် ဆမ်မြူရယ်- စမစ်အင်္ဂလန်နော့တ် ကောင်တီ
ရောဘတ် ဆန်းချက်ဇ်စပိန်ကိုမို
ဟတ်ဒ်ဆန် ဆန်းဒ်အင်္ဂလန်Dulwich Hamlet
မာမာဒူ ဆားရ်ဆီနီဂေါရီးရဲလ် ဆိုဆီဒက်
ဒက်စ်တန် ဆက်ပါ့ဗ်ကာဇက်စ်တန်ဘန်လေ
ရက်ဂီ ဝဲလ်ရှ်အင်္ဂလန်ဝီဂန်
ကာလက် ဝီလီအမေရိကန်ပရက်စ်တန် နော့အင့်တ်
ကိုင်ဒန် ဝီလ်ဆင်အင်္ဂလန်ရော့ချ်ဒေးလ်