ပြင်သစ်ကွင်းလယ်ကစားသမား အန်ဂိုလို ကန်တေး မှာ ချယ်လ်ဆီးအသင်း၏ Official 5th Application နှင့် တွေ့ဆုံခန်းတစ်ခု ပြုလုပ်ခဲ့ရာ သူ၏ကစားသမားဘ၀ ပထမဆုံး အမှတ်တရ ဖြစ်ရပ်များ၊ အကြောင်းအရာများကို ယခုလို ပြန်ပြောင်းပြောပြခဲ့သည်..။
First Hero
“ကျွန်တော့်ရဲ့ ပထမဆုံး သူရဲကောင်းတွေကတော့ ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ပြင်သစ်လက်ရွေးစင် ကစားသမားတွေပဲ ဖြစ်ပါလိမ့်မယ်..။ ဘယ်သူဘယ်ဝါ ဆိုပြီး တစ်ဦးတစ်ယောက်ကို ရည်ညွှန်းဖို့ မတတ်နိုင်တာကြောင့် တစ်သင်းလုံးလို့ ပြောရတာပါ..။”
First Kit (သို့မဟုတ်) ပထမဆုံး ဘောလုံးကန်ဖိနပ်
“ကျွန်တော့်ရဲ့ ပထမဆုံး ဘောလုံးအကျီက အစ်ကို့ဆီကနေ ရခဲ့တဲ့အကျီပါ..။ အဲဒီအချိန်က ငယ်ငယ်လေးပဲ ရှိပါသေးတယ်..။ နောက်ကျောမှာ ရိုနယ်လ်ဒို ရဲ့ နာမည်ပါတဲ့ ဘရာဇီးလ်အကျီ ဖြစ်ပါတယ်..။ ကျွန်တော့်ရဲ့ ပထမဆုံး ဘောလုံးကန်ဖိနပ် တစ်ရံကတော့ ‘Kipsta’ ဘောကန်ဖိနပ် တစ်ရံပဲ ဖြစ်မှာပါ..။”
First Footballing Memory
“ငယ်ငယ်တုန်းက ကျွန်တော်ဟာ အစ်ကိုရယ် သူ့သူငယ်ချင်းတွေနဲ့ အတူတူ ဘောလုံးကစားလေ့ရှိပါတယ်..။ အဲဒီလို အစ်ကိုနဲ့ အတူတူ ကစားဖြစ်ခဲ့တဲ့ အချိန်တွေကို အခုထိ အမှတ်ရနေတုန်းပါပဲ..။”
First Junior Team
“ပထမဆုံး ကျွန်တော်ပါဝင်ခဲ့တဲ့ အသင်းက ‘JS Suresnes’ ဆိုတဲ့ အပျော်တမ်းအသင်း ဖြစ်ပါလိမ့်မယ်..။ ပါရီမြို့ပြင်မှာ ရှိပါတယ်..။”
First Trophy
“ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့ဖူးတဲ့ ပြိုင်ပွဲက အသက် (၁၂) နှစ်တုန်းက ယှဉ်ပြိုင်ခဲ့တဲ့ လူငယ်ပြိုင်ပွဲတစ်ခုမှာပါ..။ ပြိုင်ပွဲနာမည်ကို မမှတ်မိတော့ပေမယ့် အသင်းလိုက် ဆုရဖူးတဲ့ ပထမဆုံး ဆုဖလားပါပဲ..။ အဲဒီအချိန်က အသင်းဖော်တွေကို ဆုဖလားရရှိအောင် ကူညီနိုင်ခဲ့တာကြောင့် အရမ်းပျော်ရွှင်ခဲ့သလို အခွင့်ကြုံရင် အဲဒီအချိန်က အတွေ့အကြုံတွေ ပြန်ပြောဖြစ်ပါတယ်..။”
First Feeling (ချယ်လ်ဆီးအသင်းနှင့် လက်မှတ်ထိုးချိန် ခံစားချက်)
“ချယ်လ်ဆီးအသင်းကို
ရောက်ရှိခွင့်ရတဲ့အတွက် အရမ်းကို ပျော်ရွှင်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်း
ကစားသမား ဖြစ်ခွင့်ရခဲ့တဲ့အပေါ် အရမ်းဂုဏ်ယူမိသလို ဒီထက်ပိုပြီး ကြီးမားတဲ့
စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ပါပဲ..။”
First Nickname
“ကျွန်တော့်ကို ‘NG’ လို့ နာမည်ပြောင် စပြီးခေါ်ကြပါတယ်.။ အခုအချိန်ထိလည်း အဲဒီနာမည်ကိုပဲ ခေါ်နေတုန်းပါပဲ..။”
First Game (သို့မဟုတ်) ပထမဆုံး ကြည့်ခဲ့ဖူးတဲ့ ဘောလုံးပွဲစဉ်
“ကျွန်တော် (၁၆) နှစ်သားအရွယ်မှာ ဘောလုံးကွင်းနဲ့ သေသေချာချာကန်တဲ့ ပွဲတစ်ပွဲကို စတင်ကြည့်ခဲ့ဖူးပါတယ်..။ ပြင်သစ်အသင်းနဲ့ ဆွီဒင်အသင်းတို့ ယှဉ်ပြိင်တဲ့ပွဲစဉ်ကို သွားပြီးကြည့်ဖြစ်ခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီပွဲအကြောင်း သေသေချာချာ မမှတ်မိတော့ပါဘူး..။”
First Player (ချယ်လ်ဆီးအသင်း မန်နေဂျာ ဖြစ်ခွင့်ရခဲ့မယ်ဆိုပါက ပထမဆုံး ခေါ်ယူမည့် ကစားသမား)
“ဂျွန် တယ်ရီ ဖြစ်ပါလိမ့်မယ်..။ ဘာဖြစ်လို့လဲဆိုတော့ ချယ်လ်ဆီးအသင်းကို ကျွန်တော်ရောက်တဲ့အချိန်တုန်းက သူဟာအသင်းရဲ့ အမှတ်တံဆိပ်၊ သင်္ကေတ တစ်ခုဖြစ်ခဲ့သလို သူ့ကိုကြည့်ရင်း ချယ်လ်ဆီးအသင်းကို ဘာကြောင့်ရောက်ရှိခဲ့ရလဲဆိုတဲ့ အဓိပ္ပါယ်ကို နားလည်ခဲ့ရပါတယ်..။ သူနဲ့ပတ်သက်ပြီး ငယ်တုန်းကအကြောင်းတွေကအစ ကျွန်တော်အကုန်လုံး သိရှိ၊ လေ့လာထားပါတယ်..။ ဒါ့အပြင် အသင်းကိုရောက်စအချိန်မှာ သူဟာကျွန်တော့်ကို အစွမ်းကုန် ကူညီပေးခဲ့ပါတယ်..။”