feature-image

‘အင်ဒရီ ပီယာလို ကို အတုယူခဲ့တယ်’ လို့ဆိုတဲ့ ‘ဂျော်ဂင်ဟို’ ရဲ့ ပထမဆုံးများ..

အီတလီ ကွင်းလယ်ဖန်တီးရှင် ဂျော်ဂင်ဟို မှာ ချယ်လ်ဆီးအသင်း၏ Official 5th Application နှင့် တွေ့ဆုံခန်းတစ်ခု ပြုလုပ်ခဲရာ သူ၏ကစားသမားဘ၀ ပထမဆုံး အမှတ်တရ ဖြစ်ရပ်များ၊ အကြောင်းအရာများကို ယခုလို ပြန်ပြောင်းပြောပြခဲ့သည်..။

First Hero
“ဘရာဇီးလ်အသင်း တိုက်စစ်မှူး ရော်နယ်လ်ဒို ရဲ့ ကစားဟန်ကို အရမ်းနှစ်သက်ခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော့်ရဲ့ ပထမဆုံး သူရဲကောင်း ဆိုရင်တော့ ပီယာလို ကို ရွေးချင်ပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ ကွင်းလယ်ကစားသမား တစ်ယောက်ဖြစ်ချင်တဲ့ ကျွန်တော့်အတွက် သူ့ရဲ့ကစားပုံကို ပထမဆုံး မြင်တွေ့လိုက်တဲ့အချိန်မှာ နောင်တစ်ချိန်ကျရင် ကျွန်တော်ဖြစ်ချင်တဲ့ ကစားဟန်ဟာ သူ့ရဲ့ပုံစံအတိုင်း ဖြစ်ရမယ်လို့ တစ်ခါတည်း စိတ်ပိုင်းဖြတ်ခဲ့တဲ့အထိပါပဲ..။ ဒါ့ကြောင့်သူ့ရဲ့ကစားပွဲတွေကို အမြဲတမ်းကြည့်ရှုပြီး ကျွန်တော်နဲ့ လိုက်လျောညီထွေဖြစ်မယ့်ပုံစံမျိုးကို ပြောင်းလဲနိုင်ဖို့ ကြိုးစားခဲ့ပါတယ်..။”



First Kit (သို့မဟုတ်) ပထမဆုံး ဘောလုံးကန်ဖိနပ်
“ကလေးဘဝတုန်းက ကျွန်တော်တို့ဇာတိမြေက Imbituta အသင်းရဲ့အကျီ ဖြစ်ပါလိမ့်မယ်..။ အခုထိလည်း သိမ်းထားတုန်းပါ..။”

First Footballing Memory
“ဘရာဇီးလ်မှာ မွေးဖွားခဲ့တဲ့သူ ဖြစ်တာနဲ့အညီ ဘောလုံးနဲ့ဖက်ပြီး မွေးလာခဲ့တယ်လို့တောင် ပြောလို့ရပါတယ်..။ နှစ်လသား အရွယ်လောက်ကစပြီး ဘောလုံးတစ်လုံးကတော့ အမြဲတမ်းအနားမှာရှိနေတယ်လို့ ပြောရမလိုပါပဲ..။ ဒါပေမယ့် ကျွန်တော့်ရဲ့စိတ်ထဲမှာ အရင်ဆုံးမှတ်မိနေတဲ့ အမှတ်တရတွေကတော့ ကလေးဘဝတုန်းက သူငယ်ချင်းတွေ..၊ မိသားစုဝင်တွေနဲ့ ကမ်းခြေမှာ ဘောလုံးကစားခဲ့တဲ့ အချိန်တွေပဲ ဖြစ်ပါတယ်..။”




First Trophy
“ဇာတိမွေးရပ်မြေက Imbituba လူငယ်အသင်းမှာ ကျွန်တော်ကစားပါတယ်..။ အဲဒီအချိန်က ကျွန်တော်တို့ရဲ့နည်းပြကို ‘Pesce’ လို့ ခေါ်ပါတယ်..။ ငါး (fish) လို့ အဓိပ္ပါယ် ရပါတယ်..။ သူ့ရဲ့ဟာသ နာမည်ပြောင်အဖြစ် ကျွန်တော်တို့ ပေးထားတဲ့ နာမည်ပါ..။ သူနဲ့အတူ လူငယ်ပြိုင်ပွဲတစ်ခုမှာ ပထမဆုံး ချန်ပီယံဆုဖလား ရရှိခဲ့ပါတယ်..။”

First Junior Team
“အဲဒီ Imbituba အသင်းပဲ ဖြစ်ပါမယ်..။ အဲဒီအသင်းမှာ သူငယ်ချင်းတွေ အများကြီး ရရှိခဲ့သလို အင်မတန်မှ ပျော်ရွှင်စရာကောင်းလှတဲ့ အချိန်တွေဖြစ်ပါတယ်..။”

First Nickname
“မရယ်နဲ့ဗျ..။ သူငယ်ချင်းတွေက ကျွန်တော့်ကို ‘ဟာဂင်ဟို (Haginho)’ လို့ နာမည်ပြောင် ခေါ်ကြပါတယ်..။ နာမည်ကျော် ရိုမေးနီးယား ကွင်းလယ်ဗိုလ်ချုပ်ဟောင်း ဂျော်ဂီ ဟာဂီ နဲ့ ခိုင်းနှိုင်းပြီး စနောက်ကြတာပါ..။”



First Game (သို့မဟုတ်) ပထမဆုံး ကြည့်ခဲ့ဖူးတဲ့ ဘောလုံးပွဲစဉ်
“ကျွန်တော် (၁၀) နှစ်သားအရွယ်တုန်းက ကြည့်ဖူးခဲ့တဲ့ ဘရာဇီးလ်နဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ ချစ်ကြည်ရေး ပွဲစဉ်ဖြစ်ပါမယ်..။”

First thing on Match Day (ပွဲကစားရမည့်နေ့တွင် ပထမဆုံး ပြုလုပ်လေ့ရှိသည့် အလေ့အကျင့်)
“ကျွန်တော်က အယူသည်းတာတွေ..၊ အဆောင်တွေ..၊ ဘာတွေမရှိပါဘူး..။ ကစားကွင်းကို ရောက်လာတာနဲ့ ကန်ရမယ့်ပွဲအပေါ်ပဲ အာရုံစိုက်ပြီး ပုံမှန်ပြုလုပ်ရမယ့်အရာတွေကိုပဲ ဆောင်ရွက်ပါတယ်..။”




First Player (ချယ်လ်ဆီးအသင်း မန်နေဂျာ ဖြစ်ခွင့်ရခဲ့မယ်ဆိုပါက ပထမဆုံး ခေါ်ယူမည့် ကစားသမား)
“ရော်နယ်လ်ဒို..!!။ သူဟာကဘရာဇီးလ် မှာ ကြီးပြင်းခဲ့တဲ့ ကျွန်တော့်ရဲ့ ကလေးဘဝတုန်းကတည်းက သူရဲကောင်းတစ်ယောက် ဖြစ်ခဲ့သလို ဂိုးသွင်းအဆုံးသတ်တဲ့ အပိုင်းမှာလည်း သူမတူအောင် ထူးချွန်တဲ့သူပါ..။ ဒါ့ကြောင့်ဘယ်အသင်းမှာပဲဖြစ်ဖြစ် သူ့လိုကစားသမားမျိုးကို ထည့်သွင်းလိုက်မယ်ဆိုရင် အရမ်းကို ကောင်းမွန်လာမှာပါ..။”